Thursday 12 June 2014

ပျိုမေတို့ အထင်ကြီး လေးစား လိုအပ်တဲ့ အမျိုးသား အမျိုးအစား

Photo: ပျိုမေတို့ အထင်ကြီး လေးစား လိုအပ်တဲ့ အမျိုးသား အမျိုးအစား 
Thursday, June 12, 2014

သူငယ်ချင်း တစ်ယောက်က မေးလာ ပါတယ်။ မိန်းကလေးတွေ သူ့ကို ကြွေအောင် ဘယ်လို နေရမလဲတဲ့။ ဘယ်လို ကျင့်ကြံရမလဲတဲ့။ ဆံပင်ပုံစံ ဘယ်လိုထားရမလဲ။ ဘယ်လို ဝတ်စားရမလဲ။ ငွေဘယ်လောက် ရှိရမလဲ အစရှိသဖြင့် မေးပါတယ်။ ဒီတော့ ပြောလိုက်ပါတယ်။

ငွေကြေး မြောက်များစွာ ပိုင်ဆိုင်ပြီး ကြွယ်ဝချမ်းသာတာကိုသာ ကြည့်ပြီး ရွေးချယ် သူများလည်း ရှိပါတယ်။ သူတို့ဟာ သာမန် အမျိုးသမီး တစ်ဦးထက် မပို ပါဘူး။ သာမန် အမျိုးသမီးထက် ပိုပြီး အသိဥာဏ် ကြွယ်ဝသူများက ငွေကြေး အပြင် သူရွေးချယ်တဲ့ သူရဲ့ စိတ်နေ စိတ်ထား ပင်ကိုယ်စရိုက်များကို လေ့လာ ပါလိမ့်မယ်။ အကယ်၍ Attitude အရ မကောင်းတဲ့ မကောင်းတဲ့ အချက်တွေ များနေရင်တော့ အမျိုးသမီး ကောင်းတို့ ရွေးချယ်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ အမျိုးသမီး အများစု အထင်ကြီး လေးစားတဲ့ အမျိုးသား အမျိုးအစား ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ရိုးသားသူ 

ရိုးသားမှုက အင်မတန် အရေးကြီးပါတယ်။ ရိုးသားခြင်း မရှိပဲ အကြောင်းအရာ ကိစ္စ များကို ကွယ်ဝှက်၊ လိမ်ညာ ပြောဆို နေတဲ့ အမျိုးသား များဟာ ရိုးသားမှု မရှိပါဘူး။ အဲ့လို လူတွေကို အမျိုးသမီးတို့က ဘယ်လောက်ပဲ ငွေရှိရှိ ရွေးချယ် ကြလိမ့်မှာ မဟုတ်ပါဘူး။ 

ထက်မြတ်သူ 

ရိုးသားပြီးတော့ 'အ' နေလို့လဲ မရ ပါဘူး။ ရိုးသားတယ် ဆိုတာ အမှန်ကို ပြောဆိုခြင်း၊ လက်ခံခြင်း သက်သက်မျှသာ ဖြစ်ပြီး လောကီ လုပ်ငန်း ဆောင်တာ တို့မှာ အမြဲ ကျရှုံးနေတာကို မဆိုလို လို ပါဘူး။ ကိုယ် လုပ်ကိုင် လိုက်စားနေတဲ့ အသက်မွေးဝမ်းကျောင်း ပညာ တစ်ခုမှာ ထက်ထက် မြတ်မြတ် ရှိရမယ်။ တော်ရမယ်။ ဒါဟာလည်း အမျိုးသမီးတို့ အထင်ကြီး လိုချင်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ 

