Wednesday 3 September 2014

Telenor ဆင်းကတ် ပြည်ပသို့ သယ်ဆောင်အသုံးပြုနိုင်

ဆင်းကတ်များ စတင်ရောင်းချိန်တွင် ပြည်ပသို့သယ်ဆောင်အသုံးပြုနိုင် မည့်ဝန်ဆောင်မှု ပါဝင်မည်ဖြစ် ပြီး ခေါ်ဆိုခနှုန်းထားများကိုပါ ကြေညာပေးသွားမည်ဟု Telenor မြန်မာမှ သိရသည်။ ”ဝန်ဆောင်မှုနှုန်းထားတွေနဲ့ ပတ်သက်ပြီး စက်တင်ဘာလမှာ ကြေညာပေးသွား မှာပါ။ လတ်တလော အခြေအနေ အရတော့ ဘယ်နိုင်ငံတွေ Roaming ရမလဲ။ ခေါ်ဆိုခ ဘယ်လောက် ဖြစ်မလဲဆိုတာ မပြောနိုင်သေး ပါဘူး” ဟု Telenor မြန်မာမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာလတွင် စတင်မည် ဖြစ်သော်လည်း ယင်းလနောက်ဆုံး အပတ်မှ သာဝန်ဆောင်မှုပေးနိုင် မည် ဖြစ်ကြောင်း တာဝါတိုင်တည်ဆောက်မှုအပိုင်း စိတ်တိုင်း မကျခြင်းကြောင့် ဖြစ်ကြောင်း၊ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောသည်။ ”အဆောက်အအုံ ပါမစ်ရရှိဖို့ အခက်အခဲတွေရှိနေ ပါတယ်။ ဒါ့ကြောင့် အချိန်နောက်ကျနေတာပါ” ဟု ၎င်းက ဆက်ပြောသည်။ ပြည် တွင်း ဖုန်းခေါ် ဆိုခ နှုန်းထားများကိုမူ မည်သည့်ကွန်ရက်ကိုမဆို ခေါ်ဆိုမည် ဆိုပါက ၂၅ ကျပ်နှုန်းထက် မပို သည့်နှုန်း သတ်မှတ်ထားကြောင်း 2G? 3G  စနစ်ပါသည့် ဆင်းကတ်များ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း မည်သည့် ဟန်းဆက်မဆို Telenor ဆင်းကတ်များ အသုံးပြုနိုင် မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဆင်းကတ် သန်းပေါင်းများစွာရောင်းချပေးမည်ဖြစ်ပြီး ဆိုင်တိုင်းတွင် ဆင်းကတ်ပြတ်လပ်ခြင်းမရှိစေ ရန် ရောင်း ချပေးမည်ဖြစ်ကြောင်း၊ ရောင်းချမည့် အစီအစဉ် များကို လည်း မိတ်ဆက်မည့်နေ့တွင် ထုတ်ဖော်ပြောကြား သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ မိုဘိုင်းဝန်ဆောင်မှုများ အပြင် ပြည် ပနိုင်ငံများသို့ ဖုန်းမှ တစ် ဆင့် ငွေလွှဲနိုင်မည့်ဝန်ဆောင်မှုများကိုလည်း လုပ်ဆောင် သွားရန်ရှိကြောင်း၊ ဖုန်းဟန်းဆက်များကိုလည်း သင့်တင့်သောနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ဟန်းဆက် ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် နော်ဝေအခြေစိုက်ဆက်သွယ်ရေး ကုမ္ပဏီ Telenor  မြန်မာသည် ကနဦးအနေဖြင့် ဆင်းကတ် များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ ကြီး သုံးမြို့ကို စတင်ရောင်းချသွားမည်ဖြစ်ပြီး ယင်းနောက် အခြားမြို့များကို ဆက်လက်ရောင်းချပေးမည်ဟု သတင်းများထုတ်ပြန်ထားသည်။

Popular Journal

No comments:

Post a Comment