Thursday 17 July 2014

မြန်မာနိုင်ငံ၏အပြောင်းအလဲများ နှေးကွေးလာကြောင်း သံတမန်အသိုင်းအဝိုင်းသုံးသပ်

Photo: မြန်မာနိုင်ငံ၏အပြောင်းအလဲများ နှေးကွေးလာကြောင်း သံတမန်အသိုင်းအဝိုင်းသုံးသပ်
Thursday, July 17, 2014 

မြန်မာနိုင်ငံ၏ အပြောင်း အလဲများမှာ လွန်ခဲ့သည့်သုံးနှစ် အတွင်း လျင်လျင်မြန်မြန်ဖွံ့ဖြိုး တိုးတက်ခဲ့သော်လည်း သုံးနှစ် ကြာပြီးချိန် ယခုလက်ရှိအခြေ အနေတွင် အပြောင်းအလဲများ နှေးကွေးလာ၍ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရကြောင်း မြန်မာ နိုင်ငံရှိ သံတမန်အသိုင်းအဝိုင်းက ပြောကြားလိုက်သည်။

ဇူလိုင် ၁၅ ရက်က ရန်ကုန် မြို့တွင် ပြုလုပ်ခဲ့သည့် Friendly Diplomatic Encounter (သံ တမန်များ ချစ်ခင်ရင်းနှီးစွာဖြင့် တွေ့ဆုံပွဲ)၌ မြန်မာနိုင်ငံရေးနှင့်ပတ်သက်၍ အမေရိကန် သံတမန် ဒဲရစ်မစ်ချယ်၊ တရုတ်နိုင်ငံသံအမတ် ယောင်ဟွေ့လျန်၊ အိန္ဒိယ သံအမတ် Mukhopa-dhaya တို့နှင့် သံအမတ်ကြီးဟောင်း ဦးညွန့်မောင်ရှိန်တို့ ဝိုင်းဝန်းဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် လွန်ခဲ့ သည့်နှစ် ၃၀ ကာလနှင့်နှိုင်းယှဉ် ပါက အပြောင်းအလဲများကို တွေ့မြင်နေရသော်လည်း ယနေ့ တွင် ယင်းအပြောင်းအလဲများမှာ နှေးကွေးစပြုလာနေပြီဖြစ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားသည်။

‘‘မြန်မာက ကဏ္ဍအားလုံး မှာ လျင်လျင်မြန်မြန်နဲ့ ဖွံ့ဖြိုးတိုး တက်လာနေပါတယ်။ ဒါပေမဲ့ အခုသုံးနှစ်ကြာပြီးတဲ့အခါမှာ အမေရိကန်သံအမတ်ကြီး ထောက် ပြသလိုပဲ အပြောင်းအလဲတွေဟာ နှေးကွေးလာပါတယ်။ မီဒီယာလိုကဏ္ဍမှာဆို တချို့နောက်ပြန်သွားချင်တဲ့ လက္ခဏာပေါ့။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ နှေးကွေးနေပါတယ်’’ဟု မြန်မာသံအမတ်ကြီး ဟောင်း ဦးညွန့်မောင်ရှိန်က ဒဲရစ်မစ်ချယ်၏ ဆွေးနွေးချက်အပေါ်ထောက်ခံပြောကြား သည်။

မြန်မာနိုင်ငံတွင် သတ္တု၊ သယံဇာတ၊ သဘာဝဓာတ်ငွေ့ စသည့် သယံဇာတများပေါကြွယ် ဝပြီး အိမ်နီးချင်းကောင်းတစ်ဦး အနေဖြင့် မြန်မာကို တည်တည် ငြိမ်ငြိမ်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွေ့မြင်လိုကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာယောင်ဟွေ့လျန်က ပြော သည်။

 ‘‘မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးကို ကျွန်တော်တို့ ထောက်ခံခဲ့ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေဟာ တရုတ်အတွက် အရေးကြီးတယ်ဆိုတာ ကျွန် တော်တို့နားလည်ပါတယ်။ ဒါ ကြောင့် နှစ်ဦးနှစ်ဖက်အောင်မြင် တဲ့ ဆက်ဆံရေးကိုပဲ ကျွန်တော် တို့လုပ်ပါတယ်။ အခုမြန်မာပြည် ရဲ့ တိုးတက်မှုမှာ စိန်ခေါ်မှုတွေရှိ နေပါတယ်။ တချို့ကိစ္စတွေမှာ လိုအပ်မှုတွေရှိနေပါသေးတယ်’’ ဟု ၎င်းက ဆိုသည်။

ထို့အပြင် အိန္ဒိယသံအမတ် ကြီးကလည်း မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် နောက်ခံသမိုင်း ကြောင်းဆင်တူပြီး လက်ရှိဖြစ် ပေါ်နေသော အလားအလာ ကောင်းများကို ကောင်းစွာအသုံး ချနိုင်ရန်လိုကြောင်း ပြောကြား ခဲ့သည်။

 ‘‘အရေးကြီးဆုံးကတော့ လွတ်လပ်မှု (Freedom)ပါပဲ။ ဒီမို ကရေစီနိုင်ငံတစ်ခုအတွက် အင် မတန်အရေးပါပါတယ်။ နိုင်ငံရေး၊ လူမှုရေးမှာ လွတ်လပ်မှုရှိမှ လူ့ အဖွဲ့အစည်းတစ်ရပ်ကို ဖန်တီး နိုင်မှာပါ။ မြန်မာဟာ အိန္ဒိယနဲ့ အရမ်းဆင်တူပါတယ်။ ဒီမိုကရေ စီအတွက် တိုက်ပွဲဝင်ခဲ့တာ၊ လူ မျိုးစုပြဿနာတွေကအစပေါ့။ ဒါတွေကို မြန်မာအနေနဲ့ သတိ ထားပြီး ဘယ်လိုအသုံးချမလဲ စဉ်းစားရမှာပါ’’ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အင် အားကြီးနိုင်ငံ နှစ်ခုဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကြား ရပ်တည်နေရပြီး နေရာတိုင်းတွင် တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒမှာ အခါခပ် သိမ်းမမှန်နိုင်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦး တင်ဦးက ပြောသည်။

‘‘အင်အားကြီးနှစ်နိုင်ငံထဲမှာ ရပ်တည်နေရတဲ့ မြန်မာနိုင်ငံအ နေနဲ့ ပြတ်သားတဲ့နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးသင့်တယ်’’ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအတွက် အရေး ကြီးသည့်အာရှဒေသတွင်း အင် အားကြီးနှစ်နိုင်ငံနှင့် ကမ္ဘာ့အင် အားကြီးအမေရိကန်နိုင်ငံတို့ သုံး ပွင့်ဆိုင်သံတမန်ရေးရာဆွေးနွေး ပွဲမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သံအမတ်များ၏ ပညာသားပါပါ ပြောကြားချက်များကို ထောက် ရှုလျှင် မြန်မာ့နိုင်ငံရေးအခြေ အနေမှာ နောက်ပြန်လှည့်သွား နေကြောင်း ပုဂ္ဂလိကရုပ်သံလိုင်း တစ်ခုမှ တာဝန်ရှိပုဂ္ဂိုလ်က ပြော သည်။

‘‘သံတမန်တွေကတော့ စ ကားလှအောင် ပြောသွားကြတာ ပေါ့။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ ရဲ့ လက်ရှိအခြေအနေက အနုတ် လက္ခဏာဘက်ကို သွားနေပြီဆို တာ ဒီဆွေးနွေးမှုတွေကို ကြည့် ရင် သိနိုင်ပါတယ်’’ဟု ၎င်းက ဆို သည်။

7Day DAILY 

သံတမန်များတွေ့ဆုံပွဲ ဇူလိုင် ၁၅ ရက်ကကျင်းပစဉ်(ဓာတ်ပုံ − ခင်လေး)
သံတမန်များတွေ့ဆုံပွဲ ဇူလိုင် ၁၅ ရက်ကကျင်းပစဉ်(ဓာတ်ပုံ − ခင်လေး)
မြန်မာနိုင်ငံ၏ အပြောင်းအလဲများမှာ လွန်ခဲ့သည့်သုံးနှစ် အတွင်း လျင်လျင်မြန်မြန်ဖွံ့ဖြိုး တိုးတက် ခဲ့သော် လည်း သုံးနှစ် ကြာပြီးချိန် ယခုလက်ရှိအခြေ အနေတွင် အပြောင်းအလဲများ နှေးကွေးလာ၍ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရကြောင်း မြန်မာ နိုင်ငံရှိ သံတမန်အသိုင်းအဝိုင်းက ပြောကြားလိုက်သည်။

ဇူလိုင် ၁၅ ရက်က ရန်ကုန် မြို့တွင် ပြုလုပ်ခဲ့သည့် Friendly Diplomatic Encounter (သံ တမန်များ ချစ်ခင်ရင်းနှီးစွာဖြင့် တွေ့ဆုံပွဲ)၌ မြန်မာနိုင်ငံရေးနှင့်ပတ်သက်၍ အမေရိကန် သံတမန် ဒဲရစ်မစ်ချယ်၊ တရုတ်နိုင်ငံ သံအမတ် ယောင်ဟွေ့လျန်၊ အိန္ဒိယ သံအမတ် Mukhopa-dhaya တို့နှင့် သံအမတ်ကြီးဟော င်း ဦးညွန့်မောင်ရှိန်တို့ ဝိုင်းဝန်းဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် လွန်ခဲ့ သည့်နှစ် ၃၀ ကာလနှင့်နှိုင်းယှဉ် ပါက အပြောင်းအလဲများကို တွေ့မြင်နေရသော် လည်း ယနေ့ တွင် ယင်းအပြောင်းအလဲများမှာ နှေးကွေးစပြုလာနေပြီဖြစ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားသည်။

