Thursday 12 June 2014

ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် မလျော်ညီသော ပညာရေး ဥပဒေကြမ်း ငါးခု ဖျက်သိမ်း

Photo: ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် မလျော်ညီသော ပညာရေး ဥပဒေကြမ်း ငါးခု ဖျက်သိမ်း
Thursday, June 12, 2014

အစိုးရသစ်လက်ထက် ပညာရေး ပြုပြင်ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေ မရှိသော ပြည်သူ့လွှတ်တော်တွင် ၂၀၁၂ ခုနှစ်က တင်သွင်းခဲ့သည့် ပညာရေး ဥပဒေကြမ်း ငါးခုကို ဖျက်သိမ်းရန် ဇွန်လ ၁၁ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သဘောတူညီကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။ 

ပညာရေး မြှင့်တင်မှု ကော်မတီ အဖွဲ့ဝင် ဒေါက်တာမြဦးက ဇွန်လ ၁၁ ရက်နေ့ ဒသမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပညာရေး ဥပဒေကြမ်း ငါးခု ဖျက်သိမ်းရန် အဆိုတင်သွင်းခဲ့ပြီး ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်နှင့် လွှတ်တော်ကိုယ်စားလှယ် အားလုံးက သဘောတူ လက်ခံခဲ့ကြသည်။ 

ဖျက်သိမ်းမည့် ဥပဒေကြမ်းများမှာ ၂၀၁၂ ခုနှစ်က တင်သွင်းခဲ့သော မြန်မာစာအဖွဲ့ ဥပဒေကြမ်း၊ ပညာရေး သုတေသန ဥပဒေကြမ်း၊ မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥပဒေကြမ်း၊ အခြေခံပညာရေး ဥပဒေကြမ်းနှင့် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းတို့ ဖြစ်သည်။

“အမျိုးသားပညာရေး ဥပဒေရဲ့ ဆင့်ပွား ဥပဒေတွေကို အသစ်ပြန်လည် ရေးဆွဲသွားမှာ ဖြစ်လို့ လိုက်လျောညီထွေ မရှိလို့ ဒီရုပ်သိမ်းမယ့် အဆိုကို တင်ပြရတာပါ” ဟု ပညာရေး မြှင့်တင်မှုကော်မတီ အဖွဲ့ဝင် ဒေါက်တာမြဦးက ပြောဆိုသည်။

ပြည်သူ့လွှတ်တော်တွင် အတည်ပြုထားသော အမျိုးသားပညာရေး ဥပဒေကို အမျိုးသားလွှတ်တော်သို့ ပေးပို့ထားပြီး ဖြစ်၍ လွှတ်တော်နှစ်ရပ်လုံး အတည်ပြုပြီးပါက ယင်းနှင့် ဆက်စပ်သော ဥပဒေများ ထပ်မံရေးဆွဲသွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ပြောကြားသည်။

သို့သော် အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ နိုင်ငံလုံးဆိုင်ရာ ပညာရေးမြှင့်တင်မှုကွန်ရက် (NNER)၊ တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းနှင့် ကျောင်းသားသမဂ္ဂများက ကန့်ကွက်ကြောင်းကို ယခုနှစ် မတ်လကတည်းက ထုတ်ပြန်ချက်များ ဆက်တိုက် ထုတ်ပြန်ခဲ့သည်။ ဇွန်လ ၁၁ ရက်နေ့ ပြည်သူ့လွှတ်တော်တွင် ဖျက်သိမ်းခဲ့သော ဥပဒေကြမ်း ငါးခုအနက် မြန်မာနိုင်ငံစာစစ်အဖွဲ့ ဥပဒေကြမ်းနှင့် အခြေခံပညာရေး ဥပဒေကြမ်းတို့ကို လွှတ်တော်နှစ်ရပ်တွင် ၂၀၁၂ ခုနှစ်ကတည်းက အတည်ပြုပြီး ဖြစ်သည်။

The Voice Weekly
အစိုးရသစ်လက်ထက် ပညာရေး ပြုပြင်ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေ မရှိသော ပြည်သူ့လွှတ်တော်တွင် ၂၀၁၂ ခုနှစ်က တင်သွင်းခဲ့သည့် ပညာရေး ဥပဒေကြမ်း ငါးခုကို ဖျက်သိမ်းရန် ဇွန်လ ၁၁ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သဘောတူညီကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။ 

ပညာရေး မြှင့်တင်မှု ကော်မတီ အဖွဲ့ဝင် ဒေါက်တာမြဦးက ဇွန်လ ၁၁ ရက်နေ့ ဒသမအကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပညာရေး ဥပဒေကြမ်း ငါးခု ဖျက်သိမ်းရန် အဆိုတင်သွင်းခဲ့ပြီး ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်နှင့် လွှတ်တော်ကိုယ်စားလှယ် အားလုံးက သဘောတူ လက်ခံခဲ့ကြသည်။ 

ဖျက်သိမ်းမည့် ဥပဒေကြမ်းများမှာ ၂၀၁၂ ခုနှစ်က တင်သွင်းခဲ့သော မြန်မာစာအဖွဲ့ ဥပဒေကြမ်း၊ ပညာရေး သုတေသန ဥပဒေကြမ်း၊ မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥပဒေကြမ်း၊ အခြေခံပညာရေး ဥပဒေကြမ်းနှင့် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းတို့ ဖြစ်သည်။

“အမျိုးသားပညာရေး ဥပဒေရဲ့ ဆင့်ပွား ဥပဒေတွေကို အသစ်ပြန်လည် ရေးဆွဲသွားမှာ ဖြစ်လို့ လိုက်လျောညီထွေ မရှိလို့ ဒီရုပ်သိမ်းမယ့် အဆိုကို တင်ပြရတာပါ” ဟု ပညာရေး မြှင့်တင်မှုကော်မတီ အဖွဲ့ဝင် ဒေါက်တာမြဦးက ပြောဆိုသည်။

ပြည်သူ့လွှတ်တော်တွင် အတည်ပြုထားသော အမျိုးသားပညာရေး ဥပဒေကို အမျိုးသားလွှတ်တော်သို့ ပေးပို့ထားပြီး ဖြစ်၍ လွှတ်တော်နှစ်ရပ်လုံး အတည်ပြုပြီးပါက ယင်းနှင့် ဆက်စပ်သော ဥပဒေများ ထပ်မံရေးဆွဲသွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ပြောကြားသည်။

သို့သော် အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ နိုင်ငံလုံးဆိုင်ရာ ပညာရေးမြှင့်တင်မှုကွန်ရက် (NNER)၊ တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းနှင့် ကျောင်းသားသမဂ္ဂများက ကန့်ကွက်ကြောင်းကို ယခုနှစ် မတ်လကတည်းက ထုတ်ပြန်ချက်များ ဆက်တိုက် ထုတ်ပြန်ခဲ့သည်။ ဇွန်လ ၁၁ ရက်နေ့ ပြည်သူ့လွှတ်တော်တွင် ဖျက်သိမ်းခဲ့သော ဥပဒေကြမ်း ငါးခုအနက် မြန်မာနိုင်ငံစာစစ်အဖွဲ့ ဥပဒေကြမ်းနှင့် အခြေခံပညာရေး ဥပဒေကြမ်းတို့ကို လွှတ်တော်နှစ်ရပ်တွင် ၂၀၁၂ ခုနှစ်ကတည်းက အတည်ပြုပြီး ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment