Thursday, 12 June 2014

အီရတ် အစွန်းရောက်များ ဒုတိယမြို့တော်ကို ထိန်းချုပ် လူငါးသိန်းခန့် နေရပ်ကို စွန့်ခွာတိမ်းရှောင်

Photo: အီရတ် အစွန်းရောက်များ ဒုတိယမြို့တော်ကို ထိန်းချုပ် လူငါးသိန်းခန့် နေရပ်ကို စွန့်ခွာတိမ်းရှောင်

မိုဆော၊ ဇွန် ၁၁

အီရတ်နိုင်ငံ၏ ဒုတိယမြို့တော် ဖြစ်သော မိုဆောကို အစွန်းရောက် စစ်သွေးကြွများက ထိမ်းချုပ်ထားလိုက်ရာ ဒေသခံပြည်သူ ငါးသိန်းခန့် နေအိမ်များကို စွန့်ခွာ တိမ်းရှောင်ရကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

အစ္စလာမ္မစ် အီရတ်နိုင်ငံတော် (ISIS) ဟု အမည်ရသည့် မွတ်ဆလင် စစ်သွေးကြွ အဖွဲ့အစည်းမှ ဂျီဟတ်စစ်သည် ရာပေါင်းများစွာ ပါဝင်သော အင်အားစုက မြို့ကို သိမ်းလိုက်ခြင်း ဖြစ်ကာ ဒေသခံများက အနီးအနားပြည်နယ် နီနီဗာသို့ တိမ်းရှောင်ကြရသည်။

အီရတ်ဝန်ကြီးချုပ် နိုရီမာလီကီက အရေးပေါ် အခြေအနေ ကြေညာပေးရန် ပါလီမန်ကို တောင်းဆိုထားပြီး ယင်းသို့ ကြေညာခြင်းဖြင့် ