Thursday 12 June 2014

မဟာသန္တိသုခကျောင်းတိုက်က သံဃာများကိုဖယ်ရှားရာတွင် အသုံးပြုရန် ရွှေစင်စကြ်ာယာဉ်များကို ငှားရမ်းလိုက်ခြင်းမဟုတ်ဟုဆို

ရန်ကုန်၊ ဇွန် ၁၁- မဟာသန္တိသုခ ကျောင်းတိုက်မှ သံဃာများကို ဖယ် ရှားရာတွင် တိုင်းသံဃမဟာနာယက အဖွဲ့ဝင်များ အသုံးပြုခဲ့သည့် ရွှေစင် စကြ်ာယာဉ်လိုင်းမှယာဉ်များသည် အငြင်းပွားမှုအတွက် အသုံးပြုရန် ငှားရမ်းလိုက်ခြင်းမဟုတ်ကြောင်း မထသ(အဝေးပြေး)တာဝန်ရှိသူများ နှင့် ယာဉ်လိုင်းတာဝန်ခံတို့က ဒီမိုက ရေစီတူဒေးသတင်းစာသို့ ပြောသည်။ 

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့နှင့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန် ဆရာတော်တို့အကြား ပိုင်ဆိုင်မှုအငြင်း ပွားနေသည့် တာမွေမြို့ နယ်၊ နတ် ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ရှိ ပီနန်ဆရာတော် ကြီး၏တပည့်သံဃာတော်များကို သံဃမဟာနာယကအဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ဇွန် ၁ဝရက် ည ၁၁နာရီဝန်းကျင်က ဝင်ရောက်ရှင်းလင်း ခဲ့ရာတွင် သံဃမ ဟာနာယကအဖွဲ့ဝင်သံဃာတော်များ သည် ရွှေစင်စကြ်ာယာဉ်လိုင်းမှကား များဖြင့်လာရောက်ခဲ့ခြင်းအပေါ် အစိုး ရအဖွဲ့ကို အားပေးအားမြှောက်ပြု သည့် ယာဉ်လိုင်းဖြစ်၍ မစီးနင်းကြရန် အွန် လိုင်းစာမျက်နှာများတွင် လှုံ့ဆော်နေ သည်ကို မထသ(အဝေးပြေး)နှင့် ယာဉ် လိုင်းဘက်မှ တုံ့ပြန်ရှင်းလင်းခြင်းဖြစ် ကြောင်း သိရသည်။ 

''ည (၈)နာရီလောက်မှာ မထ သ(ဗဟို)က သံဃာတော်တွေအသုံး ပြုရန်အတွက် ကားခြောက်စီးလောက် စီစဉ်ပေးပါလို့ ညွှန်ကြားတဲ့အတွက် ကိုယ်ခိုင်းလို့ရတဲ့ ကားဂိတ်တွေက ကားတွေကို စီစဉ်ပေးလိုက်တာ။ ဘယ် မှာ ဘာလုပ်မယ်ဆိုတာ ကြိုသိရတာ မှမဟုတ်တာ''ဟု မထသ(အဝေးပြေး) မှ တာဝန်ခံဦးမျိုးဝင်းက ပြောသည်။ 

ယာဉ်လိုင်းများအနေဖြင့် ယာဉ် လိုင်းစတင်ဆွဲခွင့်တောင်းခံစဉ်အချိန် ကတည်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားလာပါက လိုက်ပါဆောင်ရွက်ပေးရမည်ဟု ကတိ ပြုထားရသည့်အတွက် မထသမှ ခေါ် ယူရာတွင် ရွှေစင် စကြ်ာယာဉ်လိုင်း မှ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဦးမျိုးဝင်းက ပြောသည်။ 

''ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့က မထသ(ဗဟို)ကို ညွှန်ကြား လို့ ဗဟိုကခိုင်းတာပါ။ ဒီလိုကိစ္စမျိုး ဆိုရင် ယာဉ်လိုင်းကလဲ ဘယ်လိုက် မှာလဲ။ အခု သူတို့ယာဉ်လိုင်းကို မစီး ဖို့ အွန်လိုင်းပေါ်မှာလှုံ့ဆော်နေတာ က မဖြစ်သင့်ပါဘူး။ ဒီယာဉ်လိုင်း က ဆီးဂိမ်းလိုပွဲမျိုးမှာလဲ ယာဉ်တွေ ကို အလကားပေးသုံးထားတဲ့ ယာဉ် လိုင်းပါ''ဟု ဦးမျိုးဝင်းက ရှင်းပြသည်။ 

အဆိုပါယာဉ်လိုင်းသည် မဟာ သန္တိသုခကျောင်းတိုက်မှ သံဃာ များကိုဖယ်ရှားမည့် မဟနအဖွဲ့ဝင် သံဃာ များအတွက် အကူအညီပေးခဲ့သည် ဟုဆိုကာ အွန်လိုင်းစာမျက်နှာများ တွင် မြန်မာနိုင်ငံအနှံ့ပြေးဆွဲနေသည့် ရွှေစင်စကြ်ာယာဉ်လိုင်းကို မစီးနင်း ကြရန် လူတချို့က လှုံ့ဆော်မှုများရှိ နေကြောင်း သိရသည်။ 

ရွှေစင်စကြ်ာယာဉ်လိုင်း တာဝန် ခံက ''ဒီလိုကိစ္စဆိုရင် ကားတွေကို ဘယ်လိုလုပ်ကူညီမလဲ။ ရန်ကုန်မြို့ တွင်း အသုံးပြုဖို့ ဆိုပြီး တောင်း လို့ ထည့်ပေးလိုက်တာပါ။ အခု အွန်လိုင်း တွေမှာလှုံ့ဆော်နေသလို စပွန်ဆာပေး ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ ဒါကို မထသက ရှင်းပါလိမ့်မယ်''ဟု ပြောသည်။ 

ဇွန် ၁ဝရက်ညပိုင်းက ဖြစ်ပေါ် ခဲ့သည့် မဟာသန္တိသုခကျောင်းတိုက် ဖြစ်စဉ်သည် ပြီးခဲ့သည့် နှစ်ကတည်းက ဖြစ်ပွားနေသည့် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော် အကြားမှ ကျောင်းတိုက် ပိုင်ဆိုင်ရေး ဆိုင်ရာအငြင်းပွားမှုဖြစ်ပြီး ယင်း ကျောင်းတိုက်မှ ပီနန်ဆရာတော်နှင့် အပေါင်းအပါများထွက်ခွာ ပေးရန်ဆို သည့် နှင်ထုတ်စာကို သံဃမဟာနာ ယကအဖွဲ့က မတ် ၃၁ရက် နောက်ဆုံး နေ့စွဲဖြင့်ပို့ ထားခဲ့ကြောင်း သိရသည်။ 

ယင်းကျောင်းတိုက်ကြီး ပိုင်ဆိုင် မှုနှင့်ပတ်သက်ပြီး သာသနာရေးဝန် ကြီးဌာနနှင့် နိုင်ငံတော်သံဃမဟာနာ ယကအဖွဲ့က ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောကြားထားပြီး ပီနန်ဆရာတော်ဘက် က သတင်းစာရှင်းလင်းပွဲများ ပြုလုပ် ပြီး ဂရန်စာရွက်များနှင့် တကွ သူပိုင်ဆိုင် သည့် ကျောင်းတိုက်ဖြစ်ကြောင်း ထုတ် ဖော်ပြောကြား ထားသည်။

Yangon Media Group 

No comments:

Post a Comment