Wednesday 11 June 2014

ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲမည့် အသင်းအဖြစ် ဂျာမနီ ရေပန်းစားနေခြင်းကို လမ်းကျေနပ်နေ

Photo: ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲမည့် အသင်းအဖြစ် ဂျာမနီ ရေပန်းစားနေခြင်းကို လမ်းကျေနပ်နေ
Wednesday, June 11, 2014

ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲမည့် အသင်းတစ်သင်းအဖြစ် ရေပန်းစားနေခြင်း အတွက် ပျော်ရွှင်မိကြောင်း ဂျာမနီ အသင်းခေါင်းဆောင် ဖိလစ်လမ်းက ပြောကြားခဲ့သည်။ 

ဘိုင်ယန်မြူးနစ် အသင်း၏ တောင်ပံခံစစ် ကစားသမားသည် ဘရာဇီးလ်မြေ တွင် ချန်ပီယံဆုကို စိန်ခေါ်နိုင်သည့် ဥရောပ ဟဲဗီးဝိတ် အသင်းများအနက် ဂျာမနီကို ပရိသတ်များက ထည့်သွင်း သတ်မှတ်ထားခြင်းအတွက် ပျော်ရွှင်နေ သည်။ လမ်းက မိမိနှင့် ဂျာမနီ တစ်သင်းလုံးသည် တစ်ကမ္ဘာလုံး အတိုင်း အတာဖြင့် မျှော်လင့်ချက် ဖိအားများကို ပခုံးထမ်းရသည့်တိုင် ယင်းအတွက် ဝမ်းမြောက်ဝမ်းသာ တာဝန်ယူသွားမည်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ “ခုလို မျှော်လင့်ချက် မြင့်မြင့်မားမားနဲ့ စောင့်ကြည့်ခံရတာမျိုးကို ကျွန်တော် တကယ်သဘောကျတယ်”ဟု လမ်းက ဆိုသည်။ 

Guardianနှင့် အင်တာဗျူးတွင် “ပထမဆုံးတော့ ဒါဟာ သာမန်အခြေအနေ တစ်ခုဆိုတာ လက်ခံရလိမ့်မယ်။ ကမ္ဘာ့ဖလားမှာ တတိယနေရာနဲ့ ကျေနပ်ခဲ့ ရတာ နှစ်ကြိမ်ရှိဖူးပြီ။ ဒါကို ဘရာဇီးလ်မြေမှာ ပိုတိုးတက်လာအောင် ကြိုးစားရမယ်။ ဒီအသင်းဟာ အချိန်အကြာကြီး စုစည်းထားခဲ့တာပါ။ ကျွန်တော်တို့ အများကြီး မျှော်လင့်နိုင်ပါတယ်။ ကမ္ဘာ့ဖလားကို ကိုယ့်နိုင်ငံဆီ ပြန်သယ်သွားဖို့ ဆန္ဒရှိတာကတော့ သေချာပေါက် အခြေအနေ တစ်ခုပါပဲ။ ဘာမျှော်လင့်ချက်မှ မရှိရင်တော့ ကျွန်တော်တို့အတွက် ပိုပြီးလွယ်ကူကောင်း လွယ်ကူနိုင်ပါတယ်။ စိတ်လွတ်ကိုယ်လွတ် ကစားနိုင်မယ် မဟုတ်လား။ ဒါပေမဲ့ အဲဒါက အမှန်တရား မဟုတ်ဘူး။ ကျွန်တော်ကတော့ အောက်အသင်းမျိုး ဆိုတာထက်စာရင် ရေပန်းစားတဲ့ အသင်းတစ်သင်းလို့ ဂျာမနီ သတ်မှတ်ခံရတာကို ပိုသဘောကျပါတယ်”ဟု ပြောကြားသွားသည်။
၎င်းက “ဂျာမနီမှာ အရမ်းကောင်းတဲ့ အသင်းလိုက်စိတ်ဓာတ် တည်ရှိနေတာကို ကျွန်တော် သတိထားမိပါတယ်။ တကယ့် စမ်းသပ်ချက်တွေက မကြာခင် ရောက်လာတော့မှာပါ။ ကျွန်တော်တို့ အနေနဲ့ ကမ္ဘာ့ဖလားမှာ အကောင်းဆုံး မကစားနိုင်ရင်တော့ လူတွေက ဘယ်လိုဘယ်ပုံ တုံ့ပြန်လာမယ် ဆိုတာကို မြင်ရပါလိမ့်မယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။

SOCCER MYANMAR
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲမည့် အသင်းတစ်သင်းအဖြစ် ရေပန်းစားနေခြင်း အတွက် ပျော်ရွှင်မိကြောင်း ဂျာမနီ အသင်းခေါင်းဆောင် ဖိလစ်လမ်းက ပြောကြားခဲ့သည်။ 

ဘိုင်ယန်မြူးနစ် အသင်း၏ တောင်ပံခံစစ် ကစားသမားသည် ဘရာဇီးလ်မြေ တွင် ချန်ပီယံဆုကို စိန်ခေါ်နိုင် သည့် ဥရောပ ဟဲဗီးဝိတ် အသင်းများအနက် ဂျာမနီကို ပရိသတ်များက ထည့်သွင်း သတ်မှတ်ထားခြင်း အတွက် ပျော်ရွှင်နေ သည်။ လမ်းက မိမိနှင့် ဂျာမနီ တစ်သင်းလုံးသည် တစ်ကမ္ဘာလုံး အတိုင်း အတာဖြင့် မျှော်လင့်ချက် ဖိအားများကို ပခုံးထမ်းရသည့်တိုင် ယင်းအတွက် ဝမ်းမြောက်ဝမ်းသာ တာဝန်ယူသွားမည် ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ “ခုလို မျှော်လင့်ချက် မြင့်မြင့်မားမားနဲ့ စောင့်ကြည့်ခံရတာမျိုးကို ကျွန်တော် တကယ်သဘောကျတယ်”ဟု လမ်းက ဆိုသည်။ 

Guardianနှင့် အင်တာဗျူးတွင် “ပထမဆုံးတော့ ဒါဟာ သာမန်အခြေအနေ တစ်ခုဆိုတာ လက်ခံရလိမ့် မယ်။ ကမ္ဘာ့ဖလားမှာ တတိယနေရာနဲ့ ကျေနပ်ခဲ့ ရတာ နှစ်ကြိမ်ရှိဖူးပြီ။ ဒါကို ဘရာဇီးလ်မြေမှာ ပိုတိုးတက် လာအောင် ကြိုးစားရမယ်။ ဒီအသင်းဟာ အချိန်အကြာကြီး စုစည်းထားခဲ့တာပါ။ ကျွန်တော်တို့ အများကြီး မျှော်လင့်နိုင်ပါတယ်။ ကမ္ဘာ့ဖလားကို ကိုယ့်နိုင်ငံဆီ ပြန်သယ်သွားဖို့ ဆန္ဒရှိတာကတော့ သေချာပေါက် အခြေအနေ တစ်ခုပါပဲ။ ဘာမျှော်လင့်ချက်မှ မရှိရင်တော့ ကျွန်တော်တို့အတွက် ပိုပြီးလွယ်ကူကောင်း လွယ်ကူနိုင်ပါတယ်။ စိတ်လွတ်ကိုယ်လွတ် ကစားနိုင်မယ် မဟုတ်လား။ ဒါပေမဲ့ အဲဒါက အမှန်တရား မဟုတ်ဘူး။ ကျွန်တော်ကတော့ အောက်အသင်းမျိုး ဆိုတာထက်စာရင် ရေပန်းစားတဲ့ အသင်းတစ်သင်းလို့ ဂျာမနီ သတ်မှတ်ခံရတာကို ပိုသဘောကျပါတယ်”ဟု ပြောကြားသွားသည်။ 

၎င်းက “ဂျာမနီမှာ အရမ်းကောင်းတဲ့ အသင်းလိုက်စိတ်ဓာတ် တည်ရှိနေတာကို ကျွန်တော် သတိထားမိ ပါတယ်။ တကယ့် စမ်းသပ်ချက်တွေက မကြာခင် ရောက်လာတော့မှာပါ။ ကျွန်တော်တို့ အနေနဲ့ ကမ္ဘာ့ဖလား မှာ အကောင်းဆုံး မကစားနိုင်ရင်တော့ လူတွေက ဘယ်လိုဘယ်ပုံ တုံ့ပြန်လာမယ် ဆိုတာကို မြင်ရပါလိမ့် မယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။

SOCCER MYANMAR

No comments:

Post a Comment