Wednesday 3 September 2014

တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာဂျရီလုပ်ကာ စပွန်ဆာရှာခြင်း၊ စပွန်ဆာများ အား ဧည့်ခံပေးခြင်းနှင့် အဖော်လုပ်ပေးခြင်းတို့ စေခိုင်းမှုများကြောင့် ကိုရီး ယားနိုင်ငံ မှ ပြန်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအဖွဲ့အစည်းမှ တောင်းပန်ရ မည် ဖြစ်ကြောင်း မူရင်းအသက် ၁၅ နှစ်သာ ရှိသေးသော မေမြတ်နိုး ရှင်းလင်း


တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာဂျရီလုပ်ကာ စပွန်ဆာရှာခြင်း၊ စပွန်ဆာများကို ဧည့်ခံပေးခြင်းနှင့် အဖော် လုပ်ပေးခြင်းတို့ကို စေခိုင်းမှုများကြောင့် ကိုရီးယားနိုင်ငံ မှ ပြန်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအဖွဲ့အစည်း မှ တောင်းပန် ရမည်ဖြစ်ကြော င်း မူ ရင်း အသက် ၁၅ နှစ်သာရှိသေးသော မေမြတ်နိုးက ရှင်းလင်းခဲ့သည်။ Miss Asia Pacific World Organization အနေဖြင့် မေမြတ်နိုးနှင့် မြန်မာနိုင်ငံ ကို တောင်းပန်စာ တရားဝင်ပေးပို့မှသာ Miss Asia Pacific World Organization ထံသို့ သရဖူကို ပြန်လည်ပေးအပ် သွား မည်ဖြစ်ကာ ယင်းသို့ တောင်းပန်ခြင်းမပြုခဲ့ပါက တရားစွဲဆိုသွား မည်ဖြစ်ကြောင်း စက်တင်ဘာ ၂ ရက် တွင် ပြု လုပ်ခဲ့သည့် မီဒီယာ များ နှင့်တွေ့ဆုံ ပွဲတွင် မေမြတ်နိုးက ရှင်းလင်းပြောကြားခဲ့သည်။

 
အဆိုပါ မီဒီယာများနှင့်တွေ့ဆုံမှုတွင် နိုင်ငံတကာမီဒီယာများနှင့် ပြည်တွင်းမှ မီဒီယာများ တက်ရောက် ခဲ့ကြပြီး မေမြတ်နိုးနှင့် သူ၏ မိခင်တို့က Miss Asia Pacific World  ပြိုင်ပွဲစတင်ယှဉ်ပြိုင်စဉ်ကတည်းကပင် ကြုံ တွေ့ခဲ့ရသည့်အခက်အခဲများနှင့် သရဖူရရှိခဲ့ပြီးချိန်တွင်လည်း National Director ၏ခြိမ်းခြောက်မှု များနှင့် အကျပ်ကိုင်မှုများခံရပုံကို ရှင်းလင်းခဲ့သည်။ ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားချိန်မှစတင်ကာ Miss Asia Pacific World Organization မှ ပြုမူဆက်ဆံခဲ့ပုံများ၊ အကျပ်ကိုင်စေခိုင်းခဲ့မှုများ၊ တောင်းဆိုခဲ့မှု များကို တစ်ချက်ချင်း ရှင်းလင်းတင်ပြခဲ့သည်။ ယင်း Organization က စပွန်ဆာများအတွက် အဖော် လုပ်ပေး ရန် ပြောဆိုခဲ့ခြင်း၊ ခေါင်းအစခြေအဆုံး ပလတ်စတစ်ဆာဂျရီပြုလုပ်ရန် တောင်းဆိုခဲ့ခြင်း၊ မိခင်ဖြစ် သူ အား မြန် မာနိုင် ငံ သို့ပြန်စေ ပြီး မိမိတစ်ဦးတည်းကျန်ရှိကာ စပွန်ဆာများနှင့် တွေ့ဆုံရမည်ဟု ပြောဆို ခဲ့သောကြောင့် မြန်မာနိုင်ငံသို့ပြန်လာရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

“ဒီပြိုင်ပွဲကို စပြီးယှဉ်ပြိုင်ကတည်းက National Director တွေက စိတ်ဓာတ်ကျစရာ စကားတွေပြောတယ်။ ဆုရသွားတဲ့အခါမှာလည်း organization နဲ့အနုပညာအလုပ်လုပ်ဖို့ သုံးနှစ်စာချုပ် ချုပ်ဆိုရမယ်လို့ ပြောခဲ့ပါ တယ်။ သမီးက ပညာရေးရှိပါသေးတယ်လို့ ပြောတဲ့အခါ သုံးနှစ်စာချုပ် မချုပ်ရင် သရဖူကို ပြန်သိမ်းသွား လိမ့်မယ်လို့ ပြောဆိုခဲ့တဲ့အတွက် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်မှာပါဝင်တဲ့အချက်အလက်တွေကို ဖတ်ကြည့်ရာ မှာလည်း သမီးအနေနဲ့ သူတို့နိုင်ငံမှာအနုပညာအလုပ်တွေ လုပ်ကိုင်ရာမှာ စားစရိတ်၊ နေ စရိတ် အစစအရာရာ ပံ့ပိုးကူညီမယ်ဆိုတဲ့အပြင် သမီးရဲ့လုံခြုံရေးကိုပါ အပြည့်အဝပြင်ဆင်ပေးပါ့မယ် ဆိုတာပါ ပါတယ်။ ဒါကြောင့် လက်ခံခဲ့တာပါ။ ဒီပြန်ရောက်လာတဲ့အခါ National Director က မီဒီယာတွေမှာ သမီးရဲ့မကောင်းကြောင်းတွေ ပြောဆိုခဲ့တယ်။ အဲဒီအချိန်မှာ Organization ဘက်က National Director က သမီးရဲ့မကောင်းကြောင်းတွေကို Report တွေ ဆက်တိုက်လုပ်နေကြောင်းနဲ့ သူတို့ အနေနဲ့ သမီးကိုပဲယုံကြည်ကြောင်း၊ National Director တွေနဲ့ အဆက်အသွယ်ဖြတ်ပါလို့ ပြောဆိုခဲ့ ပါတယ်။ အဲဒါနဲ့ National Director တွေနဲ့ အဆက်အသွယ်ဖြတ်ခဲ့ပါတယ်။ ကိုရီးယားကိုသွားဖို့ လုပ်ခဲ့ တယ်။ သမီးက အသက်မပြည့်သေးတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် အုပ်ထိန်းသူမိခင် လိုက်ပါဖို့လိုအပ် တာကြောင့် သူတို့ဘက်က သမီးရဲ့မိခင်လိုက်ပါနိုင်ဖို့ ဖိတ်ခေါ်စာပို့ပေးခဲ့ပါတယ်။ ဒီဖိတ်ခေါ်စာတွေနဲ့ ကိုရီးယားသံရုံးမှာ ဗီဇာလျှောက်တဲ့အခါ သုံးလနေထိုင်ခွင့်ဗီဇာ ရခဲ့ပါတယ်။ ဟိုရောက်တဲ့အခါ မူလစာချုပ်နဲ့ ဖိတ်ကြားစာမှာပါတဲ့အတိုင်း ဘာမှစီစဉ်ပေးမထားပါဘူး။ K Pop Girl Bandလည်း မဖွဲ့ဖြစ်တော့ ဘူးလို့ ပြောပါတယ်။ လှပအောင်ပဲ အရင်လုပ်ရမယ်။ အဲဒီအတွက် တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာဂျရီ လုပ်ရမယ်။ ပြီးရင် စပွန်ဆာတွေရှာရမယ်။ အဲဒီ စပွန်ဆာတွေကို ဧည့်ခံပေးရမယ်။ အဖော်လုပ်ပေးရမယ် လို့ ပြောပါတယ်။ သမီးအနေနဲ့ စဉ်းစားပါရစေဦးလို့ပဲ ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘူဆန်မြို့စွန်က ပလတ်စတစ်ဆာဂျရီ လုပ်တဲ့ အိမ်ဟောင်းကြီးတစ်ခုကို ပို့ခဲ့ပါတယ်။ သမီးအနေနဲ့ အသက်မပြည့်သေးတဲ့ အတွက် ဒီလိုခွဲစိတ်ဖို့ကို မဖြစ်နိုင်သေးပါဘူး။ အုပ်ထိန်းသူမိခင်ကလည်း လက်ခံနိုင်မှာမဟုတ်ပါ ဘူးလို့ ပြောတဲ့အခါ ဒါဆိုဘာထောက်ပံ့မှုမှ မပေးတော့ဘူးလို့ပြောပြီး အဲဒီနေရာမှာသမီးတို့ သား အမိနှစ်ယောက် ကို ထားခဲ့ပါတယ်။ သမီးမေမေကိုလည်း ကိုရီးယားမှာဆက်မနေဖို့၊ မြန်မာနိုင်ငံကိုပြန်ဖို့နဲ့ သမီးကို စပွန်ဆာတွေနဲ့တွေ့ဆုံပေးဖို့ အစီအစဉ်တွေ ရှိနေသေးတယ်။ မေမေရှိနေရင် အဆင်မပြေနိုင် ဘူးလို့ ပြောပါတယ်။ ဂျပန်နိုင်ငံထိပါ စပွန်ဆာရှာဖို့အတွက် ခရီးထွက်ရမယ်။ အဲဒီမှာ ဗီဇာထပ်တိုး ရမယ်လို့ပြောပါတယ်။ သူတို့ပြောတဲ့အချက်တွေအားလုံးက သမီးလုံးဝ လက်မခံနိုင်ပါဘူး။ အဲဒါနဲ့ပဲ မြန် မာနိုင်ငံပြန်ဖို့ ဆုံးဖြတ်ချက်ကို ချလိုက်ရတာပါ။ လေယာဉ်ကွင်းရောက်ဖို့ ကိုတောင် ဟိုမှာရောက်နေတဲ့ မြန် မာ တစ်ယောက်က ကူညီခဲ့ တာပါ”ဟု ဖြစ်စဉ်အသေးစိတ်အား မေမြတ်နိုးက ရှင်းပြခဲ့သည်။

ဆက်လက်၍ သရဖူသိမ်းယူခဲ့ခြင်းနှင့် ပတ်သက်၍လည်း မေမြတ်နိုးနှင့် မိခင်တို့ လေယာဉ်ပေါ်ရောက် သည့် အချိန်မှသာ သရဖူရုပ်သိမ်းကြောင်း ထုတ်ပြန်ချက်ကို ကြေညာ ခဲ့ခြင်းဖြစ်ကြောင်း၊ ကြေညာချက် တွင်လည်း မြန်မာနိုင်ငံသို့ မိမိပြန်လည်ရောက်ရှိမှသာ National Director ထံ သရဖူပြန်လည်အပ်နှံ ရန် ရေးသားထားကြောင်း၊ ယင်းအတွက် ၎င်း Organization မှ စွပ်စွဲပြောဆိုခဲ့သည့် သရဖူအား ခိုးယူသွားသည် ဆိုခြင်းမှာ မိမိနှင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကိုစော်ကားခြင်း သာဖြစ်ကြောင်း၊ မြန်မာ ကိုယ်စားပြု အလှမယ်တစ်ဦး၏ ဂုဏ်သိက္ခာကို ရိုက်ချိုးခဲ့သည့် Organization မှ ပေးအပ်သော သရဖူကိုလည်း မိမိအနေဖြင့်မလိုချင်ပါကြောင်း၊ ချက်ချင်းပင် ပြန်လည်ပေးအပ်လိုကြောင်း၊ မြန်မာနိုင်ငံနှင့် မိမိ၏ ဂုဏ်သိက္ခာကို စော်ကားခဲ့ခြင်းအတွက် Organization မှ တောင်းပန်စာပေးပို့မှသာလျှင် သက်ဆိုင်ရာ တာဝန်ရှိများ၏ရှေ့တွင် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက တရားစွဲဆို သွားမည်ဖြစ်ကြောင်း၊ ရှေ့ဆက်၍လည်း Miss Asia Pacific World Organization နှင့်ရော National Director နှင့်ပါ ဆက်လက်လက်တွဲမည် မဟုတ်ကြောင်း ပြောကြားသည်။

