Thursday 12 June 2014

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် မဟာသန္တိသုခ ဗုဒ္ဓ သာသနာပြု ကျောင်းတော်ကြီးနှင့် စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

Photo: နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် မဟာသန္တိသုခ ဗုဒ္ဓ သာသနာပြု ကျောင်းတော်ကြီးနှင့် စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ
Thursday, June 12, 2014

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ သာသနာရေးဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ)၌ ကျင်းပသည်။

စာနယ်ဇင်းရှင်းလင်းပွဲတွင် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇာနည်ဝင်း၊ သာသနာ့ရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်တို့က မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ၁၉၉၆ ခုနှစ် မတ် ၁ ရက်တွင် သရေစည်သူ ဗိုလ်မှူးကြီးစောမြင့် (ငြိမ်း)က နိုင်ငံတော်အကြီးအကဲထံ ပုဂ္ဂိုလ်ရေးရင်းနှီးမှုဖြင့် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးအား နိုင်ငံတော်အစိုးရက ဦးဆောင်တည်ဆောက်ပေးရန် တင်ပြခဲ့ရာ နိုင်ငံတော်အကြီးအကဲက လက်ခံ၍ ကျောင်းတော်ကြီးအား ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း၊ ထိုသို့ ခွင့်ပြုချက် အရ ၁၉၉၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် နာယကအဖွဲ့ ငါးဦး၊ တည်ဆောက်ရေးဦးစီးကော်မတီဝင် ၁၅ ဦး၊ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီ၊ ပစ္စည်းရှာဖွေရေးလုပ်ငန်း ကော်မတီတို့ကို ဖွဲ့စည်းခဲ့ကြောင်း။

ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆရာတော် ဦးပညာဝံသနှင့် အလှူရှင်များက ငွေကျပ်သိန်း ၁ဝဝဝ စီ၊ အေးရှားဝေါကုမ္ပဏီက ငွေကျပ်သိန်း ၁၄ဝဝ၊ အများပြည်သူလှူဒါန်းငွေကျပ် သိန်း ၂၁ဝဝ နှင့် စည်ပင်ဘဏ်ချေးငွေကျပ်သိန်း ၂ဝဝဝ စုစုပေါင်း ငွေကျပ်သိန်း ၈၅ဝဝ ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း။ ယင်းနောက် ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး ရေစက်ချလှူဒါန်းပွဲ မဟာမင်္ဂလာ အခမ်းအနားကိုကျင်းပပြီး မဟာသန္တိသုခ ကျောင်းတော်ကြီးအား ''သံဃိက''သံဃာအား ရည်မှန်း၍ ဗုဒ္ဓသာသနာတော်အား လှူဒါန်းခဲ့ကြောင်း။
၂ဝဝ၂ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် သြဝါဒါစရိယဆရာတော်ကြီး အပါး ၂ဝ၊ နာယကအဖွဲ့ ခြောက်ဦး၊ ဂေါပကအလုပ်အမှုဆောင်အဖွဲ့ ၂၂ ဦး၊ ပညာရေးနှင့် သင်ကြားပို့ချရေးကော်မတီရှစ်ဦးတို့အား ဖွဲ့စည်း၍ အုပ်ချုပ်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ လွှဲပြောင်းလှူဒါန်းပြီး နောက်ပိုင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က သြဝါဒါစရိယ ဆရာတော်များအား ရွေးချယ်ခန့်အပ်ခဲ့ကြောင်း။

ပီနန်ဆရာတော်ကြီးသည် ဆယ်စုနှစ် တစ်ခုခန့် ပြည်ပသို့ ကြွရောက် သီတင်းသုံးရာမှ မဟာသန္တိသုခ ကျောင်းတော်ကြီးသို့ တည်းခိုသီတင်းသုံးမည့်ကိစ္စနှင့် ပတ်သက်၍ သင်တန်းမှူးဆရာတော်မှတစ်ဆင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ လျှောက်ထားခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အာဂန္တု (ဧည့်သည်)အဖြစ် တစ်ပါးတည်း နေထိုင်ခွင့်ပြုရန် ၂-၁-၂ဝ၁၃ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း။

