Thursday 17 July 2014

NCCT နှင့် UWSA`၀´၊ မိုင်းလားအဖွဲ့တို့ လိုင်ဇာအစည်းအဝေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှု များရှိနေ

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-xpf1/v/t34.0-12/10555019_317933421706154_693839196_n.jpg?oh=6ec97b5daca63b4a312b08055c911d3f&oe=53C95B66&__gda__=1405718843_c8060e0bc67bf719677f9e0f04f63f20
ကချင်ပြည်နယ်၊ KIO ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာ၌ ဇူလိုင်နောက်ဆုံး ပတ်အတွင်း ပြုလုပ်မည့် ထိပ်သီး အစည်းအဝေးနှင့်ပတ်သက်၍ NCCT နှင့် UWSA `၀´ အဖွဲ့၊ မိုင်းလားအဖွဲ့တို့ကြား သဘောထား ကွဲလွဲမှု များ ရှိနေကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင်များထံမှ သိရသည်။

အဆိုပါ အစည်းအဝေးသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးဖြစ်တာကြောင့် NCCT အဖွဲ့ဝင် မဟုတ်သော UWSA `၀´အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့ကို မဖိတ်ခြင်းဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာက ဆိုသည်။ ယခင် အစည်းအဝေးများတွင် UWSA `၀´အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့ တက်ရောက်ခြင်းမရှိခဲ့မှုအပေါ် ``လိုင်ဇာနဲ့ လောခီးလာမှာ ပြုလုပ်ခဲ့တဲ့ နှစ်ကြိမ် စလုံး သူတို့နှစ်ဖွဲ့ကို ဖိတ်ပါတယ်။ အဲဒီတုန်းက အပစ် အခတ် ရပ်စဲရေး လုပ်ငန်းတွေ အောင်မြင်ထားတဲ့အတွက် UWSA အနေနဲ့ တက်ဖို့မလို အပ်ပါဘူးလို့ အကြောင်းပြန်ခဲ့တာပါ၊ ဒါ့ကြောင့် ဒီအစည်းအဝေးမှာလည်း သူတို့ကို မဖိတ်ပါဘူး´´ ဟု ၎င်းက ပြောကြား ခဲ့သည်။ 

UWSA `၀´အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း လိုင်ဇာအစည်းအဝေးနှင့်ပတ်သက်၍ ယနေ့ အချိန် ထိ ၎င်းတို့အဖွဲ့အား တရားဝင်ဖိတ်ကြားခြင်းမရှိသေးကြောင်း ဆိုသည်။ ``ပါတီမှာရော တပ်ဖွဲ့မှာပါ ဆုံးဖြတ်ချက်တစ်ခုချဖို့ အချိန်ယူရပါတယ်၊ အစည်းအဝေးတက်ရုံနဲ့ ဆုံးဖြတ်လို့မရ တဲ့အတွက် လိုင်ဇာနဲ့ လောခီးလာကို မတက်ခဲ့တာပါ၊ ကျွန်တော်တို့ ထင်တဲ့အတိုင်းပဲ အခုလိုင်ဇာမှာ ပြန်ဆွေးနွေး ရပြန်ပြီ၊ ဖိတ်တော့မဖိတ်သေးပါဘူး၊ တကယ်လို့ ဖိတ်ခဲ့ရင်လည်း အစည်းအဝေးတက်ဖို့ မသေချာ သေးပါဘူး´´ ဟု ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ဆက်လက်ပြောကြားခဲ့သည်။ လိုင်ဇာတွင် ပထမအကြိမ်ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေးမှာ NCCT အဖွဲ့ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး UWSA`၀´၊ NDAA (မိုင်းလား)နှင့် RCSS/SSA တို့ မပါဝင်ခဲ့ခြင်းကြောင့် ယခုအစည်း အဝေးသို့ မဖိတ်ကြားခြင်းဖြစ်ကြောင်း သိရသည်။ NCCT နှင့် UWSA `၀´၊ မိုင်းလားအဖွဲ့တို့ လိုင်ဇာ အစည်း အဝေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေ သည်ဟု သတင်းများ ထွက်ပေါ်လာသော် လည်း တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို လိုင်ဇာတွင် ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း NCCT အဖွဲ့မှ တရားဝင်ကြေညာ ထားပါသည်။

နိုင်လူ 

No comments:

Post a Comment