Thursday 17 July 2014

လပေါင်းနှစ်ဆယ်အတွင်း ရွှေ့လျားစစ်ဆေးရေးအဖွဲ့ မှောင်ခိုကုန်စည် ကျပ် ၁၇ ဘီလီယံကျော်ဖိုး ဖမ်းဆီးခဲ့

ရွှေ့လျားစစ်ဆေးရေးအဖွဲ့များ၏ ဆောင်ရွက်မှုကြောင့် ၂၀၁၂ နိုဝင်ဘာမှ ယခုနှစ် ဇွန်လအထိ လပေါင်း ၂၀ အ တွင်း ကျပ်ငွေ ၁၇ ဘီလီယံကျော် ဖိုး တားဆီးအရေးယူဆောင်ရွက် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ယခုလ ၁၄ ရက်တွင် ပြု လုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ တပ်မတော် သားကိုယ်စားလှယ် ဗိုလ်မှူးသန်း ထွန်းမြင့်၏ တရားမ၀င်ကုန်သွယ် မှုလုပ်ငန်းများအား ထိရောက်စွာ တားဆီးနှိမ်နင်းရေးအတွက် ရွှေ့လျားစစ်ဆေးရေးအဖွဲ့ အရေအတွက် တိုးချဲ့ဖွဲ့စည်းရန် မေးခွန်းမေးမြန်းမှုအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက အထက်ပါအတိုင်းဖြေကြား ခဲ့သည်။

လက်ရှိတွင် စက်သုံးဆီများ၊ ဟန်းဆက်များ၊ လူသုံးကုန်ပစ္စည်း များအပါအ၀င် တရားမ၀င်ကုန် သွယ်မှု လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာအများအပြားဆုံးရှုံး မှု ကြုံတွေ့နေ ရကြောင်း ဗိုလ်မှူး သန်းထွန်းမြင့်ကပြောသည်။

ရွှေ့လျားစစ်ဆေးရေးအဖွဲ့များဖွဲ့စည်းဆောင်ရွက်မှုကြောင့် ၂၀၁၂- ၁၃ ဘဏ္ဍာနှစ်၏ကုန်သွယ်မှု ပမာဏ မှာ ကန်ဒေါ်လာ ၁၈ ဘီလီယံ ကျော်ရှိရာမှ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၄ ဘီလီယံကျော် အထိ ရှိလာသဖြင့် ကန်ဒေါ်လာ ၆ ဘီလီယံကျော်ကုန်သွယ်မှုပမာဏများ တိုးတက်မြင့်မား လာကြောင်း ဒေါက်တာပွင့်ဆန်းကပြောသည်။

တရားမ၀င် ကုန်သွယ်မှုလုပ် ငန်းများ ထိရောက်စွာ တား ဆီးနှိမ်နင်းနိုင်ရေးအတွက် ယခု နှစ်ဇူလိုင် ၂ ရက်မှ စတင်ကာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ငါးခုဖြစ်သော ထီးတန်း၊ အေး ရှားဝေါ၊ မြန်မာ့ စက်မှုဆိပ်ကမ်း၊ ဗိုလ်အောင်ကျော်၊ ဆူးလေစသည့် ဆိပ်ကမ်းများနှင့် အပြည် ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ် လေကြောင်းကုန်စည် ပို့ဆောင် ရေး(ပို့ကုန်/သွင်းကုန်) တို့တွင် ရွှေ့လျားစစ်ဆေးရေးအဖွဲ့များဖြင့် ၀င်ရောက် ဆောင်ရွက်နေပြီဖြစ် ကြောင်း ၎င်းကပြောသည်။

ထို့အပြင် ရှမ်းပြည်နယ် (အ  ရှေ့ပိုင်း)ရှိ မိုင်းလား-ကျိုင်းတုံ လမ်းကြောင်း၊ ကျိုင်းတုံ- တာ ချီလိတ်လမ်းကြော င်းနှင့် တာချီ လိတ်မြို့နယ် အတွင်းရှိနေရာ လေးခုတို့တွင် အဖွဲ့များဖြင့် ဇွန်လမှ စတင်ဆောင်ရွက်လျက် ရှိကာ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဂေါဝိန်ဆိပ်ကမ်းတို့တွင် လည်း ဆောင်ရွက်ရန် စီစဉ်နေကြောင်း ဒုတိယ၀န်ကြီးကပြောသည်။ အဆိုပါ အဖွဲ့များကို ၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်သည်၊ စက်မှုအသင်း ချုပ် မှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည်။

7Day DAILY 

No comments:

Post a Comment