Thursday 17 July 2014

လန်ဒန်ဆရာတော် ဦးဥတ္တရက မတရားဖမ်းဆီး ချုပ်နှောင်မှု၊ မတရားတားဆီး ကန့်ကွက်မှုတို့ဖြင့် မဟနဆရာတော်များနှင့် တိုင်းသံဃမဟာ နာယကဥက္ကဋ္ဌ အပါအ၀င် သံဃာအပါး ၂၀ ကို တရားပြန်စွဲရာ မြို့နယ်တရားသူကြီးက လက်မခံ

Photo: လန်ဒန်ဆရာတော် ဦးဥတ္တရက မတရားဖမ်းဆီး ချုပ်နှောင်မှု၊ မတရားတားဆီး ကန့်ကွက်မှုတို့ဖြင့် မဟနဆရာတော်များနှင့် တိုင်းသံဃမဟာ နာယကဥက္ကဋ္ဌ အပါ အ၀င် သံဃာအပါး ၂၀ ကို တရားပြန်စွဲရာ မြို့နယ်တရားသူကြီးက လက်မခံ
Thursday, July 17, 2014 

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တရားရုံး၌ လန်ဒန်ဆရာတော် ဦးဥတ္တရက နိုင်ငံတော်သံဃမဟာနာယက တတိယအဖွဲ့ခွဲမှ အလှည့်ကျသံဃာ ၁၅ ပါးနှင့် ရန်ကုန်တိုင်း သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဦးဣဒ္ဓိ ဗလအပါအဝင် သံဃာအပါး ၂ဝ ကို မတရား တားဆီးကန့်ကွက်မှု၊ မတရားဖမ်းဆီး ချုပ်နှောင်ထားမှု စသည့် ပုဒ်မနှစ်ခုဖြင့်ပြန်လည် တရားစွဲဆိုမှုကို ဗဟန်းမြို့နယ် တရားသူကြီး က လက်မခံဘဲ ပယ်ချခဲ့ကြောင်း ဇူလိုင် ၁၆ ရက်က ဗဟန်းတရားရုံးတွင် တရားစွဲဆိုခဲ့သည့် ဆရာတော်ဦးဥတ္တရက မိန့်ကြားသည်။

ယင်းသို့ တရားစွဲဆိုမှုမှာ နိုင်ငံတော်သံဃမဟာ နာယကနှင့် ပီနန်ဆရာတော်ကြီးတို့အကြား အငြင်းပွားနေသည့် သန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုနှင့် တိုက်ရိုက် သက်ဆိုင်မှုမရှိဘဲ သန္တိသုခကျောင်းတိုက်တွင် ဆရာတော်များ သီတင်းသုံးနေစဉ်အတွင်း နိုင်ငံတော်သံဃ မဟာနာယကနှင့်  တိုင်းသံဃအဖွဲ့များမှ ဆရာတော်များအား မတရားဖမ်းဆီး ခဲ့သောကြောင့် ယခုကဲ့သို့ ပြန်လည်တရားစွဲဆို ခြင်းဖြစ်ကြောင်း ဆရာတော် ဦးဥတ္တရက ဆက်လက်မိန့်ကြားသည်။

“ဒီနေ့တရားစွဲဆိုတာက မတရားတားဆီး ကန့်ကွက်တဲ့အမှုနဲ့ မတရားဖမ်းဆီး ချုပ်နှောင်ထားမှု အမှုနှစ်မှုနဲ့ ပြန်လည် တရားစွဲတာဖြစ်တယ်။ ဒါပေမဲ့ တရားသူကြီးက တာမွေတရားရုံးမှာ တရားရင်ဆိုင်ဆဲအမှု ဖြစ်တဲ့အတွက် အမှုကိုလက်မခံခဲ့ဘူး။ ပီနန်ဆရာတော်ကြီးရဲ့ ပိုင်ဆိုင်မှု အထောက်အထားနဲ့ ဆရာတော်ကြီးရဲ့ ခွင့်ပြုချက်အရ ကျောင်းမှာ ဘုန်းဘုန်းတို့က သီတင်းသုံးနေတာကို ရန်ကုန်တိုင်း သံဃဥက္ကဋ္ဌ အပါအဝင် ဒုဥက္ကဋ္ဌရယ်၊ အကျိုးတော်ဆောင်ရယ်၊ သန္တိသုခမှာနေတဲ့ တာဝန်ခံဆရာတော် သင်တန်းမှူးတို့အပြင် မဟနရဲ့ တတိယအဖွဲ့ခွဲ အလှည့်ကျ သံဃာ ၁၅ ပါးတို့ကို ပြန်လည် တရားစွဲတာဖြစ်တယ်။ ဖမ်းဆီးထားတဲ့ အခါမှာလည်း ရဲအစောင့်အရှောက်တွေနဲ့ ချုပ်နှောင်ခဲ့တယ်”  ဟု ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

