Thursday 12 June 2014

ဝန်ဆောင်မှုလုပ်ငန်း ၂၆ မျိုးနှင့် ကုန်စည် ၁၈ မျိုး အခွန်ကင်းလွတ်ခွင့်ပြု

Photo: ဝန်ဆောင်မှုလုပ်ငန်း ၂၆ မျိုးနှင့် ကုန်စည် ၁၈ မျိုး အခွန်ကင်းလွတ်ခွင့်ပြု
Thursday, June 12, 2014 

အသစ်ပြဋ္ဌာန်းလိုက်သော ၂၀၁၄ ခုနှစ် အခွန်အကောက် ဥပဒေအရ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ၂၆ ခုနှင့် ပြည်ပမှ တင်သွင်းခြင်းနှင့် ပြည်တွင်းတွင် ကိုယ်တိုင် ထုတ်လုပ်မည့် ကုန်စည် ၁၈ မျိုးတို့ကို လုံးဝ အခွန်ကင်းလွတ်ခွင့် ပြုကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က ပြောကြားသည်။

ဇွန်လ ၁၁ ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်သော ၂၀၁၄ ခုနှစ် အခွန်အကောက်ဆိုင်ရာ အသိပေး ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ၂၆ မျိုးမှ လွဲ၍ ကျန်ဝန်ဆောင်မှု လုပ်ငန်းများမှာ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း အဆိုပါ ဥပဒေ ပြင်ဆင်ချက်တွင် ပါရှိသည်။

“ကျွန်တော်တို့ အရင်တုန်းကတော့ အဲဒီလုပ်ငန်းတွေကို အခွန်ကင်းလွတ်ခွင့် မပေးထားပါဘူး” ဟု ဦးတင်ထွန်းနိုင်က ဆိုသည်။

အခွန်ကင်းလွတ်ခွင့် ပြုထားသော ကုန်စည် ၁၈ မျိုးမှာ ပြည်ပမှ တင်သွင်းရာတွင် လည်းကောင်း၊ ပြည်တွင်းတွင် ကိုယ်တိုင် ထုတ်လုပ်ရာတွင် လည်းကောင်း အခွန်ပေးဆောင်ရမည် မဟုတ်ကြောင်း ၂၀၁၄ ခုနှစ် အခွန်အကောက် ဥပဒေများအရ သိရသည်။

အဆိုပါကုန်စည် ၁၈ မျိုးအပြင် အခြားကုန်စည် ၆၀ မှာလည်း ပြည်တွင်းတွင် ထုတ်လုပ်ရောင်းချခြင်း ဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည် မဟုတ်ဘဲ ပြည်ပမှ တင်သွင်းပါက ကုန်းပေါ်အရောက် တန်ဖိုးအပေါ် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ပြောဆိုသည်။

“ဒီလိုအခွန်နဲ့ ပတ်သက်ပြီး အစိုးရဘက်က ပွင့်လင်းလာတာ ကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခွန်နဲ့ ပတ်သက်ပြီး အရင်တုန်းက အချို့လုပ်ငန်းရှင်တွေဆို အခွန် ဘယ်လိုဆောင်ရမှန်းတောင် မသိတဲ့သူတွေ ရှိတယ်လေ။ အခုလို အများပြည်သူတွေ အရှေ့မှာ ရှင်းလင်း ပြောကြားပေးတာ ကောင်းတဲ့ လုပ်ရပ်တစ်ခုပါ” ဟု ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယင်းသို့ အခွန်ကင်းလွတ်ခွင့်များ ပြုလုပ်ထားသည်ကို ယခင်ဥပဒေများ သတ်မှတ်ခဲ့စဉ်က သိရှိခြင်း မရှိခဲ့ကြောင်း မည်သည့် ကုန်စည်များကို အစိုးရက အခွန်ကင်းလွတ်ခွင့် ပေးအပ်ထားသည်ကိုလည်း သိရှိကြခြင်း မရှိသည့် လုပ်ငန်းရှင်များစွာ ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ဆိုသည်။

The Voice Weekly
အသစ်ပြဋ္ဌာန်းလိုက်သော ၂၀၁၄ ခုနှစ် အခွန်အကောက် ဥပဒေအရ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ၂၆ ခုနှင့် ပြည်ပမှ တင်သွင်းခြင်းနှင့် ပြည်တွင်းတွင် ကိုယ်တိုင် ထုတ်လုပ်မည့် ကုန်စည် ၁၈ မျိုးတို့ကို လုံးဝ အခွန်ကင်းလွတ်ခွင့် ပြုကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က ပြောကြားသည်။

ဇွန်လ ၁၁ ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်သော ၂၀၁၄ ခုနှစ် အခွန်အကောက်ဆိုင်ရာ အသိပေး ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ၂၆ မျိုးမှ လွဲ၍ ကျန်ဝန်ဆောင်မှု လုပ်ငန်းများမှာ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင် နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း အဆိုပါ ဥပဒေ ပြင်ဆင်ချက်တွင် ပါရှိသည်။

“ကျွန်တော်တို့ အရင်တုန်းကတော့ အဲဒီလုပ်ငန်းတွေကို အခွန်ကင်းလွတ်ခွင့် မပေးထားပါဘူး” ဟု ဦးတင်ထွန်းနိုင် က ဆိုသည်။

အခွန်ကင်းလွတ်ခွင့် ပြုထားသော ကုန်စည် ၁၈ မျိုးမှာ ပြည်ပမှ တင်သွင်းရာတွင် လည်းကောင်း၊ ပြည်တွင်း တွင် ကိုယ်တိုင် ထုတ်လုပ်ရာတွင် လည်းကောင်း အခွန်ပေးဆောင်ရမည် မဟုတ်ကြောင်း ၂၀၁၄ ခုနှစ် အခွန်အကောက် ဥပဒေများအရ သိရသည်။

အဆိုပါကုန်စည် ၁၈ မျိုးအပြင် အခြားကုန်စည် ၆၀ မှာလည်း ပြည်တွင်းတွင် ထုတ်လုပ်ရောင်းချခြင်း ဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည် မဟုတ်ဘဲ ပြည်ပမှ တင်သွင်းပါက ကုန်းပေါ်အရောက် တန်ဖိုးအပေါ် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ပြောဆိုသည်။

“ဒီလိုအခွန်နဲ့ ပတ်သက်ပြီး အစိုးရဘက်က ပွင့်လင်းလာတာ ကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခွန်နဲ့ ပတ် သက်ပြီး အရင်တုန်းက အချို့လုပ်ငန်းရှင်တွေဆို အခွန် ဘယ်လိုဆောင်ရမှန်းတောင် မသိတဲ့သူတွေ ရှိတယ်လေ။ အခုလို အများပြည်သူတွေ အရှေ့မှာ ရှင်းလင်း ပြောကြားပေးတာ ကောင်းတဲ့ လုပ်ရပ်တစ်ခုပါ” ဟု ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယင်းသို့ အခွန်ကင်းလွတ်ခွင့်များ ပြုလုပ်ထားသည်ကို ယခင်ဥပဒေများ သတ်မှတ်ခဲ့စဉ်က သိရှိခြင်း မရှိခဲ့ ကြောင်း မည်သည့် ကုန်စည်များကို အစိုးရက အခွန်ကင်းလွတ်ခွင့် ပေးအပ်ထားသည်ကိုလည်း သိရှိကြခြင်း မရှိသည့် လုပ်ငန်းရှင်များစွာ ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ဆိုသည်။

The Voice Weekly 

No comments:

Post a Comment