Wednesday 3 September 2014

တောင်ငူခရိုင်အတွင်း ကျေးရွာအုပ်စုကြီး (၄)ခုကို မြို့နယ် အဆင့်တိုးမြှင့်

တောင်ငူခရိုင်အတွင်းရှိ ကျေးရွာအုပ်စုကြီး (၄)ခုကို ပြည်ထဲဝန်ကြီးဌာန၏ ညွှန်ကြားချက် ဖြင့် မြို့နယ် အဆင့် တိုးမြှင့်သတ် မှတ်လိုက်ကြောင်း တောင်ငူမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ သတင်းရရှိသည်။
တောင်ငူမြို့နယ်တွင် ကေ တုမတီမြို့သစ်၊ ရေတာရှည်မြို့ နယ်တွင် ဆွာ၊ ဖြူးမြို့နယ်တွင် ဇေယျာဝတီနှင့် ကညွှတ် ကွင်းစ သည့် ကျေးရွာအုပ်စု (၄)အုပ်စုကို မြို့နယ်အဆင့် တိုးမြှင့်ပေးပြီး အဓိကအားဖြင့် အုပ် ချုပ်ရေး ယန္တရားကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် တိုးမြှင့်ခြင်းဖြစ်ကြောင်း တောင်ငူမြို့နယ် ထွေ/အုပ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

‘‘မြို့အဆင့်မြှင့်လိုက်တာပဲ ရှိသေးတယ်။ ရုံးနေရာတွေ၊ ၀န် ထမ်းတွေခန့်ထားဖို့ မလုပ်ရသေး ဘူး။ မြို့ဧရိယာ လည်း သတ်မှတ်ဖို့ ကျန်သေးတယ်။ ရုံးနေရာအတွက် သက်ဆိုင်ရာမြို့မိ မြို့ဖတွေနဲ့ ညှိနှိုင်း တိုင်ပင်ဖို့ လုပ်နေပါတယ်’’ဟု တောင်ငူခရိုင် ထွေ/အုပ်ရုံးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘စည်ပင်သာယာရေးရုံးက မြို့နယ်အဆင့်မှာပဲ ရုံးစိုက်တာပါ။ အဆင့်တိုးလိုက်တဲ့ မြို့နယ် ခွဲအနေနဲ့ ကတော့ သက်ဆိုင်ရာ မြို့နယ်ရုံးတွေကနေ တစ်ဆင့်မြို့ နယ်ခွဲတာဝန်ခံကိုယ်စားအဖြစ် ထားပြီး စည်ပင် သာယာရေးလုပ် ငန်းတွေကို ကြီးကြပ်သွားပါမယ်။ ကေတုမတီမြို့သစ် ကိုတော့ တောင်ငူနဲ့နီးတဲ့ အတွ က် တောင်ငူ ကနေ  ကြီးကြပ်သွားမယ်ဟု’’ တောင်ငူမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦး မြင့်လွင်က ပြောသည်။

တောင်ငူခရိုင်အတွင်းရှိ ကျေးရွာအုပ်စု (၄)ခုအပါအ၀င် ပြွန်တန်ဆာ၊ သက္ကလ၊ ပဲနွယ်ကုန်း၊ ပေါင်းတည်၊ အုန်းရှစ်ပင်၊ ပုတီးကုန်း၊ မဒေါက်၊ သုံးဆယ်၊ ဘုရားကြီးစသည့် ပဲခူးတိုင်းဒေသကြီးအတွင်း ရှိ ကျေးရွာ အုပ်စုကြီး (၁၃) ခုကို မြို့နယ်အဆင့်တိုးမြှင့်သတ်မှတ်ခဲ့ပြီး ဒု-ဦးစီးမှူးအဆင့်ရှိ  အရာရှိငယ်တစ်ဦးနှင့် ၀န်ထမ်း ၁၇ဦးပါဝင်သည့် ဖွဲ့စည်းပုံဖြင့် မြို့နယ်အုပ်ချုပ်ရေးရုံးကို ထားရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ကျေး ရွာအုပ်စု (၈၄) အုပ်စုကိုလည်း မြို့ နယ်အဆင့်သို့ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment