Wednesday 11 June 2014

ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် ကစားရန် မစောင့် နိုင်တော့ကြောင်း မိုဒရစ် ပြောကြား

Photo: ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် ကစားရန် မစောင့် နိုင်တော့ကြောင်း မိုဒရစ် ပြောကြား
Wednesday, June 11, 2014 

ဘရာဇီး၊ ဇွန် ၁၁။ ခရိုအေးရှား အသင်း၏ အဓိက ကွင်းလယ် ကစားသမား မိုဒရစ်က ဘရာဇီးနှင့် ယှဉ်ပြိုင် ရမည့် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် အတွက် မစောင့်နိုင် တော့ကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဗိုလ်စွဲ နိုင်ခဲ့ ပြီးနောက် ၎င်း၏ စိတ်ဓာတ်နှင့် ကြံ့ခိုင်မှုမှာ အကောင်းဆုံး ပုံစံတွင် ရှိနေ ကြောင်းလည်း မိုဒရစ်က ဆိုခဲ့သည်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင် ခဲ့ရသော မိုဒရစ်၊ ယူရိုပါလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင်ခဲ့ ရသော ရာကီတစ်နှင့် ခရိုအေးရှား အသင်း၏ အဓိက ကစားသမား အချို့မှာ ဥရောပ ဘောလုံး ရာသီ ပြီးဆုံး ချိန်တွင် အခြား ကစားသမား များထက် နားရက် ပိုမို ရယူခဲ့ကြ သော်လည်း ယခု အချိန်တွင် ကစားသမား အားလုံးမှာ ဘရာဇီးနှင့် ပွဲစဉ် အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

မိုဒရစ်က “ကျွန်တော့်ရဲ့ အခြေအနေက အားလုံး ကောင်းပါတယ်။ စိတ်ဓာတ်ပိုင်းမှာ အကောင်းဆုံး ဖြစ်နေ သလို ကြံ့ခိုင်မှု ပိုင်းကလည်း အပြည့်ပါပဲ။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီး အနည်းငယ် အနားယူ ခဲ့ပြီးနောက် ခရိုအေးရှား အသင်း အတွက် အပြည့်အ၀ အာရုံစိုက် ထားပါတယ်။ ဘရာဇီးနဲ့ ပွဲအတွက် လုံးဝ အဆင်သင့် ဖြစ်နေပါပြီ။ ဒီပွဲကို ကစားဖို့ မစောင့်နိုင် တော့ပါဘူး” ဟု ပြောကြား ခဲ့သည်။

ခရိုအေးရှား အသင်းသည် ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ခြေစစ်ပွဲ အောင်မြင် ခဲ့ခြင်း မရှိခဲ့ သလို ယူရို ၂၀၁၂ ပြိုင်ပွဲ တွင်လည်း အုပ်စု အဆင့်မှ ထွက်ခွာ ခဲ့ရသည်။ ပြီးခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ် များတွင်လည်း ရုန်းကန် ခဲ့ရပြီး အိုက်စလန်ကို Play off ပွဲစဉ်တွင် အနိုင်ရကာ ခြေစစ်ပွဲေ အာင်မြင် ခဲ့ခြင်း ဖြစ်သည်။

ထိုကိစ္စ များနှင့် ပတ်သက်၍ မိုဒရစ်က “ကျွန်တော်တို့ အသင်းမှာ တစ်ဦးချင်း ထူးချွန်တဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ဒီပြိုင်ပွဲ ကြီးမှာ ကျွန်တော်တို့ အသင်းရဲ့ တိုးတက် လာမှုကို အားလုံး မြင်တွေ့ ရမှာပါ။ ပြီးခဲ့တဲ့ နှစ်နှစ်က ယူရို ပြိုင်ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံး ကစား နိုင်ခဲ့ပေမယ့် အနည်းငယ် ကံဆိုးခဲ့လို့ အုပ်စု ကနေ ထွက်ခဲ့ရ ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ မှာလည်း ပြဿနာ အနည်းငယ် ရှိခဲ့ပေမယ့် ဒီပြိုင်ပွဲ ကြီးမှာတော့ အောင်မြင်မှု တစ်ခုခု ရယူနိုင် မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမဆုံး ရည်မှန်းချက် ကတော့ အုပ်စုကနေ နောက်တစ်ဆင့်ကို တက်နိုင်ဖို့ပါ” ဟု ဆိုခဲ့သည်။

Ref: goal
Mizzima Sport News
ခရိုအေးရှားအသင်း၏ အဓိကကွင်းလယ်ကစားသမား မိုဒရစ်ကဘရာဇီးနှင့် ယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် အတွက် မစောင့်နိုင် တော့ကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဗိုလ်စွဲ နိုင်ခဲ့ ပြီးနောက် ၎င်း၏ စိတ်ဓာတ်နှင့် ကြံ့ခိုင်မှုမှာ အကောင်းဆုံး ပုံစံတွင် ရှိနေ ကြောင်းလည်း မိုဒရစ်က ဆိုခဲ့သည်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင် ခဲ့ရသော မိုဒရစ်၊ ယူရိုပါလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင်ခဲ့ ရသော ရာကီတစ်နှင့် ခရိုအေးရှား အသင်း၏ အဓိက ကစားသမား အချို့မှာ ဥရောပ ဘောလုံး ရာသီ ပြီးဆုံး ချိန်တွင် အခြား ကစား သမား များထက် နားရက် ပိုမို ရယူခဲ့ကြ သော်လည်း ယခု အချိန်တွင် ကစားသမား အားလုံးမှာ ဘရာဇီးနှင့် ပွဲစဉ် အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

မိုဒရစ်က “ကျွန်တော့်ရဲ့ အခြေအနေက အားလုံး ကောင်းပါတယ်။ စိတ်ဓာတ်ပိုင်းမှာ အကောင်းဆုံး ဖြစ်နေ သလို ကြံ့ခိုင်မှု ပိုင်းကလည်း အပြည့်ပါပဲ။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီး အနည်းငယ် အနားယူ ခဲ့ပြီးနောက် ခရိုအေးရှား အသင်း အတွက် အပြည့်အ၀ အာရုံစိုက် ထားပါတယ်။ ဘရာဇီးနဲ့ ပွဲအတွက် လုံးဝ အဆင်သင့် ဖြစ်နေပါပြီ။ ဒီပွဲကို ကစားဖို့ မစောင့်နိုင် တော့ပါဘူး” ဟု ပြောကြား ခဲ့သည်။

ခရိုအေးရှား အသင်းသည် ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ခြေစစ်ပွဲ အောင်မြင် ခဲ့ခြင်း မရှိခဲ့ သလို ယူရို ၂၀၁၂ ပြိုင်ပွဲ တွင်လည်း အုပ်စု အဆင့်မှ ထွက်ခွာ ခဲ့ရသည်။ ပြီးခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ် များတွင် လည်း ရုန်းကန် ခဲ့ရပြီး အိုက်စလန်ကို Play off ပွဲစဉ်တွင် အနိုင်ရကာ ခြေစစ်ပွဲေ အာင်မြင် ခဲ့ခြင်း ဖြစ်သည်။

ထိုကိစ္စ များနှင့် ပတ်သက်၍ မိုဒရစ်က “ကျွန်တော်တို့ အသင်းမှာ တစ်ဦးချင်း ထူးချွန်တဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ဒီပြိုင်ပွဲ ကြီးမှာ ကျွန်တော်တို့ အသင်းရဲ့ တိုးတက် လာမှုကို အားလုံး မြင်တွေ့ ရမှာပါ။ ပြီးခဲ့တဲ့ နှစ်နှစ်က ယူရို ပြိုင်ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံး ကစား နိုင်ခဲ့ပေမယ့် အနည်းငယ် ကံဆိုးခဲ့လို့ အုပ်စု ကနေ ထွက်ခဲ့ရ ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ မှာလည်း ပြဿနာ အနည်းငယ် ရှိခဲ့ပေမယ့် ဒီပြိုင်ပွဲ ကြီးမှာတော့ အောင်မြင်မှု တစ်ခုခု ရယူနိုင် မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမဆုံး ရည်မှန်းချက် ကတော့ အုပ်စုကနေ နောက်တစ်ဆင့်ကို တက်နိုင်ဖို့ပါ” ဟု ဆိုခဲ့သည်။

Ref: goal
Mizzima Sport News

No comments:

Post a Comment