Wednesday 11 June 2014

တိုင်းရင်းသားပြည်နယ်များတွင် PR စနစ်ကျင့်သုံးပါက လူထုဆန္ဒထုတ်ဖော် ၍ ဆန့်ကျင်မည်ဟု NBF အဖွဲ့ဝင် တိုင်းရင်းသားပါတီများ ထုတ်ပြန်

တိုင်းရင်းသားပြည်နယ်များတွင် ရွေးကောက်ပွဲစနစ်အား PR စနစ်ကျင့်သုံးပါက လူထုဆန္ဒထုတ်ဖော်၍ ဆန့်ကျင် ဆောင်ရွက်သင့်က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေး ရှင်း (NBF) အဖွဲ့ဝင်တိုင်းရင်းသားပါတီများ၏ သဘောထားအမြင်များကို ထုတ်ပြန်ခဲ့သည်။ 

နေပြည်တော်ရှိ မောခမ်းနွံစားသောက်ဆိုင်၌ ၂၀၁၄ ခုနှစ် ဇွန် ၁၀ ရက်ကပြုလုပ်သည့် လာမည့် ရွေးကောက်ပွဲ များတွင် PR စနစ်အသုံးပြုရန် ကြိုးပမ်းနေမှုအပေါ် ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်း ပွဲပြု လုပ် ခဲ့ပြီး အဆိုပါသဘောထားအမြင်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားမျိုးနွယ်စု အခြေခံဖွဲ့စည်းထားသော ဌာနေတိုင်းရင်းသား လူနည်းစုပါတီများ၏အင်အားသည် မိမိသက်ဆိုင်ရာ တိုင်းရင်းသားနယ်မြေများတွင်သာ အများဆုံးရှိပြီး တစ်နိုင်ငံလုံးအား လွှမ်းခြုံနိုင်ခြင်း မရှိကြောင်း၊ သို့ရာတွင် လူများစုတိုင်းရင်းသားများပါဝင်သော ပါတီများသည် တစ်နိုင်ငံလုံးလွှမ်းခြုံ၍ မဲအများဆုံးရရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သို့ဖြစ်၍ ပြည်နယ်အခြေပြု မျိုးနွယ်စု အခြေပြုတိုင်းရင်းသားပါတီများရရှိသည့် မဲအချိုးနည်း၍ လူနည်းစု တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်တွင်း ကွယ်ပျောက်သွားနိုင်ကြောင်း၊ တိုင်းရင်း သား လူနည်းစုကိုယ်စားလှယ်များ လွှတ်တော်တွင်း ပါဝင်ခွင့်မရရှိလျှင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက်နိုင်မည်မဟုတ်ကြောင်း၊ အကျိုးဆက်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေး လုံးဝတည်ဆောက်နိုင်မည်မဟုတ်ကြောင်းနှင့် နှစ်ပေါင်း ၆၀ ကျော်နေပြီဖြစ်သည့် တိုင်းရင်း သား လက်နက်ကိုင်ပဋိပက္ခ အစဉ်သက်ဆိုးရှည်နေမည်ဖြစ်ကြောင်း အချက်လည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။ 

ရခိုင်အမျိုးသားပါတီ ဒုတိယခေါင်းဆောင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က "PR စနစ်ကိုပြောင်းစေချင်ရင် ကျွန်တော်တို့နိုင်ငံသဘာဝ၊ ယဉ်ကျေးမှုပါတယ်။ သူများနိုင်ငံမှာ မျိုးနွယ်စု မများဘူး။ ကျွန်တော်တို့ဆီမှာ မျိုးနွယ်စုတွေများတယ်။ သူများနိုင်ငံမှာပြဋ္ဌာန်းလို့ ကျွန်တော်တို့နိုင်ငံမှာ ပြဋ္ဌာန်းရမယ်ဆိုတာ မရှိသင့်ဘူး။ စနစ်တစ်ခုကို ပြဋ္ဌာန်းမယ်ဆိုရင် လူထုနဲ့အံဝင်ခွင်ကျ ရှိ၊ မရှိကို သုံးသပ်ရမယ်။ ဖွဲ့စည်းပုံမကိုက်ဘူး။ ရွေးကောက်ပွဲဥပဒေနဲ့ မကိုက်ဘူး။ ပြောင်းချင်ရင် ပြည်ထောင်စု လွှတ်တော်ကနေ ဥပဒေပြန်ပြဋ္ဌာန်းပေးမှရမယ်။ ဒီဟာနဲ့ပတ်သက်လို့ အလေ့အကျင့်တွေလိုတယ်။ ပါတီစုရဲ့သဘောထား၊ ပြည်သူ ရဲ့သဘောထားလိုတယ်" ဟု ပြောကြားသည်။ 

PR စနစ်ကျင့်သုံးရန် ကြိုးပမ်းသူသည် တိုင်းရင်းသားလူမျိုးစုငယ်များ၏ ဘုံရန်သူဖြစ်လာနိုင်ခြေရှိကြောင်း၊ PR စနစ်တွင် မဲပေးပိုင်ခွင့်ရှိသူဦးရေအပေါ် အခြေခံ၍ ကိုယ်စားလှယ်ဦးရေ သတ်မှတ်မည်ဖြစ်သဖြင့် လူဦးရေအချိုးနည်းသော ဌာနေတိုင်းရင်းသားများ၏ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ခွင့် အလွန်နည်းပါးကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။ 

"တိုင်းရင်းသားတွေမှာ စာတတ်မြောက်မှုနည်းတယ်။ အခုဟာကို နားလည်အောင် မနည်းလုပ်ရတယ်။ PR စနစ်လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေ သဘောပေါက်မှု အားနည်းပြီးတော့ အကုန်လုံးရွေးကောက်ပွဲကို စိတ်ဝင်စားမှုအားနည်းသွားနိုင်မယ်။ လတ်တလောကတော့ စနစ်ကို အချိန်ပေးပြီး လုပ်ဆောင်သင့်ပါတယ်။ ဒီဟာကို ချက်ချင်းအကောင်အထည်ဖော်ရင် ရှုပ်ထွေးမှုတွေဖြစ်ကုန်မယ်။ ရှုပ်ထွေးမှုဖြစ်လာရင် ကျွန်တော်တို့ တိုင်းရင်းသားက အားနည်းတဲ့ဘက်မှာရှိလို့ အများကြီးအားနည်းသွားနိုင်တယ်။ ကျွန်တော်တို့ ဒီဟာကို မလုပ်ချင်တဲ့ဆန္ဒရှိပါတယ်" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှကျော်က ပြောကြားသည်။ 

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းကို တိုင်းရင်းသားပါတီ ၂၀ ဖြင့် ဖွဲ့စည်းထားကာ ရွေးကောက်ပွဲ များတွင် PR စနစ်အသုံးပြုရန် ကြိုးပမ်းနေမှုအပေါ် ကန့်ကွက်ကြောင်း ယခင်ကလည်း ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယခုတစ်ဖန် အမျိုးသားလွှတ်တော်အတွက် ရွေးကောက်ပွဲစနစ်အား PR စနစ်ကျင့်သုံးရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လွှတ်တော်သို့ တင်ပြလာမှုအပေါ်  ထပ်မံကန့်ကွက်ပြောဆိုမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment