Thursday 17 July 2014

ဖိလစ်ပိုင်သို့ တိုင်ဖုန်း ရမ်မာဆွန်း ဝင်မွှေ၊ လူထောင်ပေါင်းများစွာကို အရေးပေါ် ကယ်ထုတ်

Photo: ဖိလစ်ပိုင်သို့ တိုင်ဖုန်း ရမ်မာဆွန်း ဝင်မွှေ၊ လူထောင်ပေါင်းများစွာကို အရေးပေါ် ကယ်ထုတ်
Thursday, July 17, 2014 

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသသို့ ရမ်မာဆွန်းဟု အမည်ရသည့် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်ရာ လူထောင်ပေါင်း များစွာကို အရေးပေါ် ကယ်တင်ခဲ့ရပြီး လျှပ်စစ်ဓာတ်အားများ ပြတ်တောက်သွားကြောင်း အာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ဂလန်ဒါဟုလည်း ခေါ်သည့် အဆိုပါ တိုင်ဖုန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ ပင်မကျွန်းကြီး တစ်ခုဖြစ်သော လူဇွန်ကျွန်းသို့ တစ်နာရီလျှင် ၁၁၅ မိုင်နှုန်းဖြင့် ဝင်ရောက် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူများ အဆိုအရ မုန်တိုင်း၏ ဗဟိုချက်မသည် မြို့တော် မနီလာတောင်ပိုင်း ဒေသကို ဖြတ်သန်းသွားရာ ရာသီဥတုမှာ ဆိုးရွား ပြင်းထန်လွန်းကြောင်း သိရသည်။

ကယ်ဆယ်ရေး လုပ်ကိုင်သူများက မုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး လေးဦးခန့် ရှိကြောင်း ပြောကြားသည်။

ယင်းတိုင်ဖုန်း မုန်တိုင်းကြောင့် ဗုဒ္ဓဟူးနေ့တွင် အစိုးရရုံးများနှင့် စာသင်ကျောင်းများကို ပိတ်ထားခဲ့ရပြီး လေယာဉ် ခရီးစဉ်များကိုလည်း ဖျက်သိမ်းလိုက်ရသည်။

တိုင်ဖုန်းမုန်တိုင်း ဦးစွာ တိုက်ခတ်ခြင်း ခံရမည့် အရှေ့ပိုင်း အယ်လ်ဘေးပြည်နယ်မှ လူပေါင်း ၃၇၀,၀၀၀ ကျော်ခန့်ကို အရေးပေါ် ကယ်ထုတ်ခဲ့ရကြောင်း ဖိလစ်ပိုင်အမျိုးသား ကြက်ခြေနီအဖွဲ့က ပြောကြားသည်။

လက်ရှိ အနေအထားတွင် မြို့တော်နှင့် မြို့နယ်ခန်းမများကို ယာယီခိုလှုံစရာ စခန်းအဖြစ် ပြောင်းလဲ ဖွင့်လှစ်ထားကြောင်း၊ ထို့အတူ စာသင်ကျောင်းများတွင်လည်း ဒုက္ခသည်များကို ထားရှိထားကြောင်း ယင်းကြက်ခြေနီ အဖွဲ့က ဆိုသည်။

“သစ်ပင်တော်တော်များများ ပြိုလဲကုန်တယ်၊ လေနဲ့မိုးနဲ့ တိုက်ခတ်ရွာသွန်းတာ အင်မတန် ပြင်းထန်တယ်” ဟု မနီလာ ဆင်ခြေဖုံးဒေသတွင် နေထိုင်သော မျက်မြင်သက်သေများက ပြောကြားသည်။

ထို့ပြင် မနီလာပင်လယ်အော် ဒေသရှိ နေအိမ် အတော်များများမှာ လေပြင်းကြောင့် ထိခိုက်ပျက်စီးသွားရသည်။

ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ရစ်ခတ်ဂေါ်ဒန်က ၎င်း၏ အဖွဲ့ဝင်များသည် သစ်ပင်များ လဲကျရာမှ ပိတ်မိနေသူများကို လိုက်လံ ကယ်တင်လျက် ရှိသည်ဟု ဆိုသည်။

“မနီလာမြို့တော်မှာ အဆမတန် ရေကြီးတာမျိုးတော့ မကြားရသေးပါဘူး၊ ဘာကြောင့်လဲဆိုတော့ တိုင်ဖွန်းက လေပဲပါတာ၊ မိုးရွာတာက နည်းလို့ပါပဲ” ဟု ၎င်းက ပြောကြားသည်။

မိုးလေဝသ မှတ်တမ်းများအရ ဖိလစ်ပိုင်နိုင်ငံသည် တစ်နှစ်လျှင် အင်အားကြီးမားသော မုန်တိုင်း ၂၀ ခန့် ဝင်ရောက်တိုက်ခတ်ခြင်း ခံရလေ့ ရှိသည်။

The Voice Weekly
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသသို့ ရမ်မာဆွန်းဟု အမည်ရသည့် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်ရာ လူထောင်ပေါင်း များစွာကို အရေးပေါ် ကယ်တင်ခဲ့ရပြီး လျှပ်စစ်ဓာတ်အားများ ပြတ်တောက်သွားကြောင်း အာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ဂလန်ဒါဟုလည်း ခေါ်သည့် အဆိုပါ တိုင်ဖုန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ ပင်မကျွန်းကြီး တစ်ခုဖြစ်သော လူဇွန်ကျွန်းသို့ တစ်နာရီလျှင် ၁၁၅ မိုင်နှုန်းဖြင့် ဝင်ရောက် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူများ အဆိုအရ မုန်တိုင်း၏ ဗဟိုချက်မသည် မြို့တော် မနီလာတောင်ပိုင်း ဒေသ ကို ဖြတ်သန်းသွားရာ ရာသီဥတုမှာ ဆိုးရွား ပြင်းထန်လွန်းကြောင်း သိရသည်။

ကယ်ဆယ်ရေး လုပ်ကိုင်သူများက မုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး လေးဦးခန့် ရှိကြောင်း ပြော ကြား သည်။

ယင်းတိုင်ဖုန်း မုန်တိုင်းကြောင့် ဗုဒ္ဓဟူးနေ့တွင် အစိုးရရုံးများနှင့် စာသင်ကျောင်းများကို ပိတ်ထားခဲ့ရပြီး လေယာဉ် ခရီးစဉ်များကိုလည်း ဖျက်သိမ်းလိုက်ရသည်။

တိုင်ဖုန်းမုန်တိုင်း ဦးစွာ တိုက်ခတ်ခြင်း ခံရမည့် အရှေ့ပိုင်း အယ်လ်ဘေးပြည်နယ်မှ လူပေါင်း ၃၇၀,၀၀၀ ကျော်ခန့်ကို အရေးပေါ် ကယ်ထုတ်ခဲ့ရကြောင်း ဖိလစ်ပိုင်အမျိုးသား ကြက်ခြေနီအဖွဲ့က ပြောကြားသည်။

လက်ရှိ အနေအထားတွင် မြို့တော်နှင့် မြို့နယ်ခန်းမများကို ယာယီခိုလှုံစရာ စခန်းအဖြစ် ပြောင်းလဲ ဖွင့်လှစ်ထားကြောင်း၊ ထို့အတူ စာသင်ကျောင်းများတွင်လည်း ဒုက္ခသည်များကို ထားရှိထားကြောင်း ယင်းကြက်ခြေနီ အဖွဲ့က ဆိုသည်။

“သစ်ပင်တော်တော်များများ ပြိုလဲကုန်တယ်၊ လေနဲ့မိုးနဲ့ တိုက်ခတ်ရွာသွန်းတာ အင်မတန် ပြင်းထန်တယ်” ဟု မနီလာ ဆင်ခြေဖုံးဒေသတွင် နေထိုင်သော မျက်မြင်သက်သေများက ပြောကြားသည်။

ထို့ပြင် မနီလာပင်လယ်အော် ဒေသရှိ နေအိမ် အတော်များများမှာ လေပြင်းကြောင့် ထိခိုက်ပျက်စီး သွားရ သည်။

ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ရစ်ခတ်ဂေါ်ဒန်က ၎င်း၏ အဖွဲ့ဝင်များသည် သစ်ပင်များ လဲကျရာမှ ပိတ် မိနေ သူ များကို လိုက်လံ ကယ်တင်လျက် ရှိသည်ဟု ဆိုသည်။

“မနီလာမြို့တော်မှာ အဆမတန် ရေကြီးတာမျိုးတော့ မကြားရသေးပါဘူး၊ ဘာကြောင့်လဲဆိုတော့ တိုင်ဖွန်း က လေပဲပါတာ၊ မိုးရွာတာက နည်းလို့ပါပဲ” ဟု ၎င်းက ပြောကြားသည်။

မိုးလေဝသ မှတ်တမ်းများအရ ဖိလစ်ပိုင်နိုင်ငံသည် တစ်နှစ်လျှင် အင်အားကြီးမားသော မုန်တိုင်း ၂၀ ခန့် ဝင်ရောက်တိုက်ခတ်ခြင်း ခံရလေ့ ရှိသည်။

The Voice Weekly 

No comments:

Post a Comment