Wednesday 3 September 2014

IS ဟု ကြေညာသောအဖွဲ့က နောက်ထပ် အမေရိကန်ဂျာနယ်လစ် တစ်ဦးကို ခေါင်းဖြတ်


IS စစ်သွေးကြွများဟု ကြေညာထားသည့် အဖွဲ့က နောက်ထပ် အမေရိကန် ဂျာနယ် လစ်တစ်ဦး ခေါင်းဖြတ် သတ်လိုက်သည့် ဗီဒီယိုသည် စက် တင်ဘာ ၂ ရက်က အွန်လိုင်းတွင် ထွက်ပေါ်လာခဲ့ သည်။
 
အဆိုပါ ဗီဒီယိုတွင် လန်ဒန်မြို့သားလေယူလေသိမ်းဖြင့် ပြောကြားသူ မျက်နှာဖုံး စွပ်တစ်ဦးက ဖမ်းဆီး ထားသော ဗြိတိန်နိုင်ငံသားတစ်ဦးကို ထပ်မံသတ်မည်ဟု ခြိမ်းခြောက်ထားသည်။

အသက် ၃၁ အရွယ် အမေရိကန်သတင်းထောက် စတီဗင် ဆော့တ်လော့ဖ်အား လိမ္မောရောက်ဝတ်စုံ ကို ၀တ်ဆင်ပေးထားပြီး သဲကန္တာရ တစ်ခုအတွင်း ရှိ မြေပြင်ပေါ် တွင် ဒူးထောက်လျက် ရိုက်ကူးထား သည့် ပုံအား SITE ရုပ်သံ တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဆော့တ်လော့ဖ်သည် မီယာမီမြို့တွင် မွေးဖွာသူတစ်ဦးဖြစ်ပြီး တိုင်းမ်းမဂ္ဂဇင်း၊ Foreign Policy နှင့် အခြား သတင်းဌာနများ အတွက် ရေးသားပေးနေ သူ တစ်ဦးဖြစ်သည်။

မျက်နှာဖုံးစွပ်ထားသော အဆိုပါ စစ်သွေးကြွက အီရတ်နှင့် ဆီးရီးယားတွင် ဘာသာရေးစစ်ပွဲ ဆင်နွှဲနေ သည့် ဆွန်နီ IS အဖွဲ့အား လေကြောင်းမှ တိုက်ခိုက်နေခြင်းကို ရှုတ်ချခဲ့ပြီး ဆော့တ်လော့ဖ် ၏ ဦးခေါင်း အား ဖြတ်တောက်ခဲ့သည်။ ၎င်းတို့က နောက်ထပ် သတ်ဖြတ်မည့် ဗြိတိန်နိုင်ငံသား၏ အမည်ကိုလည်း စာတမ်း ထိုး ဖော်ပြခဲ့သည်။

IS စစ်သွေးကြွများက သြဂုတ်လအတွင်းကလည်း အသက် ၄၀ အရွယ် အမေရိကန်ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေး ကို ခေါင်းဖြတ်သတ်ခဲ့သည်။ ယခုနောက်ဆုံးထွက်ပေါ်လာသည့် ဗီဒီယိုမှတ်တမ်းသည် အစစ် အမှန် ဟုတ်မဟုတ်ကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အမေရိကန်နိုင် ငံခြားရေးဝန်ကြီးဌာနမှ ယန်ပီဆာကီ က ပြောကြားသည်။

ဆော့တ်လော့ဖ်က သမ္မတအိုဘားမား၏ မူဝါဒအတွက် မိမိအနေဖြင့် တန်ဖိုးကြီးစွာ ပေးဆပ် ခဲ့ရပြီဖြစ် ကြောင်း အဆိုပါ ဗီဒီယို တွင် ပြောကြားခဲ့သည်။

ဆော့တ်လော့ဖ်သည် ၂၀၁၃ ခုနှစ်၊ သြဂုတ် ၄ ရက်က ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ဖမ်းဆီး ခံခဲ့ရ ခြင်းဖြစ် သည်။

၎င်းဖမ်းဆီးခံထားရခြင်းကို မိသားစုက ပြီးခဲ့သည့်လတွင် ထုတ်ဖော်ပြောကြား ခဲ့ပြီး လွတ်မြောက်ရေး အတွက် ၀ိုင်း ၀န်းလုပ်ဆောင်ပေးရန် မီဒီယာမှတစ်ဆင့် မေတ္တာရပ်ခံခဲ့သည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment