Thursday 17 July 2014

ကွန်တိန်နာ ၁၀ ဘီးကားမှ ပလက်ဖောင်းကျော်ကာ ဖုန်းဆိုင်၊ ကြက်ကြော်ဆိုင်နှင့် ကွမ်းယာဆိုင်အား ၀င်တိုက်မှု တောင်ဥက္ကလာပတွင် ဖြစ်ပွား

ဖုန်းဆိုင်၊ ကြက်ကြော်ဆိုင်နှင့် ကွမ်းယာဆိုင်တို့အား ၀င်တိုက်မိခဲ့သော ကွန်တိန်နာယာဉ်အား ကရိန်းဖြင့် ရွှေ့ပြောင်းမှု ပြုလုပ်နေသည်ကို တွေ့ရစဉ်
တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက် သံသုမာလမ်းနှင့် သစ္စာလမ်းထောင့် ဥက္ကလာပ စေတီတော်အနီး တွင် ကွန်တိန်နာ ၁ဝ ဘီးယာဉ်မှ ပလက်ဖောင်းကျော်လွန်ကာ ဖုန်းဆိုင်၊ ကြက်ကြော်ဆိုင်နှင့် ကွမ်းယာ ဆိုင်အား ဝင်တိုက်မှု ဇူလိုင် ၁၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကွမ်းယာဆိုင်မှာ ကားအောက်သို့ရောက်ရှိကာ ကျေမွပျက်စီးခဲ့ပြီး ဖုန်းဆိုင်၏ ရှေ့ခန်းလည်းပျက်စီးကာ ကြက်ကြော်ဆိုင်မှာမူ ဘေးအကာ အနည်းငယ်ပျက်စီးခဲ့သည်။

“ယာဉ်မောင်းက ရှေ့ကားတွေမတိုက်အောင် လမ်းဘေးဆွဲချလိုက်တယ်လို့ ပြောတယ်။ အရှိန်မထိန်းနိုင်ဘဲ ဖြစ်တာပါ။ ဘရိတ်ပေါက်တာဟုတ်၊ မဟုတ်ကတော့ စစ်ဆေးပြီးမှ သိရမှာပါ။ ကွမ်းယာရောင်းတဲ့ သူတစ်ဦး ပဲ ဝဲ၊ ယာခြေလက် ပွန်းပဲ့ဒဏ်ရာရ သွားပါတယ်။ ခြေထောက်အရိုးအက်၊ မအက်က ဓာတ်မှန်ရိုက်မှ သိမှာ ပါ” ဟု မြောက်ဥက္ကလာပ ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်လှိုင်မင်းအောင်က ဇူလိုင် ၁၆ ရက်ညနေပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

“ကားက သစ္စာလမ်းအတိုင်း မောင်းလာရင်းက ကွေ့ချလိုက်တဲ့အချိန်မှာ ဗန်ဒါပင်နဲ့ ကွမ်းယာဆိုင်ကို ဝင်တိုက်တယ်။ နောက်ဖုန်းဆိုင်နဲ့ ကြက်ကြော်ဆိုင်ကိုတိုက်တယ်။ ကွမ်းယာဆိုင်ပိုင်ရှင်က ကားအောက် ကနေ ဒီ အတိုင်း ထွက် လာတယ်။ အခုအချိန်ထိတော့ ဆိုင်နဲ့ပတ်သက်ပြီး လာရောက်ညှိနှိုင်းခြင်း မရှိသေးပါဘူး” ဟု ဖုန်းနှင့် လျှပ်စစ်ပစ္စည်းဆိုင် ပိုင်ရှင်ဖြစ်သူ ကိုမင်းထင်ဦးက ပြောကြားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ဦးအောင်ကိုလတ် (၅၃) နှစ်အား ယာဉ် (ပ)၃၄/၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၃၃၇/၂၇၉ / ၄၂၇ တို့ဖြင့် တောင်ဥက္ကလာပ မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ သွားမည်ဖြ စ်ကြော င်း သိရ သည်။    

Eleven Media Group 

No comments:

Post a Comment