Wednesday 11 June 2014

ရိုဟင်ဂျာဆိုသောအသုံးအနှုန်းကို နောက်ထပ်သုံးစွဲတော့မည်မဟုတ်ဟု ယူနီဆက်ဖ်တောင်းပန်

သူရိယခန်းမ၌ ယူနီဆက်ဖ်နှင့် INGO Watch Team ကို တွေ့ရစဉ်
ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို အကြိမ်ကြိမ် ပြောဆိုသုံးစွဲမိခဲ့သည့်အတွက် နောက် ထပ်မည်သည့်နေရာ၊ မည်သည့်အချိန်မှ သုံးစွဲပြောဆို တော့မည်မဟုတ်ဟု ယူနီဆက်ဖ်မှ ထုတ်ဖော်တောင်း ပန်လိုက်ကြောင်း သိရ သည်။

ယူနီဆက်ဖ်အနေဖြင့် ဇွန် ၄ ရက် စစ်တွေ မြို့ သူရိယခန်းမ၌ပြုလုပ်သော ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ရခိုင်ပြည်နယ် အတွင်း ဆောင်ရွက်လုပ်ကိုင်မည့် မိမိ တို့၏အစီအစဉ်များကို သက်ဆိုင်ရာအဖွဲ့အစည်းများ အားရှင်းလင်းရာ ရိုဟင်ဂျာဆိုသည့် စကားလုံးအသုံး အနှုန်းကို အကြိမ်ကြိမ်သုံးစွဲပြီး ပြောဆိုရှင်းလင်းသွား ခဲ့ကြောင်း INGO Watch Team အဖွဲ့မှ ကိုသူရိန် ထွန်းကပြောသည်။ 

''သူတို့အစီအစဉ်တွေမှာ ရိုဟင်ဂျာဆို ပြီး ရေးသားထားတယ်။ ရခိုင်ပြီးရင် ဒုတိယနေရာမှာ တောင် သူတို့ကို နံပါတ်စဉ်တပ်ထားတယ်။ တခြား မျိုးနွယ်စုတွေဆို အောက်ဆုံးမှာ၊ ဗမာဆိုရင် အောက် ဆုံးနေရာမှာပဲ ပါတယ်။ နောက်တစ်ခုက ရိုဟင်ဂျာ ကလေးငယ် လေးသိန်းကျော် လူ့အခွင့်အရေးဆုံးရှုံး နေတယ်လို့တောင် အတိအလင်း စာထိုးပြီးပြတယ်။ ဒါကို ကျွန်တော်တို့ကပြောတော့ မှားသွားပါတယ်။ နောက်ထပ် မသုံးဘူးလို့ပြောတယ်။ ပြောရုံလောက် နဲ့မရဘူး။ တရားဝင် ရှေ့မှာတောင်းပန်ရမယ်ဆိုတော့ သူတို့က နောက်ထပ်မသုံးတော့ပါဘူးလို့ တောင်း ပန်ခဲ့ပါတယ်''ဟု ကိုသူရိန်ထွန်းကပြောသည်။ 

ယင်းကိစ္စနှင့်ပတ်သက်ပြီး အရေးပေါ် ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့(အီးစီစီ)အပါအဝင် အိုင် အင်န်ဂျီအိုအဖွဲ့ အစည်း များကို လေ့လာစောင့်ကြည့် ရေးအဖွဲ့တို့က အဆိုပါယူနီဆက်ဖ်မှ တာဝန်ရှိသူ များအား ဇွန် ၅ ရက်မနက်က ခေါ်ယူတွေ့ဆုံ ကာ ယင်းကိစ္စအား တောင်းပန်ရန် ပြောကြားကြောင်း သိရသည်။ 

''သူတို့ မဟုတ်တာတွေပြောလာတိုင်း တားမြစ်ဖို့က ကျွန်တော်တို့တာဝန်ပါ။ ခုလဲ တရား မဝင်တဲ့၊ ဒီတိုင်းပြည်မှာ မရှိတဲ့စကားလုံး အသုံးအ နှုန်းကို သုံးနှုန်းပြောဆိုတာဟာ သံတမန်ကျင့်ဝတ် ကို ဖောက်ဖျက် ရာ ကျတယ်။ ၂ဝ၁၂ ပဋိပက္ခ ဖြစ်ရ တာလဲ ဒီစကားလုံးကြောင့်ပဲ''ဟု အီးစီစီအဖွဲ့ဝင် စစ် တွေ မြို့မိ၊ မြို့ဖ ဦးသန်းထွန်းက ပြောသည်။ 

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း မှ INGO? NGO အဖွဲ့များ၏ စီမံခန့်ခွဲသည့်နေ ရာတွင် ဒေသခံတိုင်းရင်းသားများကို ခန့်ထားခြင်း မပြုသည့်အတွက် ဒေသ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာ နယ်မြေအခြေအနေ၊ ဒေသအခြေအ နေကို မသိရှိသည့်အတွက် ထိရောက်သည့်အောင် မြင်မှုများ ရရှိသည်ကို မတွေ့ရကြောင်း၊ အလုပ်ခန့် ထားရာတွင်လည်း နိုင်ငံသားမဟုတ်သူ၊ ယာယီကတ် ပြားများ ကိုင်ဆောင်သူများကိုသာ ခန့်ထားပေးမှုများ ရှိနေကြောင်း၊ ဒေသခံများကိုလည်း ဝန်ထမ်းအဖြစ် ခန့်ပေးနိုင်ရေးတို့ကို ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးကာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးသင့်ကြောင်း ကိုသူရိန်ထွန်းက သုံးသပ်ပြောကြားသည်။

Yangon Media Group 

No comments:

Post a Comment