Wednesday 11 June 2014

လေဆိပ်နှင့် ကမ်းရိုးတန်းများတွင် Mobile Team များ ထားရှိမည်

တရားမ၀င် ကုန်ပစ္စည်းကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုအဖွဲ့ (Mobile team) က တရားမ၀င် ကုန် သွယ်မှု တားဆီး စစ်ဆေးခြင်းလုပ်ငန်းများကို ဇွန်လမှစတင်၍ လေဆိပ်များနှင့် ကမ်းရိုးတန်း ဒေသများတွင် ပါ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်သည်ဟု တရားမ၀င်ကုန်ပစ္စည်း ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ဇွန်လ ၁၀ ရက်တွင် မဇ်္ဈိမကို ပြောသည်။ 

 “ ကျွန်တော်တို့ လေဆိပ်တွေနဲ့ ကမ်းရိုးတန်းတွေမှာပါ တိုးချဲ့စစ်ဆေးဖို့ကို ဗဟိုကော်မတီ အစည်းအဝေး ကျင်းပနေပါတယ်။ လေဆိပ်နဲ့ ကမ်းရိုးတန်းဒေသတွေမှာ Mobile Team တွေထားရှိဖို့ကို ဒီလအတွင်း ဆောင်ရွက်သွားမှာပါ” ဟု ဦးမြင့်ကျော်က ပြောသည်။ 

ယခု လက်ရှိအချိန်တွင် ဆိမ်ကမ်း ခြောက်ခုနှင့် နယ်စပ်စခန်းခြောက်ခုတို့တွင် Mobile Team များထားရှိ၍ တရားမ၀င်ကုန်ပစ္စည်းများကို ဖမ်းဆီးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။ 

Mobile Team များလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဆိပ်ကမ်းခြောက်ခုမှာ သာကေတဆိမ်ကမ်း၊ ယုဇန ဆိပ်ကမ်း၊ ၀ါးတန်းဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ဘုရင့်နောင် ဆိပ်ကမ်းနှင့် ဗားကရား ဆိပ်ကမ်းများဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ 

“အခုလက်ရှိမှာ ကောသောင်း၊ ဘိတ်နဲ့ စစ်တွေဘက်တွေမှာ တရားမ၀င် ကုန်စည်တင်ဆောင်လာတဲ့ လှေတွေ ကို ဖမ်းဆီးမှုတွေ ရှိနေပါတယ်” ဟုလည်း ဦးမြင့်ကျော်က ပြောသည်။တရားမ၀င် ကုန်ပစ္စည်း ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုအဖွဲ့ (Mobile Team) ကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာတွင် စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်တွင် တရားမ၀င်ကုန်ပစ္စည်းများကိုစတင် ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။ ၂၀၁၃ ခုနှစ်မှ ယနေ့အထိ ဖမ်းဆီးရမီသည့် တရားမ၀င်ကုန်စည် စုစုပေါင်းတန်ဖိုးမှာ ကျပ် ငွေ ၁၂ ဘီလီယံရှိကြောင်း သိရသည်။ 

Mizzima - News in Burmese 

No comments:

Post a Comment