Wednesday 3 September 2014

လူဦးရေစစ်ဆေးသော တာဝန်ရှိသူများကို ဘင်္ဂါလီသုံးရာက ရန်ရှာသဖြင့် သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရ

မောင်တောမြို့နယ် လောင်းဒုံကျေးရွာအုပ်စု ကျွန်း ဂေါင်းကျေးရွာတွင် အိမ်ထောင်စု လူဦးရေ စာရင်း ၀င်ရောက် စစ်ဆေးသော တာဝန်ရှိသူများကို ဘင်္ဂါလီလူမျိုးသုံးရာခန့်က ၀ိုင်းဝန်းရန်ရှာမှုကြောင့် လုံခြုံရေး တပ်ဖွဲ့က သေနတ် ၁၃ ချက် မိုးပေါ်ထောင်ပစ် ဖောက်လူစုခွဲခဲ့ရကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်း ရရှိသည်။
ရဲတပ်ဖွဲ့နှင့် မတရားဝင် ရောက်လာသူများကာကွယ်ရေး အဖွဲ့(မကဖ) တို့မှ အရာရှိနှစ်ဦးပါအင်အား ၁၂ ဦးတို့သည် လောင်းဒုံ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သြဂုတ် ၂၉ ရက်က အိမ်ထောင်စု လူဦးရေစာရင်း ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည်။

ယင်းသို့စစ်ဆေးနေစဉ် ဘင်္ဂါလီလူမျိုး ၄၀ ခန့်က အော်ဟစ်ဆဲဆိုခဲ့သောကြောင့် ကျေးရွာအုပ် ချုပ်ရေးမှူးက ဟန့်တားခဲ့ရသည်။ ညနေအချိန်အထိ ရွာသူရွာသားများက လာရောက်အစစ်ဆေးခံ ခြင်း မရှိသောကြော င့် နေအိမ်သုံးအိမ်သို့တာဝန်ရှိသူများက ၀င် ရောက်စစ်ဆေးခဲ့ရာမှ ရန်ပြုခြင်းများ စတင် ခဲ့ကြောင်း ရခိုင်ပြည် နယ် အစိုးရအဖွဲ့က သတင်းထုတ် ပြန်သည်။

ယင်းနေအိမ်များသို့ ၀င် ရောက်စစ်ဆေးစဉ် ဘင်္ဂါလီလူ မျိုးအမျိုးသမီးတစ်ဦးက ရဲတပ်ဖွဲ့ ၀င်တစ်ဦးကို ဓားဖြင့် ၀င်ရောက် ခုတ်ခဲ့ရာ အချိန်မီရှောင်တိမ်း လိုက်နိုင်သောကြောင့် ဒဏ်ရာ မရရှိခဲ့သော်လည်း အနီး ပတ်ဝန်း ကျင်ရှိ ရွာသူ၊ ရွာသား ၃၀၀ ခန့် က ဓား၊ လှံ၊ လက်နက်များကိုင် ဆောင်ဝိုင်းရံလာသဖြင့် လုံခြုံရေး တပ်ဖွဲ့က သေနတ်မိုးပေါ်ထောင် ၍(၁၃)ချက်သတိပေးခြောက်လှန့် ပစ်ဖောက်ခဲ့ရသည်ဟု ဆိုသည်။

ထို့နောက်မလိုလားအပ် သော ပြဿနာများ မဖြစ်ပွားစေ ရန် လောင်းဒုံရဲစခန်းသို့ ပြန် လည်ပူးပေါင်းပြီးနောက် ခမရ (၅၃၅) မှ ခေတ္တတပ်ရင်းမှူး ဦးစီး ၍ ကျွန်းဂေါင်းကျေးရွာဝန်းကျင် တွင် နယ်မြေရှင်းလင်း မှုများ ဆောင် ရွက် ခဲ့ကြောင်းနှင့် တိမ်း ရှောင်နေသူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်နေမှုများ ကို မောင်တောရဲတပ်ဖွဲ့သို့ ဆက် သွယ်မေးမြန်း ခဲ့ရာ ‘‘ကျွန်တော် တို့လည်း အဲဒီလိုကြားပါတယ်။ အသေးစိတ်တော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့နယ်မြေ ဆိုတော့ ပြော လို့မရပါဘူး’’ဟု မောင်တောမြို့ နယ်မှူးကဖြေဆိုသည်။

စစ်တွေမြို့ သက္ကယ်ပြင်ရွာတွင် ယမန်နှစ်ဧပြီက ဘင်္ဂါလီလူဦးရေ စာရင်းကောက်ခံခဲ့ရာဝိုင်းဝန်း ရန်ပြု မှုကြောင့် လေးဦးဒဏ်ရာရ ရှိခဲ့သည်။

7Day DAILY

No comments:

Post a Comment