Wednesday 3 September 2014

ခွဲထွက်ရေးတပ်နှင့် တိုက်ပွဲအတွင်း ယူကရိန်းတပ်သား ၁၅ ဦး ကျဆုံး

ရုရှားတပ်တွေက ကျောထောက်နောက်ခံပေးထားတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ တိုက်ပွဲ အတွင်း ယူကရိန်းစစ်သား ယူကရိန်းစစ်သား ၁၅ ဦး ကျဆုံးပြီး ၄၉ ဦး ဒဏ်ရာရသွားတယ်လို့ ယူကရိန်း စစ်တပ် ပြောခွင့်ရက စက်တင်ဘာ ၂ ရက်နေ့ မြို့တော် ကိယက်ဗ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ်။
ကုလသမဂ္ဂအေဂျင် စီတွေကတော့ ယူကရိန်းစစ်ရေး ပဋိပက္ခအတွင်း ယူကရိန်းတပ်ဖွဲ့ဝင် အယောက် ၈၀၀ အပါအဝင် လူပေါင်း ၂၆၀၀ လောက် သေ ဆုံးခဲ့ပြီးပြီ လို့ေjပာပါတယ်။

ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက “၅ လကြာ စစ်ပွဲအခြေအနေက တဖြည်းဖြည်း ပိုဆိုးလာနေတယ်၊ ရုရှားဟာ ယူကရိန်းအပေါ် ပြောင်ကျကျ ပွင့်ပွင့်လင်းလင်း ရန်လို လုပ်ဆောင်နေပြီ” လို့ စက်တင်ဘာ ၁ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

ရုရှားကတော့ ဒီပဋိပက္ခမှာ သူ့တပ်တွေ ပါဝင်မှုမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဒီဗွီဘီ 

No comments:

Post a Comment