Thursday 12 June 2014

လူကုန်ကူးသူ လှေတစ်စင်းပေါ်က ပစ်ခတ်မှုကြောင့် လူ ၅ဦး သေဆုံး

Photo: လူကုန်ကူးသူ လှေတစ်စင်းပေါ်က ပစ်ခတ်မှုကြောင့် လူ ၅ဦး သေဆုံး
Thursday, June 12, 2014

 မလေးရှားနိုင်ငံကို လှေတွေနဲ့ သွားရောက်ဖို့ ကြိုးစားပြီး ရိုဟင်ဂျာတွေ လိုက်ပါသွားတဲ့ လှေတစ်စင်းဟာ ဘင်္ဂလားပင်လယ်အော်မှာ ပြဿနာနဲ့ ကြုံတွေ့ခဲ့တဲ့အတွက် လူ ၅ ဦးသေဆုံးပြီး အယောက် ၂၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံး သူတွေဟာ ထိုင်းလှေ အမှုထမ်းနဲ့ လူကုန်ကူးသူ တွေရဲ့ ပစ်ခတ် ချက်ကြောင့် သေဆုံး ရတာ ဖြစ်ပါတယ်။

လူကုန်ကူးသူတွေနဲ့ ထိုင်း အမှုထမ်း တွေက သူတို့ ကို မလေး ရှား နိုင်ငံကို ခေါ်သွား မယ် လို့ ပြော ခဲ့ပေမယ့် ခေါ်မသွားပဲ နောက်ထပ် ခရီးသည် တွေကို စောင့်ပြီး လူတွေ ထပ်တင်နေ ခဲ့တဲ့အတွက် ခရီးသည် တွေက မကျေမနပ် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါအပြင် သူတို့ ကို လည်း လှေ ပေါ်မှာ နှစ်ပတ်ကြာ နေခိုင်းပြီး အစား အသောက် လုံလုံ လောက်လောက် မကျွေးတဲ့အတွက် ပြဿနာ စ ဖြစ်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် အာဏာ ပိုင်တွေက ပြောပါတယ်။

အဲဒီလှေပေါ်မှာ ရိုဟင်ဂျာ၊ ဘင်္ဂလားဒေ့ရှ် လူမျိုးတွေ အပြင် ထိုင်းလှေ အမှုထမ်းနဲ့ လူကုန်ကူး သူတွေ လိုက်ပါသွား တယ်လို့ ဆိုပါတယ်။

လူပေါင်း ၃၁၈ ယောက်ထဲက ၂၃ ယောက်လောက် သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး တခြား အယောက် ၁၅၀ ကျော် ကတော့ ဓားဒဏ်ရာနဲ့ ရုန်းရင်း ဆန်ခတ်ကနေ ဒဏ်ရာရခဲ့သလို တချို့ကလည်း အစာရေစာ ငတ်မွတ်တဲ့ဒဏ် ခံနေရတယ်လို့ ဆိုပါတယ်။

အဲဒီအတွက် လူကုန်ကူးမှုမှာ ပါဝင်တဲ့ ထိုင်းလှေအမှုထမ်းနဲ့ မြန်မာလူကုန်ကူးသူကို ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်။

ပြဿနာဖြစ်နေတုန်း လှေပေါ်က ဆင်းဖို့ ကြိုးစားချိန်မှာ တခြားလှေက လူကုန်ကူးသူတွေ သူတို့ကို သေနတ်နဲ့ လှမ်းပစ်ခဲ့တာ ဖြစ်တယ်လို့ ခရီးသည်တွေက ပြောပါတယ်။

ခရီးသည်တွေဟာ သူတို့ကို မလေးရှားနိုင်ငံကို ခေါ်ဆောင်သွားဖို့ လူကုန်ကူးသူတွေကို ဒေါ်လာ နှစ်ထောင် (မြန်မာကျပ်ငွေ သိန်း ၂၀ နီးပါး) ပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ABC Radio Australia

ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ (Credit: AFP)
ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ (Credit: AFP) 
မလေးရှားနိုင်ငံကို ​လှေတွေနဲ့ ​သွားရောက်ဖို့ ​ကြိုးစားပြီး ​ရိုဟင်ဂျာတွေ ​လိုက်ပါသွားတဲ့ ​လှေတစ်စင်းဟာ ​ဘင်္ဂလားပင်လယ်အော်မှာ ​ပြဿနာနဲ့ ​ကြုံတွေ့ခဲ့တဲ့အတွက် ​လူ ​၅ ​ဦးသေဆုံးပြီး ​အယောက် ​၂၀၀ ​လောက် ​ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံး ​သူတွေဟာ ​ထိုင်းလှေ ​အမှုထမ်းနဲ့ ​လူကုန်ကူးသူ ​တွေရဲ့ ​ပစ်ခတ် ​ချက်ကြောင့် ​သေဆုံး ​ရတာ ​ဖြစ်ပါတယ်။

လူကုန်ကူးသူတွေနဲ့ ​ထိုင်း ​အမှုထမ်း ​တွေက ​သူတို့ ​ကို ​မလေး ​ရှား ​နိုင်ငံကို ​ခေါ်သွား ​မယ် ​လို့ ​ပြော ​ခဲ့ပေမယ့် ​ခေါ်မသွားပဲ ​နောက်ထပ် ​ခရီးသည် ​တွေကို ​စောင့်ပြီး ​လူတွေ ​ထပ်တင်နေ ​ခဲ့တဲ့အတွက် ​ခရီးသည် ​တွေက ​မကျေမနပ် ​ဖြစ်ခဲ့တာ ​ဖြစ်ပါတယ်။

အဲ့ဒါအပြင် ​သူတို့ ​ကို ​လည်း ​လှေ ​ပေါ်မှာ ​နှစ်ပတ်ကြာ ​နေခိုင်းပြီး ​အစား ​အသောက် ​လုံလုံ ​လောက်လောက် ​မကျွေးတဲ့အတွက် ​ပြဿနာ ​စ ​ဖြစ်ခဲ့တာလို့ ​ဘင်္ဂလားဒေ့ရှ် ​အာဏာ ​ပိုင်တွေက ​ပြောပါတယ်။

အဲဒီလှေပေါ်မှာ ​ရိုဟင်ဂျာ၊ ​ဘင်္ဂလားဒေ့ရှ် ​လူမျိုးတွေအပြင် ​ထိုင်းလှေ ​အမှုထမ်းနဲ့ ​လူကုန်ကူး ​သူတွေ ​လိုက်ပါ သွား ​တယ်လို့ ​ဆိုပါတယ်။

လူပေါင်း ​၃၁၈ ​ယောက်ထဲက ​၂၃ ​ယောက်လောက် ​သေနတ်ဒဏ်ရာ ​ရရှိခဲ့ပြီး ​တခြား ​အယောက် ​၁၅၀ ​ကျော် ​ကတော့ ​ဓားဒဏ်ရာနဲ့ ​ရုန်းရင်း ​ဆန်ခတ်ကနေ ​ဒဏ်ရာရခဲ့သလို ​တချို့ကလည်း ​အစာရေစာ ​ငတ်မွတ်တဲ့ဒဏ် ​ခံနေရတယ်လို့ ​ဆိုပါတယ်။

အဲဒီအတွက် ​လူကုန်ကူးမှုမှာ ​ပါဝင်တဲ့ ​ထိုင်းလှေအမှုထမ်းနဲ့ ​မြန်မာလူကုန်ကူးသူကို ​ဖမ်းဆီးလိုက်ပြီ ​ဖြစ်ပါတယ်။

ပြဿနာဖြစ်နေတုန်း ​လှေပေါ်က ​ဆင်းဖို့ ​ကြိုးစားချိန်မှာ ​တခြားလှေက ​လူကုန်ကူးသူတွေ ​သူတို့ကို ​သေနတ်နဲ့ ​လှမ်းပစ်ခဲ့တာ ​ဖြစ်တယ်လို့ ​ခရီးသည်တွေက ​ပြောပါတယ်။

ခရီးသည်တွေဟာ ​သူတို့ကို ​မလေးရှားနိုင်ငံကို ​ခေါ်ဆောင်သွားဖို့ ​လူကုန်ကူးသူတွေကို ​ဒေါ်လာ ​နှစ်ထောင် ​(မြန်မာကျပ်ငွေ ​သိန်း ​၂၀ ​နီးပါး) ​ပေးဆောင်ခဲ့ရတယ်လို့ ​ဆိုပါတယ်။

ABC Radio Australia

No comments:

Post a Comment