Wednesday 3 September 2014

ISIS များ ထိန်းချုပ်ထားသည့်နယ်မြေ အေမာလီမြို့ အတွင်းသို့ အီရတ်လုံခြုံရေး တပ်ဖွဲ့များ ထိုးဖောက် ဝင်ရောက်

Photo: ISIS များ ထိန်းချုပ်ထားသည့်နယ်မြေ အေမာလီမြို့ အတွင်းသို့ အီရတ်လုံခြုံရေး တပ်ဖွဲ့များ ထိုးဖောက် ဝင်ရောက်
Wenesday, September 3, 2014

အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရှီယိုက်ပြည်သူ့စစ် အဖွဲ့၏ အကူအညီဖြင့် ISIS သူပုန်အဖွဲ့များက နှစ်လကြာ ထိန်းချုပ်ထားသော အေမာလီမြို့ အတွင်းသို့ သြဂုတ် ၃၁ ရက်က ထိုးဖောက် ဝင်ရောက်နိုင် ခဲ့ကြောင်း ဒေသတွင်း အရာရှိများက ပြောကြားသည်။

အီရတ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ISIS သူပုန် အဖွဲ့ဝင်များကို အေမာလီမြို့၏ အရှေ့ပိုင်းအထိ တိုက်ထုတ်နိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ရှီယိုက် ပြည်သူ့စစ်အဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အဆိုပါမြို့ အတွင်း၌ နေရာယူ ထားခြင်းကြောင့် ဒေသခံများ စိတ်သက်သာရာ ရလျက် ရှိကြောင်း၊ အေမာလီမြို့ မြောက် ပိုင်းရှိ ကျေးရွာများ၌လည်း တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း ၎င်းမြို့၏ မြို့တော်ဝန်ဖြစ်သူ အဗ္ဗဒဲလ်အယ်လ်ဘာရာတီက ပြောကြားသည်။

ISIS သူပုန်အဖွဲ့က နှစ်လကြာ ထိန်းချုပ် ထားသည့် အေမာလီမြို့ အတွင်း ထိုးဖောက် ဝင်ရောက် နိုင်ခဲ့ခြင်းနှင့် သူပုန်အဖွဲ့များကို မြို့အရှေ့ပိုင်းအထိ တိုက်ထုတ် နိုင်ခဲ့ခြင်းသည် ရှီယိုက်ပြည်သူ့စစ် အဖွဲ့နှင့် အီရတ် လုံခြုံရေး တပ်ဖွဲ့တို့ ပူးပေါင်းပြီးနောက် နှစ်ဖွဲ့ စလုံး အတွက် အလွန်ကြီးမားသော အောင်မြင်မှု တစ်ရပ်ဖြစ်ကြောင်း အဗ္ဗဒဲလ်အယ်လ်ဘာ ရာတီက ထပ်လောင်း ပြောကြား သည်။

မြ၀တီ
အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရှီယိုက်ပြည်သူ့စစ် အဖွဲ့၏ အကူအညီဖြင့် ISIS သူပုန်အဖွဲ့များက နှစ် လ ကြာ ထိန်းချုပ်ထားသော အေမာလီမြို့ အတွင်းသို့ သြဂုတ် ၃၁ ရက်က ထိုးဖောက် ဝင်ရောက်နိုင် ခဲ့ကြောင်း ဒေသတွင်း အရာရှိများက ပြောကြားသည်။
အီရတ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ISIS သူပုန် အဖွဲ့ဝင်များကို အေမာလီမြို့၏ အရှေ့ပိုင်းအထိ တိုက်ထုတ်နိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ရှီယိုက် ပြည်သူ့စစ်အဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အဆို ပါမြို့ အတွင်း၌ နေရာယူ ထားခြင်းကြောင့် ဒေသခံများ စိတ်သက်သာရာ ရလျက် ရှိကြော င်း၊ အေမာလီ မြို့ မြောက် ပိုင်းရှိ ကျေးရွာများ၌လည်း တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း ၎င်းမြို့၏ မြို့တော်ဝန်ဖြစ်သူ အဗ္ဗဒဲလ်အယ်လ်ဘာရာတီက ပြောကြားသည်။

ISIS သူပုန်အဖွဲ့က နှစ်လကြာ ထိန်းချုပ် ထားသည့် အေမာလီမြို့ အတွင်း ထိုးဖောက် ဝင်ရောက် နိုင် ခဲ့ခြင်းနှင့် သူပုန်အဖွဲ့များကို မြို့အရှေ့ပိုင်းအထိ တိုက်ထုတ် နိုင်ခဲ့ခြင်းသည် ရှီယိုက်ပြည် သူ့စစ် အဖွဲ့နှင့် အီရတ် လုံခြုံရေး တပ်ဖွဲ့တို့ ပူးပေါင်းပြီးနောက် နှစ်ဖွဲ့ စလုံး အတွက် အလွန်ကြီးမားသော အောင်မြင်မှု တစ်ရပ်ဖြစ်ကြောင်း အဗ္ဗဒဲလ်အယ်လ်ဘာ ရာတီက ထပ်လောင်း ပြောကြား သည်။

မြ၀တီ

No comments:

Post a Comment