‘‘မြန်မာက ကဏ္ဍအားလုံး မှာ လျင်လျင်မြန်မြန်နဲ့ ဖွံ့ဖြိုးတိုး တက်လာနေပါတယ်။ ဒါပေမဲ့ အခုသုံးနှစ်ကြာပြီး တဲ့ အခါမှာ အမေရိကန်သံအမတ်ကြီး ထောက် ပြသလိုပဲ အပြောင်းအလဲတွေဟာ နှေးကွေးလာပါတယ်။ မီဒီယာလိုကဏ္ဍမှာဆို တချို့နောက်ပြန်သွားချင်တဲ့ လက္ခဏာပေါ့။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ နှေးကွေးနေပါတယ်’’ဟု မြန်မာသံအမတ်ကြီး ဟောင်း ဦးညွန့်မောင်ရှိန်က ဒဲရစ်မစ်ချယ်၏ ဆွေးနွေးချက် အပေါ်ထောက်ခံပြောကြား သည်။

မြန်မာနိုင်ငံတွင် သတ္တု၊ သယံဇာတ၊ သဘာဝဓာတ်ငွေ့ စသည့် သယံဇာတများပေါကြွယ် ဝပြီး အိမ်နီး ချင်းကောင်းတစ်ဦး အနေဖြင့် မြန်မာကို တည်တည် ငြိမ်ငြိမ်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွေ့မြင်လိုကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာယောင်ဟွေ့လျန်က ပြော သည်။

 ‘‘မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးကို ကျွန်တော်တို့ ထောက်ခံခဲ့ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေဟာ တရုတ်အတွက် အရေးကြီးတယ်ဆိုတာ ကျွန် တော်တို့နားလည်ပါတယ်။ ဒါ ကြောင့် နှစ်ဦးနှစ်ဖက်အောင်မြင် တဲ့ ဆက်ဆံရေးကိုပဲ ကျွန်တော် တို့လုပ်ပါတယ်။ အခုမြန်မာပြည် ရဲ့ တိုးတက်မှုမှာ စိန်ခေါ်မှုတွေရှိ နေပါတယ်။ တချို့ကိစ္စတွေမှာ လိုအပ်မှုတွေရှိနေပါသေးတယ်’’ ဟု ၎င်းက ဆိုသည်။

ထို့အပြင် အိန္ဒိယသံအမတ် ကြီးကလည်း မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် နောက်ခံသမိုင်း ကြောင်းဆင် တူပြီး လက်ရှိဖြစ် ပေါ်နေသော အလားအလာ ကောင်းများကို ကောင်းစွာအသုံး ချနိုင်ရန်လိုကြောင်း ပြောကြား ခဲ့သည်။

 ‘‘အရေးကြီးဆုံးကတော့ လွတ်လပ်မှု (Freedom)ပါပဲ။ ဒီမို ကရေစီနိုင်ငံတစ်ခုအတွက် အင် မတန်အရေးပါပါတယ်။ နိုင်ငံရေး၊ လူမှုရေးမှာ လွတ်လပ်မှုရှိမှ လူ့ အဖွဲ့အစည်းတစ်ရပ်ကို ဖန်တီး နိုင်မှာပါ။ မြန်မာဟာ အိန္ဒိယနဲ့ အရမ်းဆင်တူပါတယ်။ ဒီမိုကရေ စီအတွက် တိုက်ပွဲဝင်ခဲ့တာ၊ လူ မျိုးစုပြဿနာတွေကအစပေါ့။ ဒါတွေကို မြန်မာအနေနဲ့ သတိ ထားပြီး ဘယ်လိုအသုံးချမလဲ စဉ်းစားရမှာပါ’’ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အင် အားကြီးနိုင်ငံ နှစ်ခုဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကြား ရပ်တည်နေရပြီး နေရာတိုင်းတွင် တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒမှာ အခါခပ် သိမ်းမမှန်နိုင်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦး တင်ဦးက ပြောသည်။

‘‘အင်အားကြီးနှစ်နိုင်ငံထဲမှာ ရပ်တည်နေရတဲ့ မြန်မာနိုင်ငံအ နေနဲ့ ပြတ်သားတဲ့နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံး သင့်တယ်’’ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအတွက် အရေး ကြီးသည့်အာရှဒေသတွင်း အင် အားကြီးနှစ်နိုင်ငံနှင့် ကမ္ဘာ့အင် အားကြီး အမေရိကန်နိုင်ငံတို့ သုံး ပွင့်ဆိုင်သံတမန်ရေးရာဆွေးနွေး ပွဲမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သံအမတ်များ၏ ပညာသားပါပါ ပြောကြားချက်များကို ထောက် ရှုလျှင် မြန်မာ့နိုင်ငံရေးအခြေ အနေမှာ နောက်ပြန်လှည့်သွား နေကြောင်း ပုဂ္ဂလိကရုပ်သံလိုင်း တစ်ခုမှ တာဝန်ရှိပုဂ္ဂိုလ်က ပြော သည်။

‘‘သံတမန်တွေကတော့ စ ကားလှအောင် ပြောသွားကြတာ ပေါ့။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ ရဲ့ လက်ရှိ အခြေအနေက အနုတ် လက္ခဏာဘက်ကို သွားနေပြီဆို တာ ဒီဆွေးနွေးမှုတွေကို ကြည့် ရင် သိနိုင်ပါ တယ်’’ဟု ၎င်းက ဆို သည်။

7Day DAILY 

No comments:

Post a Comment