Wednesday 3 September 2014

ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီ နှစ်ထောင်ကျော်ကို နှစ်နိုင်ငံပူးပေါင်းအဖွဲ့ ဖွဲ့၍ မြန်မာ စိစစ်လက်ခံမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းများတွင်ရှိသည့် ဘင်္ဂါလီ ၂၄၁၅ ဦး ကို နှစ်နိုင်ငံ ပူးတွဲလုပ်ငန်း အဖွဲ့ ဖွဲ့ကာစိစစ်ပြီး မြန်မာနိုင်ငံက လက်ခံသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော် ပြောဆိုချ က်ကို သမ္မတရုံးက တစ်ဆင့် စက်တင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူထားသည့် မူလေးချက်ဖြင့် စိစစ်ကာ ၂၀၀၅ ခုနှစ်က လက်ခံရန် ကျန်ရှိနေသည့် လူနှစ်ထောင်ကျော်ကို ယခုပြန်လည် လက်ခံရန် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်း အဖွဲ့ကို နှစ်လ အတွင်း ဖွဲ့စည်းမည် ဖြစ်ကြောင်း၊ အဆိုပါ ပူးပေါင်းအဖွဲ့ ဆွေနွေးပြီးမှာသာ အသေးစိတ် အချက် အလက် များ ထွက်ပေါ်လာမည် ဖြစ်ကြောင်း ၎င်းကပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်တွင် သြဂုတ်လ ၃၁ရက်နေ့က ပြုလုပ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင် ငံ နိုင်ငံခြားရေး ဒုတိယဝန်ကြီးအဆင့် ရှစ်ကြိမ်မြောက် အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် M Shahidul Haque နှင့် ဆွေးနွေးစဉ် သဘောတူညီခဲ့မှုနှင့် ပတ်သက်၍ ဦးသန့်ကျော်က ယင်းသို့ ရှင်းလင်းခြင်း ဖြစ်သည်။

“သူတို့ကို ပြန်လည် လက်ခံမယ်လို့ ၂၀၀၅ ခုနှစ်ကတည်းက အကြောင်းကြားခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ် ဘက် က အကြောင်းမပြန်လို့ ဒီကိစ္စဟာ အခုချိန်အထိ မပြီးပြတ်သေးတာ ဖြစ်ပါတယ်” ဟု ၎င်းကပြော ကြားသည်။ လက်ခံရန် ပြောဆိုထားမှု နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်၍ မွေးဖွား၊ သေဆုံးမှု စာရင်းများကို ထပ်မံစိစစ်မည် ဖြစ်ကြောင်း ဦးသန့်ကျော်က ဆိုသည်။ ယင်းအပြင် နယ်စပ်လုံခြုံရေး ကိစ္စအတွက် နှစ်နိုင်ငံ အာဏာပိုင်များအကြား ပုံမှန်ဆွေးနွေးရန်၊ အပြန်အလှန် ထိတွေ့ဆက်ဆံရန် သဘောတူခဲ့ပြီး နယ်စပ် ဆက်ဆံရေးရုံးများ အပြန်အလှန် ဖွင့်လှစ်ရေး နားလည်မှုစာချွန်လွှာ (မူကြမ်း) ကို မြန်မာဘက်မှ ဘင်္ဂလားေ ဒ့ရှ် ဘက်သို့ ပေးအပ်ကြောင်း ၎င်းက ပြောကြားသည်။

နယ်စပ်တစ်လျှောက်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများကို ထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါးနဲ့ နယ်စပ်ဖြ တ်ကျော် မှုခင်းများ ထိန်းချုပ်ရေး၊ လူဝင်မှုဆိုင်ရာ ကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍ၊ ကုန်သွယ်ရေးနှင့် ခရီးသွား လာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ကာကွယ်ရေး စသည်လည်း ဆွေးနွေးခဲ့ကြောင်း ဦးသန့်ကျော် က ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment