Wednesday 3 September 2014

အမျိုးသမီးသီးသန့်ယာဉ်များ ပြန်လည်ပြေးဆွဲလိုပါက အမြန်ဆုံးဆောင်ရွက်ပေး မည် ဟု ၀န်ကြီးပြော

Photo: အမျိုးသမီးသီးသန့်ယာဉ်များ ပြန်လည်ပြေးဆွဲလိုပါက အမြန်ဆုံးဆောင်ရွက်ပေး မည် ဟု ၀န်ကြီးပြော
Wenesday, September 3, 2014

စီးနင်းသူနည်းပါးသဖြင့်ရပ်နားထားသည့် အမျိုးသမီးသီး သန့်ယာဉ်များ ပြန် လည်ပြေးဆွဲလို ကြောင်း ယာဉ်ပိုင်ရှင်များတင်ပြ လာပါက အစိုးရက အမြန်ဆုံးပြေး ဆွဲနိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။

စက်တင်ဘာ ၂ ရက်တွင် ပြု လုပ်သည့် ရန်ကုန်တိုင်းလွှတ် တော်၌ ယာဉ်ပိုင်ရှင် များက အမျိုးသမီးသီးသန့်ယာဉ်များကို ရုံးချိန်အတွင်း ပြေးဆွဲလိုကြောင်း တင်ပြ လာမှုများရှိသဖြင့် တိုင်းဒေ သကြီး အစိုးရအဖွဲ့က ကန့်ကွက်ရန် ရှိ၊ မရှိ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက မေးမြန်းရာ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် ဘတ်စ်ကား များကို အသုံးပြုပြီး သွားလာနေရ သည့် ခရီးသည်နေ့ စဉ်နှစ်သန်း ကျော်ရှိပြီး ထက်ဝက်ခန့်မှာ အမျိုး သမီးများဖြစ်သည့်အတွက် အမျိုး သမီးများ၏ ကာယိနြေ္ဒကို စောင့် ရှောက်ရန် အခြားသော နိုင်ငံများကဲ့သို့ အမျိုးသမီးသီးသန့်ဘတ်စ်ကားများ စီစဉ်ပေးရန် ဒေါက်တာ ဒေါ်ညိုညိုသင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့ပြင် ယာဉ်ပိုင်ရှင်အချို့နှင့် အမျိုးသမီးသီးသန့် ယာဉ်များပြေး ဆွဲပေးရန် ဆွေးနွေးရာတွင် ယာဉ် ပိုင်ရှင်အချို့က ပြေးဆွဲလိုကြောင်း တင်ပြထားသည်ဟုလည်း ၎င်းဆိုသည်။

အမျိုးသမီးသီးသန့်ယာဉ် များသည် မိသားစုများအတူတကွ ခရီးသွားရာတွင် အခက် အခဲတွေ့ ရကြောင်း၊ အမျိုးသမီးများအနေ ဖြင့်လည်း သီးသန့်ကား စီးရာတွင် အချိန်စောင့်ဆိုင်းစီးနင်းရသည့် အဖြစ်များရှိသည့်အပြင် စီးနင်း သူနည်းပါးသဖြင့် ယာဉ်လိုင်းများ အနေဖြင့် ၀င်ငွေနည်းပါးမှုကြောင့် ခြောက် လခန့်ပြေးဆွဲပြီး နောက် ပြေးဆွဲခြင်းကို ရပ်နားခဲ့သည်ဟု ၀န်ကြီး ဦးအောင်ခင်က လွှတ်တော်သို့ ပြောသည်။

  ပြီးခဲ့သည့် ၂၀၁၂ နှစ် ဆန်းပိုင်းမှစတင်ကာ ရန်ကုန်မြို့ တွင် မဟာဗန္ဓုလ သယ်ယူ ပို့ ဆောင် ရေး ပါရမီယာဉ်လိုင်းမှ အထူးယာဉ်လိုင်း ငါးလိုင်းကို ရုံးဆင်းရုံးတက်ချိန်များ၌ အမျိုး သမီးသီးသန့်ယာဉ်များအဖြစ် ပြေးဆွဲခဲ့သည်။

7Day DAILY 

ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှ ခရီးသွားများကိုတွေ့ရစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှ ခရီးသွားများကိုတွေ့ရစဉ် 
စီးနင်းသူနည်းပါးသဖြင့်ရပ်နားထားသည့် အမျိုးသမီးသီး သန့်ယာဉ်များ ပြန်လည်ပြေးဆွဲလို ကြောင်း ယာဉ် ပိုင်ရှင်များတင်ပြလာပါက အစိုးရက အမြန်ဆုံးပြေးဆွဲနိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။
စက်တင်ဘာ ၂ ရက်တွင် ပြု လုပ်သည့် ရန်ကုန်တိုင်းလွှတ် တော်၌ ယာဉ်ပိုင်ရှင်များက အမျိုးသမီး သီးသန့် ယာဉ်များကို ရုံးချိန်အတွင်း ပြေးဆွဲလိုကြောင်း တင်ပြလာမှုများရှိသဖြင့် တိုင်းဒေ သကြီး အစိုးရအဖွဲ့က ကန့်ကွက်ရန် ရှိ၊ မရှိ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက မေးမြန်းရာ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် ဘတ်စ်ကား များကို အသုံးပြုပြီး သွားလာနေရ သည့် ခရီးသည်နေ့စဉ်နှစ်သန်း ကျော်ရှိပြီး ထက်ဝက်ခန့်မှာ အမျိုး သမီးများဖြစ်သည့်အတွက် အမျိုး သမီးများ၏ ကာယိနြေ္ဒကို စောင့် ရှောက်ရန် အခြားသော နိုင်ငံများကဲ့သို့ အမျိုးသမီးသီးသန့်ဘတ်စ်ကားများ စီစဉ်ပေးရန် ဒေါက်တာ ဒေါ်ညိုညိုသင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့ပြင် ယာဉ်ပိုင်ရှင်အချို့နှင့် အမျိုးသမီးသီးသန့် ယာဉ်များပြေး ဆွဲပေးရန် ဆွေးနွေးရာတွင် ယာဉ် ပိုင်ရှင်အချို့က ပြေးဆွဲလိုကြောင်း တင်ပြထားသည်ဟုလည်း ၎င်းဆိုသည်။

အမျိုးသမီးသီးသန့်ယာဉ် များသည် မိသားစုများအတူတကွ ခရီးသွားရာတွင် အခက်အခဲတွေ့ ရကြောင်း၊ အမျိုးသမီး များအနေ ဖြင့်လည်း သီးသန့်ကားစီးရာတွင် အချိန်စောင့်ဆိုင်းစီးနင်းရသည့် အဖြစ်များရှိသည့် အပြင် စီးနင်း သူနည်းပါးသဖြင့် ယာဉ်လိုင်းများ အနေဖြင့် ၀င်ငွေနည်းပါးမှုကြောင့် ခြောက်လခန့်ပြေး ဆွဲပြီး နောက် ပြေးဆွဲခြင်းကို ရပ်နားခဲ့သည်ဟု ၀န်ကြီး ဦးအောင်ခင်က လွှတ်တော်သို့ ပြောသည်။

  ပြီးခဲ့သည့် ၂၀၁၂ နှစ် ဆန်းပိုင်းမှစတင်ကာ ရန်ကုန်မြို့ တွင် မဟာဗန္ဓုလသယ်ယူပို့ ဆောင် ရေး ပါရမီယာဉ်လိုင်းမှ အထူးယာဉ်လိုင်း ငါးလိုင်းကို ရုံးဆင်းရုံးတက်ချိန်များ၌ အမျိုး သမီးသီးသန့် ယာဉ်များ အဖြစ် ပြေးဆွဲခဲ့သည်။

7Day DAILY

No comments:

Post a Comment