လန်ဒန်ဆရာတော် ဦးဥတ္တရမှ ယင်းသို့ တရားစွဲဆိုမှုကို ဗဟန်းမြို့နယ် တရားသူကြီး ဦးရဲလွင်က “တာမွေမြို့နယ် တရားရုံးတွင် စစ်ဆေးဆဲအမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်ဖြစ်၍ ဦးတိုက်လျှောက်လွှာအား ပြန်ပေးကြောင်း” ဆရာတော်တို့အား ပြန်လည် လျှောက်ထားခဲ့သည်။

ယင်းသို့ ဗဟန်းမြို့နယ် တရားရုံးမှ လက်မခံသည့်အတွက် ခရိုင်၊ တိုင်းနှင့် ဗဟိုခုံရုံးများတွင် တရားဥပဒေအရ ဆက်လက်ရင်ဆိုင် သွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။ လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါးကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ညွှန်ကြားချက်အရဟုဆိုကာ ရန်ကုန်တိုင်း သာသနာရေးမှူး ဦးစိန်မော်က တရားလိုပြုလုပ်ပြီး ၂ဝ၁၄ ခုနှစ် ဇွန် ၁၃ ရက်တွင် တာမွေတရားရုံး၌ လူဝတ်လဲရုံးထုတ်ခဲ့ကာ အင်းစိန်ထောင်သို့ ပို့ခဲ့သည်။ ဇွန် ၂ဝ ရက်တွင် အာမခံဖြင့် ဆရာတော်များအား ပြန်လည်လွှတ်ပေးခဲ့ကာ ငါးကြိမ်မြောက် ရုံးချိန်းအဖြစ် ဇူလိုင် ၁၈ ရက် မွန်းတည့် ၁၂ နာရီတွင် ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

Eleven Media Group 

ဗဟန်းမြို့နယ် တရားရုံးရှေ့တွင် လန်ဒန်ဆရာတော် ဦးဥတ္တရ မိန့်ကြားနေစဉ် 
(ဓာတ်ပုံ-အောင်မျိုးသန့်)
ဗဟန်းမြို့နယ် တရားရုံးရှေ့တွင် လန်ဒန်ဆရာတော် ဦးဥတ္တရ မိန့်ကြားနေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တရားရုံး၌ လန်ဒန်ဆရာတော် ဦးဥတ္တရက နိုင်ငံတော် သံဃမဟာ နာယက တတိယအဖွဲ့ခွဲမှ အလှည့်ကျသံဃာ ၁၅ ပါးနှင့် ရန်ကုန်တိုင်း သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဦးဣဒ္ဓိ ဗလအပါအဝင် သံဃာအပါး ၂ဝ ကို မတရား တားဆီးကန့်ကွက်မှု၊ မတရားဖမ်းဆီး ချုပ်နှောင်ထားမှု စသည့် ပုဒ်မနှစ်ခုဖြင့်ပြန်လည် တရားစွဲဆိုမှုကို ဗဟန်းမြို့နယ် တရားသူကြီး က လက်မခံဘဲ ပယ်ချခဲ့ကြောင်း ဇူလိုင် ၁၆ ရက်က ဗဟန်းတရားရုံးတွင် တရားစွဲဆိုခဲ့သည့် ဆရာတော်ဦးဥတ္တရက မိန့်ကြားသည်။

