Thursday 17 July 2014

မောင်းသူမဲ့ကားများအား ဗုံးအဖြစ် အသုံးပြုနိုင်ခြင်းအပေါ် FBI စိုးရိမ်နေ

Google ၏ မောင်းသူမဲ့ကားများသည် ရှေ့ပြေးပုံစံ အနေဖြင့်သာ ရှိနေသေးသော်လည်း အဆိုပါ ကားများကို ဒုစရိုက်သမားများက ဗုံးများအနေဖြင့် အသုံးပြုနိုင်ခြင်းအတွက် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) က စိုးရိမ်လျက်ရှိသည်။

ဒုစရိုက်သမားများသည် အဆိုပါ မောင်းသူမဲ့ကားများကို အသုံးပြုကာ ဥပဒေချိုးဖောက်ခြင်း၊ ရဲများကို ယာဉ်၏ အနောက်ဘက်မှ ပစ်ခတ်ခြင်းနှင့် ပေါက်ကွဲစေသည့် အရာများပါဝင်သော မောင်းသူမဲ့ကားကို ပစ်မှတ်ထံ ဦးတည်မောင်းနှင်စေနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း အက်ဖ်ဘီအိုင်၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အလိုအလျောက် မောင်းနှင်နိုင်သည့် ကားများသည် ခရီးသွားလာရာတွင် ပိုမိုအကျိုးရှိလာနိုင်သော်လည်း ၎င်းကို လူသတ်လက်နတ်များအဖြစ် အသုံးပြုနိုင်ဖွယ်ရှိကြောင်း FBI ၏ အစီရင်ခံစာတွင် ဖော်ပြချက်ကို Guardian က ရေးသားဖော်ပြခဲ့သည်။

၎င်းအစီရင်ခံစာကို FBI ၏ စစ်ဆေးရေး ဒါရိုက်တာလူကြီးများအဖွဲ့ အတွင်းရှိ Strategic Issues အဖွဲ့က ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မောင်းသူမဲ့ကားများသည် စုံစမ်းစစ်ဆေးမှုကို ရှောင်လွှဲနေသည့် သံသယရှိသူအား ပစ်မှတ်များဖြင့် အလွယ်တကူ စောင့်ကြည့်စေနိုင်ကြောင်း သိရသည်။

မောင်းသူမဲ့ကားများနှင့် ပတ်သက်၍ ပြည်နယ်အများစုတွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး မောင်းသူမဲ့ကား အားပေးထောက်ခံသူများကို ဝေဖန်သည့် အနေဖြင့် အဆိုပါကားများက လမ်းသွားလမ်းလာများအား အန္တ ရာယ် ရှိစေနိုင်သည်ဟု ဖော်ပြထားသော ကြော်ငြာတစ်ခုကိုလည်း ဖလော်ရီဒါပြည်နယ်တွင် ဖြန့်ချိခဲ့ကြသည်။

Ref: TheVerge
Internet Journal 

No comments:

Post a Comment