ပီနန်ဆရာတော်ကြီးအား တစ်ပါးတည်းသာ သီတင်းသုံးနေထိုင်ခွင့်ပြုခဲ့သော်လည်း ဆရာတော်ကြီးက နောက်လိုက်သံဃာများ၊ လူပုဂ္ဂိုလ်များအား ကျောင်းတော်ကြီးပေါ် အင်အားသုံးနေထိုင်စေခဲ့ကြောင်း၊ ထိုအခြေအနေများကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ပီနန်ဆရာတော်အပေါ် အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်များစွာ ချမှတ်ခဲ့ရပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇) ပါးစုံညီ စတုတ္ထအစည်းအဝေးက ပီနန်ဆရာတော်နှင့်အဖွဲ့အား ၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထား၍ ကျောင်းတော်ကြီးမှ အပြီးအပိုင်ထွက်ခွာသွားရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် သံဃာထုတစ်ရပ်လုံးကိုယ်စား အရေးယူဆောင်ရွက်နိုင်ရန် လိုအပ်လာသဖြင့် ထိုသို့လိုအပ်ချက်နှင့်အညီ တိုင်းသံဃနာယကအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဦးပညာဝံသနှင့်အဖွဲ့အား အပြီးအပိုင်ဖယ်ရှားရေးအမြန်ဆောင် ရွက်ရန် ဇွန် ၄ ရက်တွင်လည်းကောင်း၊ ဇွန် ၁ဝ ရက်တွင် လည်းကောင်း ညွှန်ကြားချက်များထုတ်ပြန်၍ ဇွန် ၁၁ ရက် နံနက် ၁ နာရီခန့်တွင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး၌ ခွင့်ပြုချက်မရရှိဘဲ သီတင်းသုံးနေထိုင်သော သံဃာများအား ဖယ်ရှားရှင်းလင်း၍ ချိတ်ပိတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် တက်ရောက်လာကြသော စာနယ်ဇင်းများ၏ မေးမြန်းချက်များကို နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ် ဦးအံ့မောင်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သတင်းရရှိသည်။

မြ၀တီ
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် စပ်လျဉ်း၍ စာနယ်ဇင်း ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ သာသနာရေး ဝန်ကြီး ဌာန (ရန်ကုန်ရုံးခွဲ)၌ ကျင်းပသည်။

စာနယ်ဇင်းရှင်းလင်းပွဲတွင် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးဇာနည်ဝင်း၊ သာသနာ့ရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်၊ ရန်ကုန်တိုင်း ဒေသကြီး သာသနာရေးမှူး ဦးစိန်မော်တို့က မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ၁၉၉၆ ခုနှစ် မတ် ၁ ရက်တွင် သရေစည်သူ ဗိုလ်မှူးကြီးစောမြင့် (ငြိမ်း)က နိုင်ငံတော်အကြီးအကဲထံ ပုဂ္ဂိုလ်ရေးရင်းနှီးမှုဖြင့် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးအား နိုင်ငံတော်အစိုးရက ဦးဆောင်တည်ဆောက်ပေးရန် တင်ပြခဲ့ရာ နိုင်ငံတော်အကြီးအကဲက လက်ခံ၍ ကျောင်းတော်ကြီးအား ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း၊ ထိုသို့ ခွင့်ပြုချက် အရ ၁၉၉၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် နာယကအဖွဲ့ ငါးဦး၊ တည်ဆောက်ရေးဦးစီးကော်မတီဝင် ၁၅ ဦး၊ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီ၊ ပစ္စည်းရှာဖွေရေးလုပ်ငန်း ကော်မတီတို့ကို ဖွဲ့စည်းခဲ့ကြောင်း။

ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆရာတော် ဦးပညာဝံသနှင့် အလှူရှင်များက ငွေကျပ်သိန်း ၁ဝဝဝ စီ၊ အေးရှားဝေါကုမ္ပဏီက ငွေကျပ်သိန်း ၁၄ဝဝ၊ အများပြည်သူလှူဒါန်းငွေကျပ် သိန်း ၂၁ဝဝ နှင့် စည်ပင်ဘဏ်ချေးငွေကျပ်သိန်း ၂ဝဝဝ စုစုပေါင်း ငွေကျပ်သိန်း ၈၅ဝဝ ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း။ ယင်းနောက် ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး ရေစက်ချလှူဒါန်းပွဲ မဟာမင်္ဂလာ အခမ်းအနားကိုကျင်းပပြီး မဟာသန္တိသုခ ကျောင်းတော်ကြီးအား ''သံဃိက''သံဃာအား ရည်မှန်း၍ ဗုဒ္ဓသာသနာတော်အား လှူဒါန်းခဲ့ကြောင်း။ 

