Thursday 12 June 2014

မိုးရွာသွန်းမှုကြောင့် ရွှေတိဂုံဘုရားလမ်းတွင် ညောင်ပင်လဲကျ

၁၁.၆.၂၀၁၄ ရက်နေ့ ၁၀၁၅ အချိန်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်း အတွင်းရှိ လုံးပတ်ပေ(၂၀)ခန့်၊ အမြင့်ပေ (၁၀၀)ခန့်ရှိ ညောင်ပင်မှာ မိုးရွာသွန်းမှုကြောင့် ရွှေတိဂုံဘုရားလမ်း ပေါ်သို့ ကန်လန့်ဖြတ်လဲကျခဲ့ပါသည်။

ထိုသို့လဲကျစဉ် ရွှေတိဂုံဘုရားလမ်းအတိုင်းမောင်းနှင်လာသည့် 9F---- TOYOTA BELTA ယာဉ်၏ ရှေ့ဝဲ ဘက်ခြမ်းအား ထိခိုက်မိခဲ့ရာ ယာဉ်ဘောနက်အနည်းငယ်ယာဉ်ပိန်ချိုင့်ပြီး ရှေ့လေကာမှန် ကွဲသွားခဲ့ကြောင်း နှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရှိရ ပါသည်။

အဆိုပါနေရာသို့ တာဝန်ရှိသူများရောက်ရှိပြီး ရှင်းလင်းဆောင်ရွက် ခဲ့ရာ ၁၂၀၀ အချိန်တွင်ပြီးဆုံးသွားခဲ့ပြီး ယာဉ်များပုံမှန် သွားလာလျက် ရှိကြောင်း သတင်းရရှိပါသည်။

မြ၀တီ

No comments:

Post a Comment