ယင်းသို့ တရားစွဲဆိုမှုမှာ နိုင်ငံတော်သံဃမဟာ နာယကနှင့် ပီနန်ဆရာတော်ကြီးတို့အကြား အငြင်းပွားနေ သည့် သန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုနှင့် တိုက်ရိုက် သက်ဆိုင်မှုမရှိဘဲ သန္တိသုခကျောင်းတိုက်တွင် ဆရာတော်များ သီတင်းသုံးနေစဉ်အတွင်း နိုင်ငံတော်သံဃ မဟာနာယကနှင့်  တိုင်းသံ
ဃ အဖွဲ့များမှ ဆရာတော်များအား မတရားဖမ်းဆီး ခဲ့သောကြောင့် ယခုကဲ့သို့ ပြန်လည်တရားစွဲဆို ခြင်းဖြစ်ကြောင်း ဆရာတော် ဦးဥတ္တရက ဆက်လက်မိန့်ကြားသည်။

“ဒီနေ့တရားစွဲဆိုတာက မတရားတားဆီး ကန့်ကွက်တဲ့အမှုနဲ့ မတရားဖမ်းဆီး ချုပ်နှောင်ထားမှု အမှုနှစ်မှုနဲ့ ပြန်လည် တရားစွဲတာဖြစ်တယ်။ ဒါပေမဲ့ တရားသူကြီးက တာမွေတရားရုံးမှာ တရားရင်ဆိုင်ဆဲအမှု ဖြစ်တဲ့အတွက် အမှုကိုလက်မခံခဲ့ဘူး။ ပီနန်ဆရာတော်ကြီးရဲ့ ပိုင်ဆိုင်မှု အထောက်အထားနဲ့ ဆရာတော်ကြီးရဲ့ ခွင့်ပြုချက်အရ ကျောင်းမှာ ဘုန်းဘုန်းတို့က သီတင်းသုံးနေတာကို ရန်ကုန်တိုင်း သံဃဥက္ကဋ္ဌ အပါအဝင် ဒုဥက္ကဋ္ဌရယ်၊ အကျိုးတော်ဆောင်ရယ်၊ သန္တိသုခမှာနေတဲ့ တာဝန်ခံဆရာတော် သင်တန်းမှူးတို့အပြင် မဟနရဲ့ တတိယအဖွဲ့ခွဲ အလှည့်ကျ သံဃာ ၁၅ ပါးတို့ကို ပြန်လည် တရားစွဲတာဖြစ်တယ်။ ဖမ်းဆီးထားတဲ့ အခါမှာလည်း ရဲအစောင့်အရှောက်တွေနဲ့ ချုပ်နှောင်ခဲ့တယ်”  ဟု ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

လန်ဒန်ဆရာတော် ဦးဥတ္တရမှ ယင်းသို့ တရားစွဲဆိုမှုကို ဗဟန်းမြို့နယ် တရားသူကြီး ဦးရဲလွင်က “တာမွေမြို့နယ် တရားရုံးတွင် စစ်ဆေးဆဲအမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်ဖြစ်၍ ဦးတိုက်လျှောက်လွှာအား ပြန်ပေးကြောင်း” ဆရာတော်တို့အား ပြန်လည် လျှောက်ထားခဲ့သည်။

ယင်းသို့ ဗဟန်းမြို့နယ် တရားရုံးမှ လက်မခံသည့်အတွက် ခရိုင်၊ တိုင်းနှင့် ဗဟိုခုံရုံးများတွင် တရားဥပဒေအရ ဆက်လက်ရင်ဆိုင် သွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။ လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါးကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ညွှန်ကြားချက်အရဟုဆိုကာ ရန်ကုန်တိုင်း သာသနာရေးမှူး ဦးစိန်မော်က တရားလိုပြုလုပ်ပြီး ၂ဝ၁၄ ခုနှစ် ဇွန် ၁၃ ရက်တွင် တာမွေတရားရုံး၌ လူဝတ်လဲရုံးထုတ်ခဲ့ကာ အင်းစိန်ထောင်သို့ ပို့ခဲ့သည်။ ဇွန် ၂ဝ ရက်တွင် အာမခံဖြင့် ဆရာတော်များအား ပြန်လည်လွှတ်ပေးခဲ့ကာ ငါးကြိမ်မြောက် ရုံးချိန်းအဖြစ် ဇူလိုင် ၁၈ ရက် မွန်းတည့် ၁၂ နာရီတွင် ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment