Thursday 17 July 2014

ရေပြင်ပေါ် ပြန်လည်ရောက်ရှိလာပြီဖြစ်သည့် သင်္ဘောပျက် ကော်စတာကွန် ကော်ဒီယာ

Photo: ရေပြင်ပေါ် ပြန်လည်ရောက်ရှိလာပြီဖြစ်သည့် သင်္ဘောပျက် ကော်စတာကွန် ကော်ဒီယာ
Thursday, July 17, 2014 

(၂၀၁၂)ခုနှစ်က နစ်မြှုပ်သွားခဲ့တဲ့ ကွန်ကော်ဒီယာကို ရေပေါ်ပြန်ပေါ်အောင် ဆယ်ယူနိုင်ခဲ့ပြီး  အပျက်အစီးတွေကို ကမ်းရောက်အောင် ဆွဲယူသွားနိုင်ဖို့
ကြိုးစားနေတယ်လို့ သိရပါတယ်။ခရီးသည်တင် ဇိမ်ခံသင်္ဘောကော်စတာကွန်ကော်ဒီယာဟာ (၂၀၁၂) ဇန်န၀ါရီလက တိမ်းမြှုပ်ခဲ့ တာဖြစ်ပြီးတော့ လူ(၃၂)ယောက် သေဆုံးခဲ့ပါတယ်။
 
အဲဒီသင်္ဘောဟာ ကိုယ်ထည်အရှည်မီတာ (၂၉၀) ရှိပြီး တိုက်တန်းနစ်သင်္ဘော ထက်နှစ်ဆကြီးမားပါတယ်။ သင်္ဘောပိုင်ရှင်ဖြစ်တဲ့ Costa Crociere ကတော့ သင်္ဘောပျက်ကို ဆယ်ယူပြီး ကမ်းဘက်ပြန်ဆွဲယူနိုင်ဖို့ ကုန်ကျငွေ စုစုပေါင်း ယူရို(၁.၅)ဘီလီယံလောက် ကုန်မယ်လို့ ခန့်မှန်းထားပြီး ရာနဲ့ချီတဲ့ ရေငုပ်သမားတွေနဲ့ အင်ဂျင် နီယာတွေကို ခန့်အပ်ထားပါတယ်။
 
ဆယ်ယူမယ့် အလုပ်သမားတွေက အဲဒီသင်္ဘောကို မှောက် ရက်အနေအထားနဲ့ ရေပေါ်မှာပေါ်လာအောင် ပြုလုပ်ပြီးမှ ဇူလိုင်လ(၂၁)ရက်နေ့မှာ အီတလီနိုင်ငံ မြောက်ပိုင်းက ဂျီနိုအာမြို့ ဆိပ်ကမ်းဆီကို ဆွဲယူသွားမှာဖြစ်ပါတယ်။ သင်္ဘောအပြင် သင်္ဘော နစ်မြှုပ်မှုမှာ သေဆုံးခဲ့တဲ့ အိန်္ဒိယစားပွဲထိုး ရပ်ဆဲလ်ရီဘယ်လိုရဲ့ အလောင်းကိုလည်း ရှာဖွေ ခဲ့ပေမယ့် အပျက်အစီးတွေကြားမှာ မတွေ့သေးဘဲ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ သင်္ဘောကပ်္ပတိန် Francesco Schettino  "ဖရန်ဆက်စကိုရှက်တီနို"ကိုတော့ လူသေမှုနဲ့ တာဝန်ကို စွန့်ခွာမှုတွေနဲ့ တရားစွဲထားဆဲဖြစ်တယ်လို့ သိရပါတယ်။

MRTV-4
(၂၀၁၂)ခုနှစ်က နစ်မြှုပ်သွားခဲ့တဲ့ ကွန်ကော်ဒီယာကို ရေပေါ်ပြန်ပေါ်အောင် ဆယ်ယူနိုင်ခဲ့ပြီး  အပျက် အစီးတွေ ကို ကမ်းရောက်အောင် ဆွဲယူသွားနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ခရီးသည်တင် ဇိမ်ခံ သင်္ဘောကော်စတာကွန်ကော်ဒီယာဟာ (၂၀၁၂) ဇန်န၀ါရီလက တိမ်းမြှုပ်ခဲ့ တာဖြစ်ပြီးတော့ လူ(၃၂)ယော က် သေဆုံးခဲ့ပါတယ်။

အဲဒီသင်္ဘောဟာ ကိုယ်ထည်အရှည်မီတာ (၂၉၀) ရှိပြီး တိုက်တန်းနစ်သင်္ဘော ထက်နှစ်ဆကြီးမားပါတယ်။ သင်္ဘောပိုင်ရှင်ဖြစ်တဲ့ Costa Crociere ကတော့ သင်္ဘောပျက်ကို ဆယ်ယူပြီး ကမ်းဘက်ပြန်ဆွဲယူနိုင်ဖို့ ကုန်ကျငွေ စုစုပေါင်း ယူရို(၁.၅)ဘီလီယံလောက် ကုန်မယ်လို့ ခန့်မှန်းထားပြီး ရာနဲ့ချီတဲ့ ရေငုပ်သမားတွေနဲ့ အင်ဂျင် နီယာတွေကို ခန့်အပ်ထားပါတယ်။

ဆယ်ယူမယ့် အလုပ်သမားတွေက အဲဒီသင်္ဘောကို မှောက် ရက်အနေအထားနဲ့ ရေပေါ်မှာပေါ်လာအောင် ပြုလုပ်ပြီးမှ ဇူလိုင်လ(၂၁)ရက်နေ့မှာ အီတလီနိုင်ငံ မြောက်ပိုင်းက ဂျီနိုအာမြို့ ဆိပ်ကမ်းဆီကို ဆွဲယူ သွားမှာဖြစ်ပါတယ်။ သင်္ဘောအပြင် သင်္ဘော နစ်မြှုပ်မှုမှာ သေဆုံးခဲ့တဲ့ အိန်္ဒိယစားပွဲထိုး ရပ်ဆဲလ်ရီ ဘယ်လိုရဲ့ အလောင်းကိုလည်း ရှာဖွေ ခဲ့ပေမယ့် အပျက်အစီးတွေကြားမှာ မတွေ့သေးဘဲ ဆက်လက် ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ သင်္ဘောကပ်္ပတိန် Francesco Schettino  "ဖရန်ဆက်စကို ရှက်တီနို"ကိုတော့ လူသေမှုနဲ့ တာဝန်ကို စွန့်ခွာမှုတွေနဲ့ တရားစွဲထားဆဲဖြစ်တယ်လို့ သိရပါတယ်။

MRTV-4 

No comments:

Post a Comment