Wednesday 11 June 2014

ဘိုကိုဟာရမ်သူပုန်များက အမျိုးသမီး ၂၀ ကျော်ကို ပြန်ပေးဆွဲပြန် နိုင်ဂျီးရီးယားအစိုးရ ပြည်သူ့လုံခြုံရေးကို တာဝန်ယူနိုင်စွမ်းမရှိဟု ဝေဖန်ခံနေရ

Photo: ဘိုကိုဟာရမ်သူပုန်များက အမျိုးသမီး ၂၀ ကျော်ကို ပြန်ပေးဆွဲပြန် နိုင်ဂျီးရီးယားအစိုးရ ပြည်သူ့လုံခြုံရေးကို တာဝန်ယူနိုင်စွမ်းမရှိဟု ဝေဖန်ခံနေရ
Wednesday, June 11, 2014

ကျောင်းသူသုံးရာထက်မနည်း ပြန်ပေးဆွဲထားသော ဘိုကိုဟာရမ် အဖွဲ့သည် ချီဗော့အနီးရှိ နိုင်ဂျီးရီး ယားအရှေ့မြောက်ပိုင်းတွင် နေထိုင် သော အမျိုးသမီး ၂ဝ ကျော်ကို ထပ်မံ ပြန်ပေးဆွဲသွားခဲ့သည်။

ဘိုကိုဟာရမ်အဖွဲ့သည် အမျိုး သမီးများကို သေနတ်ဖြင့် ချိန်ရွယ်၍ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ ၄င်းတို့ကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့ သော လူငယ်သုံးဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါပြန်ပေးဆွဲမှုသည် ချီ ဗော့အနီး ကင်းမရွန်းနယ်စပ် တွင် ကျောင်းသူနှစ်ရာကျော်ကို ပြန် ပေးဆွဲမှုနောက်ပိုင်း ထပ်မံဖြစ်ပွားခဲ့ သောဖြစ်ရပ်ဖြစ်သည်။ ကာကွယ်ရေး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ ချရစ်၏ အင်တာနက် စာမျက်နှာတစ်ခုတွင် ဘော်ဒိုပြည်နယ်နှင့် အက်ဒမာဝါ ပြည်နယ်တို့တွင် ဘိုကိုဟာရမ်အဖွဲ့၏ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှု ကို ၄င်း၏တပ်ဖွဲ့ဝင်များက တားဆီးခဲ့ ပြီး စစ်သွေးကြွ ၅ဝကျော်ကို နှိမ်နင်း နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
နိုင်ဂျီးရီးယားအစိုးရသည် ဘို ကိုဟာရမ်အဖွဲ့၏ အဖျက်အမှောင့် လုပ်ရပ်များကိုမတားဆီးနိုင်ခြင်းနှင့် လုံခြုံရေးကို တာဝန်ယူနိုင်စွမ်းမရှိ ခြင်းတို့ကြောင့် နိုင်ဂျီးရီးယား ပြည်သူ တို့၏ဝေဖန်မှုများကို ခံနေရသည်။

နိုင်ဂျီးရီးယားအစိုးရအနေဖြင့် ဘိုကိုဟာရမ်အဖွဲ့၏ အကြမ်းဖက်လုပ် ရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ပြည် တွင်းသာမက ပြည်ပနိုင်ငံများ၏ ဖိ အားပေးမှုကိုပါ ရင်ဆိုင်နေရသည်။

ဘီဘီစီ
ကျောင်းသူသုံးရာထက်မနည်း ပြန်ပေးဆွဲထားသော ဘိုကိုဟာရမ် အဖွဲ့သည် ချီဗော့အနီးရှိ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းတွင် နေထိုင် သော အမျိုးသမီး ၂ဝ ကျော်ကို ထပ်မံ ပြန်ပေးဆွဲသွားခဲ့သည်။

ဘိုကိုဟာရမ်အဖွဲ့သည် အမျိုး သမီးများကို သေနတ်ဖြင့် ချိန်ရွယ်၍ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ ၄င်းတို့ကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့ သော လူငယ်သုံးဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါပြန်ပေးဆွဲမှုသည် ချီဗော့အနီး ကင်းမရွန်းနယ်စပ် တွင် ကျောင်းသူနှစ်ရာကျော်ကို ပြန် ပေးဆွဲမှု နောက်ပိုင်း ထပ်မံဖြစ်ပွားခဲ့ သောဖြစ်ရပ်ဖြစ်သည်။ ကာကွယ်ရေး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ ချရစ်၏ အင်တာနက် စာမျက်နှာတစ်ခုတွင် ဘော်ဒိုပြည်နယ်နှင့် အက်ဒမာဝါ ပြည်နယ်တို့တွင် ဘိုကိုဟာရမ်အဖွဲ့၏ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှု ကို ၄င်း၏တပ်ဖွဲ့ဝင်များက တားဆီးခဲ့ ပြီး စစ်သွေးကြွ ၅ဝကျော်ကို နှိမ်နင်း နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ 

နိုင်ဂျီးရီးယားအစိုးရသည် ဘို ကိုဟာရမ်အဖွဲ့၏ အဖျက်အမှောင့် လုပ်ရပ်များကိုမတားဆီးနိုင်ခြင်းနှင့် လုံခြုံရေး ကို တာဝန်ယူနိုင်စွမ်းမရှိ ခြင်းတို့ကြောင့် နိုင်ဂျီးရီးယား ပြည်သူ တို့၏ဝေဖန်မှုများကို ခံနေရသည်။

နိုင်ဂျီးရီးယားအစိုးရအနေဖြင့် ဘိုကိုဟာရမ်အဖွဲ့၏ အကြမ်းဖက်လုပ် ရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ပြည် တွင်းသာမက ပြည်ပနိုင်ငံများ၏ ဖိ အားပေးမှုကိုပါ ရင်ဆိုင်နေရသည်။

ဘီဘီစီ 

No comments:

Post a Comment