Wednesday 11 June 2014

ထောင်ဒဏ်ကိုးနှစ်ကျော်မှ ငါးနှစ်အထိ လျှော့ပေါ့ကျခံစေရန် အမိန့်ချမှတ် ခံရသည့် သရုပ်ဆောင်မေဇွန်အမှုကို ပြင်ဆင်ပေးရန် တိုင်းဥပဒေအရာရှိက ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်သွင်း

Photo: ထောင်ဒဏ်ကိုးနှစ်ကျော်မှ ငါးနှစ်အထိ လျှော့ပေါ့ကျခံစေရန် အမိန့်ချမှတ် ခံရသည့် သရုပ်ဆောင်မေဇွန်အမှုကို ပြင်ဆင်ပေးရန် တိုင်းဥပဒေအရာရှိက ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်သွင်း
Wednesday, June 11, 2014

အိမ်အကူမလေးတစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ထောင်ဒဏ်ကိုးနှစ်ကျော် ချမှတ်ခံခဲ့ရသည့် သရုပ်ဆောင်မေဇွန် ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားရုံး တွင် ပြစ်ဒဏ်လျှော့ပေါ့သည့် အယူခံ အောင်မြင်ခဲ့မှုအား ပြင်ဆင်ပေးရန် ရန်ကုန်တိုင်းဥပဒေအရာရှိက နေပြည်တော် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်သွင်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

သရုပ်ဆောင်မေဇွန်၏ အယူခံဝင်မှုအား တိုင်းတရားရုံးမှ ထောင်ဒဏ်ငါးနှစ် လျော့ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီးနောက် တိုင်းဥပဒေအရာရှိက ယင်းပြစ်ဒဏ် လျှော့ပေါ့မှု အယူခံအား ပြင်ဆင်ပေးရန် နေပြည်တော် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မေဇွန်က လူသတ်မှုနဲ့ ၂၀၁၃ ခုနှစ်အတွင်းက ထောင်ဒဏ်ကိုးနှစ်လေးလ ချမှတ်ခံခဲ့ရတယ်။ သူ့အနေနဲ့ ဒီပြစ်ဒဏ်ကို တိုင်းတရားရုံးမှာ အယူခံဝင်ခဲ့တယ်။ တိုင်းတရားရုံးက သူ့ရဲ့အယူခံကို လက်ခံစစ်ဆေးပြီးတော့ ပြစ်ဒဏ်ငါးနှစ် လျှော့ချခဲ့ပါတယ်။ ပြစ်ဒဏ်လျှော့ချခဲ့မှုအပေါ် ပြင်ဆင်ပေးဖို့ တိုင်းဥပဒေအရာရှိက နေပြည်တော် ဥပဒေရုံးချုပ်ကို တင်သွင်းထားတယ်လို့လည်း သိရပါတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးဝင်းကြည်က ဇွန် ၁၀ ရက်တွင် The Daily Eleven သတင်းစာသို့ ဖြေကြားခဲ့သည်။

ထို့အပြင် သရုပ်ဆောင်မေဇွန် အယူခံဝင် အောင်မြင်မှုကို ဇူလိုင် ၇ ရက်တွင် အင်းစိန်ထောင်အတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထောင်ပိုင်ကြီး ဦးကျော်ဌေးက ပြောပြခဲ့ခြင်းဖြစ်ပြီး အသေးစိတ် သိလိုသည်များကို ဇူလိုင် ၁၀ ရက်တွင် ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမှု မရှိခဲ့ပေ။

သရုပ်ဆောင်မေဇွန်ကို အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး(၃)က ၂၀၁၃ ခုနှစ် ဇွန် ၂၀ ရက်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ကိုးနှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ်သုံးလနှင့် ပုဒ်မ ၃၂၃ အရ ထောင်ဒဏ်တစ်လတို့ကို သီးခြားကျခံစေရန်နှင့် ချုပ်ရက်ကို ထုတ်နုတ်ခံစားစေဟု အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေဇွန်မှာ MRTV-4 က ရိုက်ကူးသည့် Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်ညက ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ဗဟိုလမ်းတွင် အိမ်ဖော်မလေးတစ်ဦး သေဆုံးမှု နှင့်ပတ်သက်ပြီး တရားစွဲဆိုခြင်းခံရကာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဆေးမှတ်တမ်းများအရ သေဆုံးခဲ့သည့် အိမ်အကူမလေး မနုနုလွင်သည် နောက်စေ့၊ လက်မောင်း၊ ပခုံးတို့၌ ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပြီး လက်ဖျံ၊ ယာလက်ကောက် ၀တ်နှင့်ဝဲပါးစောင်းတွင် သွေးခြည်ဥသည့် ဒဏ်ရာများနှင့်တကွ အရေပြားတွင် အစင်းရာများ တွေ့ရှိခဲ့ကာ သေဆုံးပြီး ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူသည် ရရှိသည့် ဒဏ်ရာများကြောင့် ကျောက်ကပ်ပျက်စီးပြီး ဇီဝကမ္မဖြစ်စဉ်အရ စိတ်ဓာတ်ကျဆင်း၍ သေဆုံးနိုင်ဖွယ်ရှိကြောင်း ဆေးစာတွင် ဖော်ပြချက်အရ စစ်ဆေးတွေ့ရှိရကြောင်း အမိန့်ချမှတ်ခဲ့သည့် တရားရုံးမှတ်တမ်းများအရ သိရသည်။ 

Eleven Media Group 

သရုပ်ဆောင်မေဇွန်ကို ၂၀၁၃ ခုနှစ် ဇွန်၂၀ ရက်က အနောက်ပိုင်းခရိုင် တရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
သရုပ်ဆောင်မေဇွန်ကို ၂၀၁၃ ခုနှစ် ဇွန်၂၀ ရက်က အနောက်ပိုင်းခရိုင် တရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
အိမ်အကူမလေးတစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ထောင်ဒဏ်ကိုးနှစ်ကျော် ချမှတ်ခံခဲ့ရသည့် သရုပ်ဆောင် မေဇွန် ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားရုံး တွင် ပြစ်ဒဏ်လျှော့ပေါ့သည့် အယူခံ အောင်မြင်ခဲ့မှုအား ပြင်ဆင်ပေးရန် ရန်ကုန်တိုင်းဥပဒေအရာရှိက နေပြည်တော် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်သွင်း ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

သရုပ်ဆောင်မေဇွန်၏ အယူခံဝင်မှုအား တိုင်းတရားရုံးမှ ထောင်ဒဏ်ငါးနှစ် လျော့ကျခံစေရန် အမိန့်ချမှတ် ခဲ့ပြီးနောက် တိုင်းဥပဒေအရာရှိက ယင်းပြစ်ဒဏ် လျှော့ပေါ့မှု အယူခံအား ပြင်ဆင်ပေးရန် နေပြည်တော် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မေဇွန်က လူသတ်မှုနဲ့ ၂၀၁၃ ခုနှစ်အတွင်းက ထောင်ဒဏ်ကိုးနှစ်လေးလ ချမှတ်ခံခဲ့ရတယ်။ သူ့အနေနဲ့ ဒီပြစ်ဒဏ်ကို တိုင်းတရားရုံးမှာ အယူခံဝင်ခဲ့တယ်။ တိုင်းတရားရုံးက သူ့ရဲ့အယူခံကို လက်ခံစစ်ဆေးပြီးတော့ ပြစ်ဒဏ်ငါးနှစ် လျှော့ချခဲ့ပါတယ်။ ပြစ်ဒဏ်လျှော့ချခဲ့မှုအပေါ် ပြင်ဆင်ပေးဖို့ တိုင်းဥပဒေအရာရှိက နေပြည်တော် ဥပဒေရုံးချုပ်ကို တင်သွင်းထားတယ်လို့လည်း သိရပါတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးဝင်းကြည်က ဇွန် ၁၀ ရက်တွင် The Daily Eleven သတင်းစာသို့ ဖြေကြားခဲ့သည်။

ထို့အပြင် သရုပ်ဆောင်မေဇွန် အယူခံဝင် အောင်မြင်မှုကို ဇူလိုင် ၇ ရက်တွင် အင်းစိန်ထောင်အတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထောင်ပိုင်ကြီး ဦးကျော်ဌေးက ပြောပြခဲ့ခြင်းဖြစ်ပြီး အသေးစိတ် သိလိုသည်များကို ဇူလိုင် ၁၀ ရက်တွင် ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမှု မရှိခဲ့ပေ။

သရုပ်ဆောင်မေဇွန်ကို အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး(၃)က ၂၀၁၃ ခုနှစ် ဇွန် ၂၀ ရက်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ကိုးနှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် သုံးလနှင့် ပုဒ်မ ၃၂၃ အရ ထောင်ဒဏ်တစ်လတို့ကို သီးခြားကျခံစေရန်နှင့် ချုပ်ရက်ကို ထုတ်နုတ်ခံစားစေ ဟု အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေဇွန်မှာ MRTV-4 က ရိုက်ကူးသည့် Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်ညက ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ဗဟိုလမ်းတွင် အိမ်ဖော်မလေးတစ်ဦး သေဆုံးမှု နှင့်ပတ်သက်ပြီး တရားစွဲဆိုခြင်းခံရကာ ပြစ်ဒဏ်ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။

ဆေးမှတ်တမ်းများအရ သေဆုံးခဲ့သည့် အိမ်အကူမလေး မနုနုလွင်သည် နောက်စေ့၊ လက်မောင်း၊ ပခုံးတို့၌ ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပြီး လက်ဖျံ၊ ယာလက်ကောက် ၀တ်နှင့်ဝဲပါးစောင်းတွင် သွေးခြည်ဥသည့် ဒဏ်ရာ များနှင့် တကွ အရေပြားတွင် အစင်းရာများ တွေ့ရှိခဲ့ကာ သေဆုံးပြီး ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူသည် ရရှိသည့် ဒဏ်ရာများကြောင့် ကျောက်ကပ်ပျက်စီးပြီး ဇီဝကမ္မဖြစ်စဉ်အရ စိတ်ဓာတ်ကျဆင်း၍ သေဆုံးနိုင် ဖွယ် ရှိကြောင်း ဆေးစာတွင် ဖော်ပြချက်အရ စစ်ဆေးတွေ့ရှိရကြောင်း အမိန့်ချမှတ်ခဲ့သည့် တရားရုံး မှတ်တမ်း များအရ သိရသည်။ 

Eleven Media Group 

No comments:

Post a Comment