ကြိုးစားသူ

ရိုးသားပြီးတော့၊ ထက်မြတ်ပြီးတော့ ကြိုးစားဖို့လည်း လိုပါသေးတယ်။ အချို့က တော်တော့ တော်ပါရဲ့။ ပျင်းရိနေပြီး ဘာမှမလုပ်ပဲ နေတာတို့၊ အလုပ်မရှိ ဖြစ်နေတာတို့။ အလုပ်ရှိလဲ လက်ကျောတင်းအောင် မလုပ်နိုင်တာတို့ အစရှိသဖြင့် ပျင်းရိတတ်တဲ့ အမျိုးသားမျိုးကို အမျိုးသမီးတို့ မလိုချင် ပါဘူး။ တစ်ဘဝ လုံးစာ လက်တွဲဖို့ ဆိုရင် ပိုလို့တောင် ဖြစ်မလာ နိုင်ပါဘူး။ တကယ် ကြိုးစား လုပ်ကိုင်နေတတ်သူကမှ ဒါဟာ အလားအလာ ရှိတယ်လို့ ထင်မြင် သိရှိပြီး ရွေးချယ် ကြပါ လိမ့်မယ်။ 

စိတ်ကောင်း ရှိသူ 

ရိုးသားတယ်၊ ကြိုးစားတယ်။ ထက်မြတ်တယ်။ သို့ပေမယ့် သူတစ်ပါး ကို အထင်သေး အမြင်သေး ထားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အတ္တ ပရ မျှမျှတတ မရှိပဲ ထင်ရာစိုင်း လုပ်တတ်ခြင်း တို့ ကို ဆိုလို ပါတယ်။ သူတစ်ပါး အား နှုတ်ဖြင့်သော် လည်းကောင်း၊ အမူအရာ ဖြစ်သော် လည်းကောင်း ထိခိုက် နစ်နာ စေခြင်း အစရှိသဖြင့် အကုသိုလ်အခြေခံတဲ့ လုပ်ရပ် များကို လုပ်လေ့ ရှိသူများ ဆိုရင် မိန်းကလေးတွေ အနားတောင် ကပ်တော့မှာ မဟုတ်ပါဘူး။ အလုပ် သဘော အရသာ၊ အပေါ်ယံ မျှသာ ပြောဆို ဆက်ဆံတတ်ပေမယ့် စိတ်ကောင်း မရှိတဲ့ သူဆိုရင် အမျိုးသား ဖြစ်ဖြစ် အမျိုးသမီး ဖြစ်ဖြစ် ရှောင်ကြ ပါလိမ့်မယ်။ ဒီတော့ စိတ်ကောင်း ထားပြီး အရာရာကို အကောင်းမြင်ပေး တတ် ခြင်း၊ နှလုံးသွင်းတတ်ခြင်း၊ ရိုင်းပင်း ကူညီ တတ်ခြင်း အစရှိသဖြင့် တို့နဲ့ ပြည့်စုံရန် လိုအပ် ပါသေးတယ်။

အနှစ်ချုပ်

ဒီတော့ အားဖြင့် အမျိုးသမီးတို့ အထင်ကြီးလေးစား ဖို့ အတွက် ဂုဏ်တွေ၊ ရွှေတွေ၊ ငွေတွေက အဓိက မကျ ပါဘူး။ တကယ် အဓိက ကျပြီး အရေးကြီးတာက အပေါ်မှာ ဖော်ပြ သွားတယ်။ ရိုးသားမှု၊ ကြိုးစားမှု၊ ထက်မြတ်မှု၊ စိတ်ကောင်း ရှိမှု တို့ ဖြစ်ပါတယ်။ မချမ်းသာပေမယ့် အမှန်တကယ် အထက်ပါ အချက်များနဲ့ ပြည့်စုံနေရင် ဘယ်မိန်းကလေးများ အထင်ကြီးမလဲလို့ ထိုင်စောင့်စရာ မလိုပါဘူး။ မိမိနဲ့ ထိုက်တန်တဲ့ ဖူးစားရှင် သင့်ထက် ရောက်ရှိ လာပါ လိမ့်မယ် ဖြစ်ပါကြောင်း အားပေး တိုက်တွန်း လိုက်ရပါတယ်။ 

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment