Wednesday 11 June 2014

နိုင်ငံခြားဘဏ် ၁၀ခု ဖွင့်ခွင့် ယခုနှစ်မကုန်ခင် ရွေးချယ်မည်

နိုင်ငံခြားဘဏ် ၄၂ ခု တို့၏ ရုံးခွဲများရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပြီး ဘဏ်ဖွင့်ခွင့် ရရေးအတွက် ကြိုးပမ်းနေ ချိန် တွင် ဇွန်လဆန်းမှစ၍ ဘဏ်ဖွင့်ခွင့်လျှောက်လွှာများ စတင်လက်ခံနေကြောင်းနှင့် နိုင်ငံခြားဘဏ် ၁၀ ခုကို ဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ဇွန်လ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားဘဏ်တွေဖွင့်ခွင့်ပေးဖို့ ဆောင်ရွက်နေတယ်။ ရွေးချယ်ရေး အဖွဲ့ တစ်ဖွဲ့လဲဖွဲ့ပြီးပြီ၊ လွှတ်တော်ကိုလည်း အကြောင်းကြားထားတယ်။ ကျွန်တော်တို့ကော်မတီက လည်း ဒါကိုသဘောတူပါတယ်။ နိုင်ငံခြား ဘဏ်တွေအများကြီး ဖွင့်ခွင့်ပေးလို့လည်း မကောင်းသလို နည်းရင်လဲ မကောင်းပါဘူး။ ဒါကြောင့် ၁၀ ခု ထက်မကတဲ့အရေအတွက်ဖွင့်ဖို့ရှိပါတယ်”ဟု မြင်းခြံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ၎င်းကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။ 

မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေများကြောင့် နိုင်ငံခြားအရင်း အနှီးများဝင်ရောက်လာ တော့မည်ဖြစ်ကြောင်း၊ ငွေကြေး အရင်းအနှီး၊ လူသားအရင်းအမြစ်နှင့် နည်းပညာ ပိုင်းတို့တွင် အားနည်းသော မြန်မာနိုင်ငံသည် နိုင်ငံခြားနှင့် ပေါင်းစပ်ဆောင်ရွက်ဖို့ လိုအပ်သောကြောင့် နိုင်ငံခြားဘဏ်များ ဖွင့်ခွင့်ပြုရခြင်းဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။ 

နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့်လျှောက်လွှာများ ဇွန်လအတွင်း စတင်လက်ခံနိုင်မည်ဖြစ်ပြီး ဇူလိုင်လမှစ၍ ရွေးချယ်ရေးလုပ်ငန်း အဆင့်ဆင့်ကို စတင်ဆောင်ရွက်မည်ဖြစ်ကာ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်ရွေး ချယ်နိုင်လိမ့်မည်ဟုလည်း ဦးဝင်းမြင့်က ပြောသည်။ 

“အဲဒီရွေးချယ်ရေးအဖွဲ့ကို နိုင်ငံတကာ အမှတ်ပေးစနစ်နဲ့ စံနှုန်းတွေရေးဆွဲတင်ပြပေးဖို့ နိုင်ငံခြားက အကြံ ပေးအဖွဲ့တစ်ဖွဲ့ကို ငှားထားပြီလို့ပြောတယ်။ လက်ရှိစံနှုန်းတွေက ပွင့်လင်းမြင်သာမှုအားနည်းတယ်လို့ ပြီး ခဲ့တဲ့စနေနေ့က work shop မှာ ပြည်တွင်း ပညာရှင်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေနဲ့ မြန်မာနိုင်ငံဘဏ် အ သင်းကပါ ဝေဖန်ထောက်ပြခဲ့ကြတယ်”ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။ 

အဖွဲ့ဝင် ရှစ်ဦးပါဝင်သောအဆိုပါ နိုင်ငံခြားဘဏ်ဖွင့်ခွင့်အတွက် ရွေးချယ်ရေးအဖွဲ့တွင် ဗဟိုဘဏ်ကချည်း ခြောက်ဦး ပါဝင်နေခြင်းကိုလည်း ဝေဖန်ထောက်ပြမှုများရှိကြောင်း ပြင်ပမှဘဏ်လုပ်ငန်း ကျွမ်းကျင်သူ တစ်ဦ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တစ်ဦး၊ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်းမှ တစ်ဦးတို့လည်းပါဝင်သင့်ကြောင်း ပြီးခဲ့သည့်စနေနေ့၊ ရန်ကုန်မြို့ အင်းလျားလမ်း ရှိ လွှတ်တော်ရုံးခွဲတွင် ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲက ထောက်ပြအကြံပြုခဲ့ကြောင်းလည်း သိရသည်။ 

“အရေးကြီးတဲ့အချက်က လောလောဆယ်မှာ ဗဟိုဘဏ်ဥပဒေနဲ့ ငွေကြေးဥပဒေ တွေအတွက် နည်းဥပဒေ တွေ၊အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေ ပြည့်ပြည့်စုံစုံ မရှိသေးပါဘူး။ဒါပေမဲ့ ရွေးချယ်မှုအပြီးသတ် မယ့် ဒီနှစ်ကုန်ပိုင်းမှာ အဲဒီနည်းဥပဒေတွေပြီးတာနဲ့ အချိန်ကိုက်ဖြစ်သွားနိုင်တယ် လို့တော့ ပြောကြတာပဲ ” ဟုလည်း ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဖွံ့ဖြိုး တိုးတက်ရေးကော်မတီ အတွင်းရေးမှူးက ပြော ခဲ့သည်။

ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်ခွင့်ရတော့မည့် ဘဏ်များအားပြည်တွင်းသုံးငွေ (ကျပ်ငွေ)ကို ဆောင်ရွက်ခွင့်မပေး သေးကြောင်း ပြည်တွင်းရှိဘဏ်များကို ထိခိုက်မှုမရှိစေရန် ဖြစ်ကြောင်းနှင့် နောက်ပိုင်းကျမှသာ မြန်မာ ကျေပ်ငွေ ကိုင်တွယ်ဆောင်ရွက်ခွင့်ကို တဖြည်းဖြည်းခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။ 

နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့်ပြုမည့် ကိစ္စနှင့်ပတ်သက်၍ CB ဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က “သတင်းတွေထွက်နေတာကို ကြားရပါတယ်။ တရားဝင်ဖွင့်ခွင့် ပေးမယ်ဆိုတာကိုတော့ မကြားမိသေးပါ ဘူး။ နိုင်ငံခြားဘဏ်တွေ လာဖွင့်ခဲ့ရင်လည်း ပြည်တွင်းဘဏ်တွေကို ထိခိုက်မှုမရှိနိုင်ပါဘူး။ ပြည်တွင်း ဘဏ်ဝန်ထမ်းတွေကို နိုင်ငံခြားဘဏ်တွေက လစာကောင်းကောင်းပေးပြီးခေါ်တာမျိုးတွေတော့ ရှိလာနိုင် တယ်။ အဲဒီအတွက် ပြည်တွင်းဘဏ် ၀န်ထမ်းတွေပြောင်းရွှေ့တာမျိုးတော့ ဖြစ်လာနိုင်တယ်”ဟု ပြော သည်။
မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ ဦးသိန်းထွန်းက “နိုင်ငံခြားဘဏ်တွေလာဖွင့်ရင် ပြည် တွင်း ဘဏ်တွေကို နည်းနည်းတော့ ထိခိုက်မှုရှိနိုင်တယ်လို့ထင်ပါတယ်။ နိုင်ငံခြားဘဏ်တွေ လာဖွင့်တာ စောပါသေးတယ်။ ပြည်တွင်းဘဏ်တွေ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေရှိမှလာပြီး ဖွင့်စေချင်ပါ တယ်” ဟု ဇွန်လ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

Mizzima - News in Burmese 

No comments:

Post a Comment