Thursday 17 July 2014

မျှော်မှန်းချက်ပြည့်မီဖို့ လိုအပ်ချက်ရှိနေသေးသည့် မြန်မာ့ခရီးသွား လုပ်ငန်း

Photo: မျှော်မှန်းချက်ပြည့်မီဖို့ လိုအပ်ချက်ရှိနေသေးသည့် မြန်မာ့ခရီးသွား လုပ်ငန်း
Thursday, July 17, 2014 

ယခုခရီးသွားနှစ်အတွင်းမှာ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးအနေနဲ့ နိုင်ငံခြားသား ခရီးသွား (၃)သန်းအထိ ၀င်ရောက်ဖို့ မျှော်မှန်းထားပေမယ့်
လက်ရှိခရီးသွားဝင်ရောက်မှု အခြေအနေအရတော့ မျှော်မှန်းချက်ပြည့်ဖို့ လိုအပ်ချက်ရှိနေသေးတယ်လို့ သိရပါတယ်။
 
မြန်မာ့ခရီးသွားလုပ်ငန်းဟာ နောက်ပိုင်းနှစ်တွေမှာ နိုင်ငံရဲ့ စီးပွားရေးမှာ ဒုတိယမြောက် ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ခြင်း ခံထားရသလို နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ရောက်မှုကလည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေပါတယ်။ ပြီးခဲ့တဲ့ ခရီးသွားနှစ်အတွင်းကလည်း မြန်မာနိုင်ငံအတွင်းကို ပုံမှန်လာရောက်လည်ပတ် နေကျနိုင်ငံတွေအပြင် အခြားသော ဥရောပနိုင်ငံအချို့က ခရီးသွားတွေလည်း ၀င်ရောက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
 
ပုံမှန်ခရီးသွားတွေနဲ့ လည်ပတ်နေတဲ့ မြန်မာခရီးသွားလုပ်ငန်းဟာ (၂၀၁၄-၁၅)ခရီးသွား နှစ်ကိုတော့ နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှု (၃)သန်းအထိ မျှော်လင့်ထားပေမယ့်လည်း လက်ရှိအချန်ထိ (၅)သိန်းဝန်းကျင်ခန့်သာ လာရောက်လည်ပတ်မှုရှိသေးတယ်လို့ သိရပါတယ်။ မြန်မာပြည်တွင်းကို နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုဟာ ပြီးခဲ့တဲ့ (၂၀၁၁-၂၀၁၂)ခုနှစ် မှာ (၃၀)ရာခိုင်နှုန်းလောက် တိုးတက်လာပြီး (၂၀၁၃-၂၀၁၄)ခရီးသွားနှစ်မှာတော့ (၃)သန်း ၀င်ရောက်ဖို့ မျှော်လင့်ထားခဲ့ရာမှာ ရာနှုန်းပြည့် နီးပါးဝင်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။  

MRTV-4
ယခုခရီးသွားနှစ်အတွင်းမှာ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးအနေနဲ့ နိုင်ငံခြားသား ခရီးသွား (၃)သန်းအထိ ၀င်ရောက်ဖို့ မျှော်မှန်းထားပေမယ့် လက်ရှိခရီးသွားဝင်ရောက်မှု အခြေအနေအရတော့ မျှော် မှန်းချက်ပြည့်ဖို့ လိုအပ်ချက်ရှိနေသေးတယ်လို့ သိရပါတယ်။

မြန်မာ့ခရီးသွားလုပ်ငန်းဟာ နောက်ပိုင်းနှစ်တွေမှာ နိုင်ငံရဲ့ စီးပွားရေးမှာ ဒုတိယမြောက် ဦးစားပေးကဏ္ဍ အဖြစ် သတ်မှတ်ခြင်း ခံထားရသလို နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ရောက်မှုကလည်း တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာနေပါတယ်။ ပြီးခဲ့တဲ့ ခရီးသွားနှစ်အတွင်းကလည်း မြန်မာနိုင်ငံအတွင်းကို ပုံမှန် လာရောက် လည်ပတ် နေကျနိုင်ငံတွေအပြင် အခြားသော ဥရောပနိုင်ငံအချို့က ခရီးသွားတွေလည်း ၀င်ရောက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

ပုံမှန်ခရီးသွားတွေနဲ့ လည်ပတ်နေတဲ့ မြန်မာခရီးသွားလုပ်ငန်းဟာ (၂၀၁၄-၁၅)ခရီးသွား နှစ်ကိုတော့ နိုင်ငံခြား ခရီးသွား ဧည့်သည်ဝင်ရောက်မှု (၃)သန်းအထိ မျှော်လင့်ထားပေမယ့်လည်း လက်ရှိအချန်ထိ (၅)သိန်းဝန်းကျင်ခန့်သာ လာရောက်လည်ပတ်မှုရှိသေးတယ်လို့ သိရပါတယ်။ မြန်မာပြည်တွင်းကို နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုဟာ ပြီးခဲ့တဲ့ (၂၀၁၁-၂၀၁၂)ခုနှစ် မှာ (၃၀)ရာခိုင်နှုန်းလောက် တိုးတက်လာပြီး (၂၀၁၃-၂၀၁၄)ခရီးသွားနှစ်မှာတော့ (၃)သန်း ၀င်ရောက်ဖို့ မျှော်လင့်ထားခဲ့ရာမှာ ရာနှုန်းပြည့် နီးပါးဝင်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။  

MRTV-4

No comments:

Post a Comment