Wednesday 11 June 2014

လေယာဉ်ပေါ်မှာ ကမ္ဘာ့ဖလားပွဲစဉ်များ ပြသဖို့စီစဉ်ထားသည့် ဖီဖာ

Photo: လေယာဉ်ပေါ်မှာ ကမ္ဘာ့ဖလားပွဲစဉ်များ ပြသဖို့စီစဉ်ထားသည့် ဖီဖာ
Wednesday, June 11, 2014 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာဟာ  (၂၀၁၄)ကမ္ဘာ့ဖလားပြိုင်ပွဲမှ ပွဲစဉ်များကို ကမ္ဘာတစ်ဝှမ်းရှိ လေကြောင်းများပေါ်မှာ ခရီးသည်များကြည့်ရှုနိုင်ဖို့အတွက်
ပြသပေးသွားဖို့စီစဉ်ထားကြောင်း သိရပါတယ်။ဖီဖာရဲ့စီစဉ်မှုအရ ကမ္ဘာတစ်လွှားကို ပျံသန်းနေတဲ့ နာမည်ကျော်လေကြောင်းလိုင်း (၉)ခုပေါ်မှာ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ် (၆၄)ပွဲစလုံးကို ပြိုင်ပွဲတမိုင်းတလျှောက် ပထမဆုံးအကြိမ် ပြသသွားမှာဖြစ်ပါတယ်။
 
လေယာဉ်ပေါ်မှာ ကမ္ဘာ့ဖလားပွဲစဉ်များကို ပြသဖို့အတွက် ဖီဖာကနာမည်ကျော် လေကြောင်းတွေဖြစ်တဲ့ အီးတီးဟက်၊ အမ်းမရိတ်စ်၊ တူရကီလေကြောင်းတို့အပါအ၀င် လေကြောင်းလိုင်း(၉)ခုနဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အဆိုပါလေကြောင်းလိုင်းများပေါ်မှာ စီးနင်းတဲ့ခရီးသည်များအနေနဲ့ ကမ္ဘာ့ဖလားပွဲစဉ်များကို တိုက်ရိုက်ကြည့်ရှုခွင့် ရရှိမှာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာပြသမယ့် ကမ္ဘာ့ဖလားပွဲစဉ်များအတွက် အမေရိကန်အခြေစိုက် IMG မီဒီယာကုမ္ပဏီနဲ့ ဖီဖာတို့ကပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး Sport 24 Channel  ကနေတိုက်ရိုက်ပြသမှာ ဖြစ်ပါတယ်။
 
လေယာဉ်ပေါ်မှာ လိုက်ပါလာကြမယ့် ခရီးသည်များအနေနဲ့ ကမ်္ဘာဖလားဖွင့်ပွဲဖြစ်တဲ့  ဘရာဇီးလ်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ပွဲစဉ်အပါအ၀င် အဓိကပွဲစဉ်များကို တိုက်ရိုက်ကြည့် ရှုခွင့်ရရှိမှာဖြစ်ပြီး အခြားပွဲစဉ်များကိုလညှ်းြွု မီဒီယာကုမ်္ပဏီကနေ ထပ်မံစီစဉ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဖီဖာကယခုလို စီစဉ်ထားတာကြောင့် ကမ္ဘာ့ဖလားကို အားပေးလိုတဲ့ ပရိသတ်များအနေနဲ့ လေယာဉ်နဲ့ခရီးသွားရင်း ကမ္ဘာ့ဖလားပွဲစဉ်များကြည့်ရှုခွင့်ရရှိမှာဖြစ်ပြီး ဖီဖာကတော့ လေယာဉ်နဲ့ခရီးသွားတဲ့ ခရီးသည်ပေါင်း(၃.၅)သန်းခန့်ဟာ ကမ္ဘာ့ဖလားပွဲစဉ်များကို အားပေးခွင့်ရရှိမှာဖြစ်တယ်လို့ ခန့်မှန်းထားကြောင်းသိရပါတယ်။ Sport 24 Channel ဟာလေယာဉ်ပေါ်မှာ ကမ္ဘာ့ဖလားပွဲစဉ်များကို တိုက်ရိုက်ပြသသွားမှာ ဖြစ်သလို ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ ဖော်မြူလာဝမ်း၊ ဂေါက်ပြိုင်ပွဲနဲ့တင်းနစ်ပြိုင်ပွဲများကိုလည်း ပြသွားဖို့စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။ 

MRTV-4
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာဟာ  (၂၀၁၄)ကမ္ဘာ့ဖလားပြိုင်ပွဲမှ ပွဲစဉ်များကို ကမ္ဘာတစ်ဝှမ်းရှိ လေကြောင်းများ ပေါ်မှာ ခရီးသည်များကြည့်ရှုနိုင်ဖို့အတွက် ပြသပေးသွားဖို့စီစဉ်ထားကြောင်း သိရပါတယ်။ဖီဖာရဲ့စီစဉ်မှုအရ ကမ္ဘာတစ်လွှားကို ပျံသန်းနေတဲ့ နာမည်ကျော်လေကြောင်းလိုင်း (၉)ခုပေါ်မှာ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ် (၆၄) ပွဲ စလုံးကို ပြိုင်ပွဲတမိုင်းတလျှောက် ပထမဆုံးအကြိမ် ပြသသွားမှာဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ ကမ္ဘာ့ဖလားပွဲစဉ်များကို ပြသဖို့အတွက် ဖီဖာကနာမည်ကျော် လေကြောင်းတွေဖြစ်တဲ့ အီးတီးဟက်၊ အမ်းမရိတ်စ်၊ တူရကီလေကြောင်းတို့အပါအ၀င် လေကြောင်းလိုင်း(၉)ခုနဲ့ စာချုပ်ချုပ်ဆို ခဲ့တာဖြစ်ပြီး အဆိုပါလေကြောင်းလိုင်းများပေါ်မှာ စီးနင်းတဲ့ခရီးသည်များအနေနဲ့ ကမ္ဘာ့ဖလားပွဲစဉ်များကို တိုက်ရိုက်ကြည့်ရှုခွင့် ရရှိမှာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာပြသမယ့် ကမ္ဘာ့ဖလားပွဲစဉ်များအတွက် အမေရိကန်အခြေစိုက် IMG မီဒီယာကုမ္ပဏီနဲ့ ဖီဖာတို့ကပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး Sport 24 Channel  ကနေ တိုက်ရိုက်ပြသမှာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါလာကြမယ့် ခရီးသည်များအနေနဲ့ ကမ်္ဘာဖလားဖွင့်ပွဲဖြစ်တဲ့  ဘရာဇီးလ် အသင်းနဲ့ ခရိုအေးရှားအသင်းတို့ပွဲစဉ်အပါအ၀င် အဓိကပွဲစဉ်များကို တိုက်ရိုက်ကြည့် ရှုခွင့်ရရှိမှာဖြစ်ပြီး အခြားပွဲစဉ်များကိုလညှ်းြွု မီဒီယာကုမ်္ပဏီကနေ ထပ်မံစီစဉ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဖီဖာကယခုလို စီစဉ်ထားတာကြောင့် ကမ္ဘာ့ဖလားကို အားပေးလိုတဲ့ ပရိသတ်များအနေနဲ့ လေယာဉ်နဲ့ခရီးသွားရင်း ကမ္ဘာ့ဖလားပွဲစဉ်များကြည့်ရှုခွင့်ရရှိမှာဖြစ်ပြီး ဖီဖာကတော့ လေယာဉ်နဲ့ခရီးသွားတဲ့ ခရီးသည်ပေါင်း(၃.၅)သန်းခန့်ဟာ ကမ္ဘာ့ဖလားပွဲစဉ်များကို အားပေးခွင့်ရရှိမှာဖြစ်တယ်လို့ ခန့်မှန်းထားကြောင်းသိရပါတယ်။ Sport 24 Channel ဟာလေယာဉ်ပေါ်မှာ ကမ္ဘာ့ဖလားပွဲစဉ်များကို တိုက်ရိုက်ပြသသွားမှာ ဖြစ်သလို ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ ဖော်မြူလာဝမ်း၊ ဂေါက်ပြိုင်ပွဲနဲ့တင်းနစ်ပြိုင်ပွဲ များကိုလည်း ပြသွားဖို့စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။ 

MRTV-4

No comments:

Post a Comment