Thursday 12 June 2014

မဟာသန္တိသုခ ကျောင်းတိုက်မှ ဖယ်ရှားခံရသော သံဃာတော်များကို ခွင့်ပြုချက်မရှိ သီတင်းသုံးမှုဖြင့် အရေးယူမည်

Photo: မဟာသန္တိသုခ ကျောင်းတိုက်မှ ဖယ်ရှားခံရသော သံဃာတော်များကို ခွင့်ပြုချက်မရှိ သီတင်းသုံးမှုဖြင့် အရေးယူမည် 
Thursday, June 12, 2014

ပီနန်ဆရာတော်နှင့် နိုင်ငံတော်သံဃမဟာနာယက အကြား ပိုင်ဆိုင်မှု အငြင်းပွားစဉ်တွင် ကျောင်းတိုက်၌ ဝင်ရောက်နေထိုင်သော မဟာသန္တိသုခကျောင်းတိုက် သံဃာတော်များကို နိုင်ငံတော် သံဃမဟာနာယကထံ ခွင့်ပြုရယူခြင်း မရှိဘဲ သီတင်းသုံး နေထိုင်မှုဖြင့် အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်က ပြောကြားသည်။

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေး ဝန်ကြီးဌာနတွင် ပြုလုပ်သော မဟာသန္တိသုခကျောင်းတိုက်နှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

သံဃာ့ကိစ္စကို သံဃာတော်များကသာ ဖြေရှင်းမည် ဖြစ်သောကြောင့် ပီနန်ဆရာတော်၏ တပည့်ဖြစ်သူ ဆရာတော် ဦးဥတ္တရ အပါအဝင် သန္တိသုခကျောင်းတိုက်၌ ခွင့်ပြုချက်မရှိ သီတင်းသုံး နေထိုင်သော သံဃာတော်များကို နိုင်ငံတော် သံဃမဟာနာယကက လုပ်ထုံး လုပ်နည်းများအရ စိစစ်အရေးယူမည် ဖြစ်ကြောင်း ဦးစိန်မော်က ဆိုသည်။

“လောလောဆယ် အချိန်မှာတော့ သံဃာတော်တွေကို ဘယ်လို အရေးယူမလဲ ပြောလို့ မရသေးပါဘူး၊ ဆရာတော်ကြီးများ စိစစ်မေးမြန်းပြီးမှသာ အရေးယူလို့ ရပါမယ်” ဟု ၎င်းကဆိုသည်။

မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားခြင်းသည် သံဃာအဖွဲ့အစည်းအကြား ညီညွတ်မှု ပျက်ပြားလာနိုင်သောကြောင့် သီတင်းသုံး သံဃာတော်များကို အပြီးတိုင် ဖယ်ရှားရေး ဆောင်ရွက်ရန် ဇွန်လ ၁၀ ရက်နေ့တွင် ညွန်ကြားလွှာ ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

ယင်းသို့ ညွှန်ကြားလွှာ ထုတ်ခဲ့ခြင်းကြောင့် တိုင်းဒေသကြီး သံဃနာယက ဆရာတော်နှင့် သံဃာတော် စည်းကမ်းထိန်းသိမ်းရေး ဆရာတော် ၂၈၁ ပါးတို့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ဇွန်လ ၁၁ ရက်နေ့ နံနက် ၁ နာရီ နောက်ဆုံးထားပြီး မဟာသန္တိသုခကျောင်းတိုက်မှ သံဃာတော်များနှင့် ဝေယျာဝစ္စ အဖွဲ့ဝင်များကို ဖယ်ရှားပြီး ချိပ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်က ပြောကြားသည်။