၂ဝဝ၂ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် သြဝါဒါစရိယဆရာတော်ကြီး အပါး ၂ဝ၊ နာယကအဖွဲ့ ခြောက်ဦး၊ ဂေါပကအလုပ်အမှုဆောင်အဖွဲ့ ၂၂ ဦး၊ ပညာရေးနှင့် သင်ကြားပို့ချရေးကော်မတီရှစ်ဦးတို့အား ဖွဲ့စည်း၍ အုပ်ချုပ်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ လွှဲပြောင်းလှူဒါန်းပြီး နောက်ပိုင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က သြဝါဒါစရိယ ဆရာတော်များအား ရွေးချယ်ခန့်အပ်ခဲ့ကြောင်း။

ပီနန်ဆရာတော်ကြီးသည် ဆယ်စုနှစ် တစ်ခုခန့် ပြည်ပသို့ ကြွရောက် သီတင်းသုံးရာမှ မဟာသန္တိသုခ ကျောင်းတော်ကြီးသို့ တည်းခိုသီတင်းသုံးမည့်ကိစ္စနှင့် ပတ်သက်၍ သင်တန်းမှူးဆရာတော်မှတစ်ဆင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ လျှောက်ထားခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အာဂန္တု (ဧည့်သည်)အဖြစ် တစ်ပါးတည်း နေထိုင်ခွင့်ပြုရန် ၂-၁-၂ဝ၁၃ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း။

ပီနန်ဆရာတော်ကြီးအား တစ်ပါးတည်းသာ သီတင်းသုံးနေထိုင်ခွင့်ပြုခဲ့သော်လည်း ဆရာတော်ကြီးက နောက်လိုက်သံဃာများ၊ လူပုဂ္ဂိုလ်များအား ကျောင်းတော်ကြီးပေါ် အင်အားသုံးနေထိုင်စေခဲ့ကြောင်း၊ ထိုအခြေအနေများကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ပီနန်ဆရာတော်အပေါ် အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်များစွာ ချမှတ်ခဲ့ရပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇) ပါးစုံညီ စတုတ္ထအစည်းအဝေးက ပီနန်ဆရာတော်နှင့်အဖွဲ့အား ၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထား၍ ကျောင်းတော်ကြီးမှ အပြီးအပိုင်ထွက်ခွာသွားရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် သံဃာထုတစ်ရပ်လုံးကိုယ်စား အရေးယူဆောင်ရွက်နိုင်ရန် လိုအပ်လာသဖြင့် ထိုသို့လိုအပ်ချက်နှင့်အညီ တိုင်းသံဃနာယကအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဦးပညာဝံသနှင့်အဖွဲ့အား အပြီးအပိုင်ဖယ်ရှားရေးအမြန်ဆောင် ရွက်ရန် ဇွန် ၄ ရက်တွင်လည်းကောင်း၊ ဇွန် ၁ဝ ရက်တွင် လည်းကောင်း ညွှန်ကြားချက်များထုတ်ပြန်၍ ဇွန် ၁၁ ရက် နံနက် ၁ နာရီခန့်တွင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး၌ ခွင့်ပြုချက်မရရှိဘဲ သီတင်းသုံးနေထိုင်သော သံဃာများအား ဖယ်ရှားရှင်းလင်း၍ ချိတ်ပိတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် တက်ရောက်လာကြသော စာနယ်ဇင်းများ၏ မေးမြန်းချက်များကို နိုင်ငံတော်သမ္မတရုံး အကြံပေး ပုဂ္ဂိုလ် ဦးအံ့မောင်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သတင်းရရှိ သည်။

မြ၀တီ

No comments:

Post a Comment