Thursday 17 July 2014

မြန်မာအမျိုးသား၏လိင်အင်္ဂါကို ဇနီးသည်က ဖြတ်

ကွာလာလမ်ပူ၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် အလုပ်လုပ် ကိုင်နေသော မြန်မာနိုင်ငံသားတစ်ဦး၏ လိင်အင်္ဂါကို ဇနီး ဖြစ်သူက ဖြတ်ပစ်လိုက်သည့်အမှုအခင်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတွင် ယောက်ျား ဖြစ်သူနေထိုင်ရာ Taman Wilayah နေအိမ်သို့ ဇနီးဖြစ် သူက အလည်အပတ်လာရောက်ခဲ့ကြောင်း၊ နံနက် ၁၁ နာရီတွင် ယောက်ျားဖြစ်သူ နေ့ခင်း တစ်ရေး တစ်မောအိပ်ပျော်နေစဉ် ဇနီးက ဓားဖြင့် ယောက်ျား၏ လိင်အင်္ဂါကို လှီးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အင်္ဂါအဖြတ်ခံရသော အမျိုးသားက နေ့ခင်းအိပ်ပျော် နေချိန်မှာ မိမိ၏လိင်အင်္ဂါ နာကျင်ဝေဒနာ ခံစားရသည့်အ တွက် အိပ်ရာမှနိုးသွားကြောင်း၊ ဘေးဘီဝဲယာကိုကြည့်လိုက် သောအခါ မိမိ၏ဇနီးသည်က သွေးစွန်းနေသည့်ဓားကို ကိုင် ထားပြီး အိမ်အပြင်သို့ထွက်ပြေးသွားကြောင်း ဆန်ရယ်ခရိုင် လက်ထောက် ရဲမှူးကြီး R.Munusamy ကို ထွက်ဆိုထားသည်။

ယခုအခါ မလေးရှားရဲတပ်ဖွဲ့သည် တရားခံအဖြစ်သတ် မှတ်ခံထားရသော အမျိုးသမီးကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားပြီး လက်ရဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေသည်။

အဆိုပါ မြန်မာလင်မယားစုံတွဲသည် မလေးရှားနိုင်ငံ တွင် UNHCR (ဒုက္ခသည်ကတ်ပြား) ကိုင်ဆောင် ထားကြသူ များဖြစ်ပြီး အမျိုးသမီးမှာ အသက် ၄ဝ ခန့်ရှိကြောင်းနှင့် လင် ဖြစ်သူ ရှောင်ဖယ်ရှောင်ဖယ် လုပ်နေ သည်ကို မကျေနပ်၍ ယခုကဲ့သို့ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ဟန်ရှိကြောင်း မလေးရှား ရဲတပ်ဖွဲ့၏ ပြောဆို ချက်အရ သိရသည်။

Yangon Media Group 

No comments:

Post a Comment