ထို့အပြင်ယင်း Organization အနေဖြင့် ယခင်ကလည်း  အလှမယ်များနှင့်ပြဿနာ ဖြစ်ပွားခဲ့ဖူးကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင် Winner ရရှိခဲ့သည့် ကိုရီးယားအလှမယ်မှာ ယင်းကဲ့သို့ စပွန်ဆာများနှင့် ချိတ်ဆက်ပေးခြင်းအား လက်မခံနိုင်သည့်အတွက် သရဖူပြန်လည်အပ်နှံခဲ့ကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင်လည်း ပြိုင်ပွဲမှအလှမယ်များ ထွက်ပြေးခဲ့သည့် ဗီဒီယိုဖိုင်မှာ အွန်လိုင်းပေါ်တွင်ပျံ့နှံ့ခဲ့ဖူးကြောင်း၊ ယင်းကိစ္စရပ်များကို ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ခြင်းမပြုမီ မသိရှိခဲ့ကြောင်း မေမြတ်နိုးက ဆိုသည်။

Miss Asia Pacific World Organization ကစွပ်စွဲပြောကြားခဲ့သည့် ရင်သားခွဲစိတ်မှုပြုလုပ်ခဲ့သည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ ခွဲစိတ်မှုလုံးဝပြုလုပ်ခဲ့ခြင်းမရှိကြောင်း၊ သူနာပြုထံမှ ပိုက်ဆံချေးယူခဲ့ခြင်းမှာလည်း လုံးဝမဟုတ်မှန်ကြောင်းကို မေမြတ်နိုးက ရှင်းလင်းခဲ့သည်။ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ မေမြတ်နိုးတွင် ရင်သားခွဲစိတ်ပြုပြင်မှုပြလုပ်ထားသည့် ပုံသဏ္ဍာန်မျိုး တွေ့မြင်ရခြင်းမရှိကြောင်း ရှင်းလင်းပွဲသို့တက်ရောက်ခဲ့သူအချို့က သုံးသပ်ပြောကြားသည်။

မေမြတ်နိုး၏ မွေးသက္ကရာဇ်အမှန်မှာ ၁၉-၁ဝ-၁၉၉၈ ဖြစ်ကြောင်း၊ ၎င်းအချက်အလက်အမှန်ကို National Director ကို ပြိုင်ပွဲမဝင်ခင်တွင်ပင် ပြသခဲ့ကြောင်း၊ ပြိုင်ပွဲလျှောက်လွှာများကို National Director ကပင် ဖြည့်ပေးခဲ့ကြောင်း၊ ပြိုင်ပွဲစည်းကမ်းမှာ အသက် ၁၈ နှစ်ဟုဆိုသဖြင့် National Director အား မေးမြန်းခဲ့ရာ စိတ်မပူရန်နှင့် ၎င်းတို့သိက္ခာမကျစေရန် ဆက်လက်ယှဉ်ပြိုင်ပါဟုပြောဆိုခဲ့ကြောင်း၊ ယင်း အတွက် မိမိအနေဖြင့် သက္ကရာဇ်မှားယွင်းနေမှုကို ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ခြ င်းဖြစ်ကြောင်း မေမြတ်နိုး က ရှင်းလင်းခဲ့သည်။

မေမြတ်နိုးက ယခုကိစ္စရပ်တွင် ၎င်းနှင့် မြန်မာနိုင်ငံကိုစော်ကားကာ သိက္ခာချခဲ့ခြင်းဖြစ်သည့်အတွက် အရှုံးပေး ရန် မလိုအပ်ကြောင်း၊ ယင်းအတွက်အဆိုပါ Organization က တောင်းပန်စာပေးပို့မှသာ သရဖူပြန်လည်အပ်နှံမည်ဖြစ်ပြီး တောင်းပန်စာပေးပို့ခြင်းမရှိပါက တရားစွဲဆိုသွားမည်ဟု ပြောကြားခဲ့သည်။

Eleven Medai Group

No comments:

Post a Comment