Wednesday 11 June 2014

မြန်မာ့ဆက်သွယ်ရေးကွန်ရက်အများပိုင်ကုမ္ပဏီက ဝန်ထမ်းများကို Bonus ရှယ်ယာပေး

Photo: မြန်မာ့ဆက်သွယ်ရေးကွန်ရက်အများပိုင်ကုမ္ပဏီက ဝန်ထမ်းများကို Bonus ရှယ်ယာပေး
Wednesday, June 11, 2014

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း အော်တိုအိတ်ချိန်းဌာနအား ပုဂ္ဂလိကကုမ္ပဏီအဖြစ် လုပ်ပိုင်ခွင့်ရရှိထား သော မြန်မာ့ဆက်သွယ်ရေး ကွန်ရက် အ များပိုင်ကုမ္ပဏီ(MTN) က အော်တိုတယ်လီ ဖုန်းဌာန ဝန်ထမ်းများကို Bonus ရှယ်ယာ များပေးအပ်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် အော်တိုတယ် လီဖုန်းဌာန(Outside Plant-OSP)၏ ပြု ပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ယင်းကုမ္ပဏီ အနေဖြင့် တာဝန်ယူ လုပ်ကိုင်ပြီး နောက် ကုမ္ပဏီပိုင်ဝန်ထမ်းများကို လုပ်ငန်းလည် ပတ်ပြီး တစ်လပြည့်သည့်နေ့ တွင် Bonus ရှယ်ယာများကို ဇွန် ၅ ရက်က မရမ်းကုန်း အိတ်ချိန်းဌာနတွင် ထုတ်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ရှယ်ယာတစ်စောင်လျှင် ကျပ် ၁ဝဝဝဝ တန်ဖိုးရှိသော အသိအမှတ်ပြုလက် မှတ်များအား အော်တိုတယ်လီဖုန်းဌာန ဝန် ထမ်း ၇၅ ဦးကို Bonus ရှယ်ယာများပေး အပ်ခဲ့ကြောင်း သိရသည်။

''အထူးသဖြင့်တော့ ကျွန်တော် တို့ရဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို ရှယ် ယာရှင်တွေ ပြန်ဖြစ်စေချင်တာပါ။ သူတို့ လဲ သူတို့ကုမ္ပဏီဆိုတဲ့စိတ်နဲ့ လုပ်လို့ရတာ ပေါ့''ဟု ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းအောင်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးကွန်ရက် အများပိုင်ကုမ္ပဏီ (MTN) အနေဖြင့် မေ ၁ ရက်မှစတင်ကာ မရမ်းကုန်းအော်တိုတယ် လီဖုန်းဌာနကို ပြောင်းလဲ တာဝန်ယူကာ ပြု ပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင် ခဲ့ပြီး လက်ရှိတွင် ရှယ်ယာရှင်ပေါင်း ၃ဝဝ ခန့်ရှိကြောင်း သိရသည်။

Yangon Media Group
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း အော်တိုအိတ်ချိန်းဌာနအား ပုဂ္ဂလိကကုမ္ပဏီအဖြစ် လုပ်ပိုင်ခွင့်ရရှိထား သော မြန်မာ့ဆက်သွယ်ရေး ကွန်ရက် အ များပိုင်ကုမ္ပဏီ(MTN) က အော်တိုတယ်လီ ဖုန်းဌာန ဝန်ထမ်းများကို Bonus ရှယ်ယာ များပေးအပ်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် အော်တိုတယ် လီဖုန်းဌာန(Outside Plant-OSP)၏ ပြု ပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ယင်းကုမ္ပဏီ အနေဖြင့် တာဝန်ယူ လုပ်ကိုင်ပြီး နောက် ကုမ္ပဏီပိုင်ဝန်ထမ်းများကို လုပ်ငန်းလည် ပတ်ပြီး တစ်လပြည့်သည့်နေ့ တွင် Bonus ရှယ်ယာများကို ဇွန် ၅ ရက်က မရမ်းကုန်း အိတ်ချိန်းဌာနတွင် ထုတ်ပေး ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ရှယ်ယာတစ်စောင်လျှင် ကျပ် ၁ဝဝဝဝ တန်ဖိုးရှိသော အသိအမှတ်ပြုလက် မှတ်များအား အော်တိုတယ်လီ ဖုန်းဌာန ဝန် ထမ်း ၇၅ ဦးကို Bonus ရှယ်ယာများပေး အပ်ခဲ့ကြောင်း သိရသည်။

''အထူးသဖြင့်တော့ ကျွန်တော် တို့ရဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို ရှယ် ယာရှင်တွေ ပြန်ဖြစ်စေချင်တာပါ။ သူတို့ လဲသူတို့ကုမ္ပဏီဆိုတဲ့စိတ်နဲ့ လုပ်လို့ရတာပေါ့''ဟု ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းအောင် က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးကွန်ရက် အများပိုင်ကုမ္ပဏီ (MTN) အနေဖြင့် မေ ၁ ရက်မှစတင်ကာ မရမ်းကုန်း အော်တိုတယ် လီဖုန်းဌာနကို ပြောင်းလဲ တာဝန်ယူကာ ပြု ပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် ရှယ်ယာရှင်ပေါင်း ၃ဝဝ ခန့်ရှိကြောင်း သိရသည်။

Yangon Media Group 

No comments:

Post a Comment