“အေးအေးချမ်းချမ်း ဖြစ်စေဖို့ အတွက်ကို အကြိမ်ကြိမ်အခါခါပဲ ဆောင်ရွက်ခဲ့ပါတယ်။ သို့ပေမယ့် အေးချမ်းမှုထက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်သောကြောင့် ညအချိန် အပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ မဟာသန္တိသုခကျောင်းတိုက် ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာနာယကမှ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းပြီးနောက် ဓမ္မဝိနယနှင့်အညီ ဆုံးဖြတ်သင့်ကြောင်း မရမ်းကုန်းမြို့နယ် ကမ္ဘာ့ဝိပဿနာ ဗိမာန်ကျောင်းတိုက်မှ သံဃာတော် အရှင်ဝီရသာမိက မိန့်ကြားသည်။

“ဒီမိုကရေစီခေတ်မှာ အစိုးရဘက်ကနေပြီးတော့ လက်နက်မဲ့ သံဃာတော်ကို ညဘက်မှာ အကြမ်းဖက်သည့် နည်းကို သုံးသည့်အတွက် လုံးဝ လက်မခံပါဘူး” ဟု ယင်းသံဃာက မိန့်ဆိုသည်။

အဆိုပါ မဟာသန္တိသုခ ကျောင်းတိုက်သည် နိုင်ငံတော် သံဃမဟာနာယကမှ ပိုင်ဆိုင်သောကြောင့် သီတင်းသုံး နေထိုင်သော သံဃာတော်များ ဧပြီလ ၃၁ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း ကျောင်းထိုင် သံဃာတော်များက ပြန်လည် အကြောင်းကြားခြင်း မရှိသောကြောင့် သံဃာတော်များအကြား မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သောကြောင့် ချိပ်ပိတ်ခြင်း ဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာနာယကထံမှ သိရသည်။

“ဒီကျောင်းက ဘယ်သူပိုင်တယ် ဆိုတာ အားလုံးသိတယ်။ ပီနန်ဆရာတော်ကြီးနဲ့အတူ ကျွန်မတို့တွေ ကျောင်းဆောက်ဖို့ အလှူခံပြီး ရတဲ့ ပိုက်ဆံတွေနဲ့ ဆောက်ခဲ့တာပါ” ဟု ပီနန်ဆရာတော်၏ ဒါယိကာမတစ်ဦးက ပြောကြားသည်။

ယင်းသို့ ကျောင်းထိုင်သံဃာတော်များကို ဖယ်ရှားခြင်းကိစ္စကို လာရောက် တွေ့ဆုံညှိနှိုင်းရန် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကက ဖေဖော်ဝါရီအတွင်း အကြောင်းကြားစာ နှစ်ကြိမ်တိုင် ပေးပို့ထားသော်လည်း မဟာသန္တိသုခကျောင်းထိုင် သံဃာတော်များက သွားရောက် တွေ့ဆုံခဲ့ခြင်း မရှိသည့်အပြင် ကျောင်းတိုက်မှ တစ်လက်မမှ ဖယ်ရှားပေးမည် မဟုတ်ကြောင်း ပီနန်ဆရာတော်ကြီးက မတ်လ ၂၅ ရက်နေ့ မဟာသန္တိသုခ ကျောင်းတိုက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ မိန့်ကြားထားသည်။

နိုင်ငံတော် သံဃမဟာနာယကက မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတိုက်ရှိ သံဃာတော်များကို ဖယ်ရှားရန် ကြိုးပမ်းခြင်းကို ဝင်ရောက် ဖြေရှင်းပေးရန်အတွက် နိုင်ငံတော်သမ္မတ၊ သာသနာရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာန အပါအဝင် အစိုးရဌာနများသို့ မတ်လ ၂၇ ရက်နေ့တွင် မေတ္တာရပ်ခံစာ ပို့ထားပြီး ဖြစ်ကြောင်း မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်သော သံဃာတော်များထံမှ သိရသည်။

ထို့အပြင် မဟာသန္တိသုခ ကျောင်းတိုက်ကြီးသည် နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ အလှူရှင်များ ပူးပေါင်းမှုဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ပီနန်ဆရာတော် အရှင်ပညာဝံသသို့ ရေစက်ချ လှူဒါန်းခဲ့ခြင်း ဖြစ်သောကြောင့် အဓမ္မသိမ်းပိုက်ခြင်းကို လက်မခံကြောင်း အလှူရှင်များက သဘောထားကို မတ် ၃၁ ရက်နေ့တွင် ကျောင်းတိုက်မုခ်ဦး၌ ဆိုင်းဘုတ်တင် ကြေညာထားသည်။

မဟာသန္တိသုခ ကျောင်းတိုက်ကို ဇွန်လ ၁၁ ရက် ည ၁ နာရီတွင် သံဃမဟာနာယကမှ သံဃာတော်များနှင့် တိုင်းဒေသကြီးအစိုးရမှ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူ ချိပ်ပိတ်ခြင်း ဖြစ်ပြီး ဝေယျာဝစ္စ အဖွဲ့ဝင်များကို ခေတ္တထိန်းသိမ်းခဲ့သော်လည်း ခံဝင်ကတိဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

သို့သော်လည်း ဆရာတော်ဦးဥတ္တရ အပါအဝင် သီတင်းနေထိုင်ခဲ့သော သံဃာတော်များကို နိုင်ငံတော်သံဃ မဟာနာယကက စစ်ဆေးနိုင်ရန် ကမ္ဘာအေးကုန်းမြေတွင် ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ မဟာသန္တိသုခ ကျောင်းတော်ကြီး၏ ပဓာနနာယက ပီနန်ဆရာတော် ဦးပညာဝံသ ပြည်ပသာသနာပြုခရီး ကြွရောက်နေစဉ် အချိန်ကိုက် အင်အားသုံး ဖယ်ရှားခြင်းသည် မရိုးမဖြောင့်ဟု ယူဆပြီး နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အနေနှင့် လည်းကောင်း၊ သာသနာ ဝန်ကြီးဌာန အနေနှင့် လည်းကောင်း သဘောထား အမြော်အမြင် ကြီးစွာ ဖြေရှင်းရမည့်အစား ယခုကဲ့သို့ အင်အားသုံး ဖယ်ရှားခဲ့ခြင်းကို အလေးအနက် ကန့်ကွက်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

The Voice Weekly
ပီနန်ဆရာတော်နှင့် နိုင်ငံတော်သံဃမဟာနာယက အကြား ပိုင်ဆိုင်မှု အငြင်းပွားစဉ်တွင် ကျောင်းတိုက်၌ ဝင်ရောက်နေထိုင်သော မဟာသန္တိသုခကျောင်းတိုက် သံဃာတော်များကို နိုင်ငံတော် သံဃမဟာနာယက ထံ ခွင့်ပြုရယူခြင်း မရှိဘဲ သီတင်းသုံး နေထိုင်မှုဖြင့် အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သာသနာ ရေး မှူး ဦးစိန်မော်က ပြောကြားသည်။

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေး ဝန်ကြီးဌာနတွင် ပြုလုပ်သော မဟာသန္တိသုခ ကျောင်း တိုက်နှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

သံဃာ့ကိစ္စကို သံဃာတော်များကသာ ဖြေရှင်းမည် ဖြစ်သောကြောင့် ပီနန်ဆရာတော်၏ တပည့်ဖြစ်သူ ဆရာတော် ဦးဥတ္တရ အပါအဝင် သန္တိသုခကျောင်းတိုက်၌ ခွင့်ပြုချက်မရှိ သီတင်းသုံး နေထိုင်သော သံဃာတော်များကို နိုင်ငံတော် သံဃမဟာနာယကက လုပ်ထုံး လုပ်နည်းများအရ စိစစ်အရေးယူမည် ဖြစ်ကြောင်း ဦးစိန်မော်က ဆိုသည်။

“လောလောဆယ် အချိန်မှာတော့ သံဃာတော်တွေကို ဘယ်လို အရေးယူမလဲ ပြောလို့ မရသေးပါဘူး၊ ဆရာ တော်ကြီးများ စိစစ်မေးမြန်းပြီးမှသာ အရေးယူလို့ ရပါမယ်” ဟု ၎င်းကဆိုသည်။

မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားခြင်းသည် သံဃာအဖွဲ့အစည်းအကြား ညီညွတ်မှု ပျက်ပြား လာနိုင်သောကြောင့် သီတင်းသုံး သံဃာတော်များကို အပြီးတိုင် ဖယ်ရှားရေး ဆောင်ရွက်ရန် ဇွန်လ ၁၀ ရက်နေ့တွင် ညွန်ကြားလွှာ ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

ယင်းသို့ ညွှန်ကြားလွှာ ထုတ်ခဲ့ခြင်းကြောင့် တိုင်းဒေသကြီး သံဃနာယက ဆရာတော်နှင့် သံဃာတော် စည်းကမ်း ထိန်းသိမ်းရေး ဆရာတော် ၂၈၁ ပါးတို့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ဇွန်လ ၁၁ ရက်နေ့ နံနက် ၁ နာရီ နောက်ဆုံးထားပြီး မဟာသန္တိသုခကျောင်းတိုက်မှ သံဃာတော်များနှင့် ဝေယျာဝစ္စ အဖွဲ့ဝင်များကို ဖယ်ရှားပြီး ချိပ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်က ပြောကြားသည်။

“အေးအေးချမ်းချမ်း ဖြစ်စေဖို့ အတွက်ကို အကြိမ်ကြိမ်အခါခါပဲ ဆောင်ရွက်ခဲ့ပါတယ်။ သို့ပေမယ့် အေးချမ်းမှု ထက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်သောကြောင့် ညအချိန် အပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါ တယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ မဟာသန္တိသုခကျောင်းတိုက် ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာနာယကမှ အဖွဲ့အစည်း တစ်ခု ဖွဲ့စည်းပြီးနောက် ဓမ္မဝိနယနှင့်အညီ ဆုံးဖြတ်သင့်ကြောင်း မရမ်းကုန်းမြို့နယ် ကမ္ဘာ့ဝိပဿနာ ဗိမာန်ကျောင်းတိုက်မှ သံဃာတော် အရှင်ဝီရသာမိက မိန့်ကြားသည်။

“ဒီမိုကရေစီခေတ်မှာ အစိုးရဘက်ကနေပြီးတော့ လက်နက်မဲ့ သံဃာတော်ကို ညဘက်မှာ အကြမ်းဖက်သည့် နည်းကို သုံးသည့် အတွက် လုံးဝ လက်မခံပါဘူး” ဟု ယင်းသံဃာက မိန့်ဆိုသည်။

အဆိုပါ မဟာသန္တိသုခ ကျောင်းတိုက်သည် နိုင်ငံတော် သံဃမဟာနာယကမှ ပိုင်ဆိုင်သောကြောင့် သီတင်း သုံး နေထိုင်သော သံဃာတော်များ ဧပြီလ ၃၁ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း ကျောင်းထိုင် သံဃာတော်များက ပြန်လည် အကြောင်းကြားခြင်း မရှိသောကြောင့် သံဃာတော်များအကြား မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သောကြောင့် ချိပ်ပိတ်ခြင်း ဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာနာယကထံမှ သိရသည်။

“ဒီကျောင်းက ဘယ်သူပိုင်တယ် ဆိုတာ အားလုံးသိတယ်။ ပီနန်ဆရာတော်ကြီးနဲ့အတူ ကျွန်မတို့တွေ ကျောင်းဆောက်ဖို့ အလှူခံပြီး ရတဲ့ ပိုက်ဆံတွေနဲ့ ဆောက်ခဲ့တာပါ” ဟု ပီနန်ဆရာတော်၏ ဒါယိကာမတစ်ဦး က ပြောကြားသည်။

ယင်းသို့ ကျောင်းထိုင်သံဃာတော်များကို ဖယ်ရှားခြင်းကိစ္စကို လာရောက် တွေ့ဆုံညှိနှိုင်းရန် ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကက ဖေဖော်ဝါရီအတွင်း အကြောင်းကြားစာ နှစ်ကြိမ်တိုင် ပေးပို့ထားသော်လည်း မဟာသန္တိသုခကျောင်းထိုင် သံဃာတော်များက သွားရောက် တွေ့ဆုံခဲ့ခြင်း မရှိသည့်အပြင် ကျောင်းတိုက်မှ တစ်လက်မမှ ဖယ်ရှားပေးမည် မဟုတ်ကြောင်း ပီနန်ဆရာတော်ကြီးက မတ်လ ၂၅ ရက်နေ့ မဟာသန္တိသုခ ကျောင်းတိုက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ မိန့်ကြားထားသည်။

နိုင်ငံတော် သံဃမဟာနာယကက မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတိုက်ရှိ သံဃာတော်များကို ဖယ်ရှားရန် ကြိုးပမ်းခြင်းကို ဝင်ရောက် ဖြေရှင်းပေးရန်အတွက် နိုင်ငံတော်သမ္မတ၊ သာသနာရေး ဝန်ကြီး ဌာန နှင့် ပြည်ထဲရေး ဝန်ကြီးဌာန အပါအဝင် အစိုးရဌာနများသို့ မတ်လ ၂၇ ရက်နေ့တွင် မေတ္တာရပ်ခံစာ ပို့ထားပြီး ဖြစ်ကြောင်း မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်သော သံဃာတော်များထံမှ သိရသည်။

ထို့အပြင် မဟာသန္တိသုခ ကျောင်းတိုက်ကြီးသည် နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ အလှူရှင်များ ပူးပေါင်းမှုဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ပီနန်ဆရာတော် အရှင်ပညာဝံသသို့ ရေစက်ချ လှူဒါန်းခဲ့ခြင်း ဖြစ်သောကြောင့် အဓမ္မသိမ်းပိုက်ခြင်းကို လက်မခံကြောင်း အလှူရှင်များက သဘောထားကို မတ် ၃၁ ရက်နေ့တွင် ကျောင်းတိုက်မုခ်ဦး၌ ဆိုင်းဘုတ်တင် ကြေညာထားသည်။

မဟာသန္တိသုခ ကျောင်းတိုက်ကို ဇွန်လ ၁၁ ရက် ည ၁ နာရီတွင် သံဃမဟာနာယကမှ သံဃာတော်များနှင့် တိုင်းဒေသကြီးအစိုးရမှ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူ ချိပ်ပိတ်ခြင်း ဖြစ်ပြီး ဝေယျာဝစ္စ အဖွဲ့ဝင်များကို ခေတ္တထိန်းသိမ်းခဲ့သော်လည်း ခံဝင်ကတိဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

သို့သော်လည်း ဆရာတော်ဦးဥတ္တရ အပါအဝင် သီတင်းနေထိုင်ခဲ့သော သံဃာတော်များကို နိုင်ငံတော်သံဃ မဟာနာယကက စစ်ဆေးနိုင်ရန် ကမ္ဘာအေးကုန်းမြေတွင် ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ မဟာသန္တိသုခ ကျောင်းတော်ကြီး၏ ပဓာနနာယက ပီနန်ဆရာတော် ဦးပညာဝံသ ပြည်ပ သာသနာပြု ခရီး ကြွရောက်နေစဉ် အချိန်ကိုက် အင်အားသုံး ဖယ်ရှားခြင်းသည် မရိုးမဖြောင့်ဟု ယူဆပြီး နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အနေနှင့် လည်းကောင်း၊ သာသနာ ဝန်ကြီးဌာန အနေနှင့် လည်း ကောင်း သဘောထား အမြော်အမြင် ကြီးစွာ ဖြေရှင်းရမည့်အစား ယခုကဲ့သို့ အင်အားသုံး ဖယ်ရှားခဲ့ခြင်းကို အလေးအနက် ကန့်ကွက်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

The Voice Weekly 

No comments:

Post a Comment