Thursday 17 July 2014

ဟိုင်းကြီးကျွန်းတွင် ထူးကဲဒီရေကြောင့် ကမ်းပါးပြိုကျကာ လူနေအိမ် ၃၆လုံးပျက်စီး

ငပုတော၊ ဇူလိုင် ၁၆- ဧရာဝတီ တိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃) ရပ်ကွက် နယ်မြေ(၁၁) ၌ ထူးကဲဒီရေမြင့် တက်လာပြီး ပင်လယ်ရေလှိုင်းများ ရိုက်ခတ်မှုကြောင့် ကမ်းပါးများပြို ကျလာသည့်အတွက် နေအိမ် ၃၆ လုံး ပြောင်းရွှေ့ထားရသည်ဟု ဟိုင်း ကြီးကျွန်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။

''ကုန်းမြင့်တဲ့နေရာတွေမှာ ယာယီရွှေ့ပြောင်းနေထိုင်ကြဖို့စီစဉ် ဆောင်ရွက်ပေးထားတယ်။ ဒုက္ခ ရောက်နေ တဲ့ ပြည်သူတွေ ကိုကူညီဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ ဘာပစ္စည်းတွေ ကူညီပေးရ မယ်ဆိုတဲ့ ညွှန်ကြားချက်မရသေးဘူး။ တိုင်းဒေသကြီးအစိုးရက ညွန်ကြား လာရင်တော့ ကူညီဆောင်ရွက်ပေး ဖို့ အစီစဉ် ရှိပါတယ်'' ဟုဧရာဝတီ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန တိုင်း ဦးစီးမှူး ဦးသန်းစိုးကပြော သည်။

ဟိုင်းကြီးကျွန်း နယ်မြေ (၁၁) ၌ ဇူလိုင်လ ၁၁ ရက်နေ့မှ ဇူလိုင် လ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့် အထိ လေ၊ မိုးနှင့် လှိုင်းဒဏ် ကြောင့် လူနေအိမ် ၂၆ လုံး ပျက်စီး ခဲ့ကာ ကမ်းပါးများပြိုကျခဲ့ကြောင်း၊ ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်း၌ နေအိမ်များ ထပ်မံပျက်စီးခဲ့ပြီးဇူလိုင် လ ၁၅ရက်နေ့အထိ စုစုပေါင်းနေအိမ် ၃၆လုံးပျက်စီးခဲ့ခြင်းဖြစ်သည်။

''လူအသေအပျောက်တော့ မရှိပါဘူး။ ရေဘေးသင့် အိမ်ထောင် စုတွေကို ဘေးလွတ်ရာ နေရာကို ယာယီပြောင်း ရွှေ့နေထိုင်ကြ ဖို့ ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒေသန္တရ အမိန့်ထုတ်ပြန်ကြေညာထား တယ်။ အခက်အခဲတွေတော့ရှိတယ်။ အဓိ က လိုအပ်တာ ကတော့ စားစရာနဲ့ ဆန်ပါ။ အခုအချိန် အထိတော့ အကူအညီ အထောက်ပံ့တွေမရသေး ဘူး'' ဟု ဟိုင်းကြီးကျွန်းမြို့ခံတစ်ဦးက ပြောသည်။

အမှတ်(၃)ရပ်ကွက် နယ်မြေ (၁၁)၌ အိမ်ခြေ ၇၀ ကျော်ရှိပြီး နှစ်စဉ်ရေတက်သော်လည်း ယခုကဲ့ သို့မဖြစ် ဖူးဘဲ ယခုအကြိမ်သည် ပထမဆုံးဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဒီရေမြင့်တက်ခြင်းကြောင့် ကမ်းပြို ကာ အိမ်ခြေ ၃၆ လုံး ပျက်စီးခဲ့ပြီး ဟိုင်းကြီးကျွန်းမြို့ရှိ သဘာဝဘေး အန္တရာယ်ခံနိုင်သည့် အဆောက် အအုံသို့ ရေဘေးဒုက္ခသည် ၁၀၀ ခန့်ပြောင်းရွှေ့ရန် နယ်မြေတာဝန် ရှိသူများက ဆောင်ရွက်ပေးလျက်ရှိ သည်ဟု သိရှိရသည်။

KKK(Myitmakha)
Yangon Media Group 

No comments:

Post a Comment