Thursday 12 June 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် မျိုးစောင့်ဥပဒေ ဆန့်ကျင်သည့် အဖွဲ့များ တွေ့ဆုံ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မျိုးစောင့်ဥပဒေကို ဆန့်ကျင်သည့် အဖွဲ့ဝင် များ သည် ဇွန် ၁၁ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ တွေ့ဆုံခဲ့ကြသည်။

မျိုးစောင့်ဥပဒေကို ဆန့်ကျင်သည့် အရပ်ဘက် အဖွဲ့အစည်း ၁၆၆ ဖွဲ့မှ အဖွဲ့ဝင်များပါဝင်ပြီး လာရောက် တွေ့ဆုံသည့် အဖွဲ့ဝင် စုစုပေါင်း ၁၀ ဦးရှိကြောင်း သိရသည်။

မျိုးစောင့်ဥပဒေတွင် ပါဝင်သည့် အပိုင်းလေးပိုင်းဖြစ်သည့် ဘာသာကူးပြောင်းရေး ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်း ဥပဒေ အပါအ၀င် ကျန်ဥပဒေနှစ်ခုသည် မလိုအပ်ကြောင်း လာရောက်တင်ပြခြင်း ဖြစ်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီပြုပြင်ရေး လမ်းကြောင်းကို သွားနေချိန်၌ မည်သည့် ဥပဒေ အသစ်ကို ပြဋ္ဌာန်းသည်ဖြစ်စေ ပြည်သူအကျိုးစီးပွားကို ကာကွယ်ပေးမှု မရှိဘဲ အကျိုးမရှိပါက ဥပဒေပြုလုပ် ရန် မသင့်ဟု ပြန်လည်ပြောကြားခဲ့သည်ဟု ၎င်းအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထို့ပြင် မျိုးစောင့်ဥပဒေကို ဆန့်ကျင်သည့် အဖွဲ့အစည်းများထံ ခြိမ်းခြောက်စာများ ရောက်ရှိနေသည်ကို လည်း လာရောက်တင်ပြခြင်းဖြစ်ကြောင်း၊ ထို့ပြင် မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းရန် တိုက်တွန်းသည့် နိုင်ငံတော် သမ္မတကြီးအားလည်း ကန့်ကွက်ပါကြောင်း လာရောက်တွေ့ဆုံသည့် အဖွဲ့ဝင်များက အသီးသီး ပြောကြား သည်။

Eleven Media Group

No comments:

Post a Comment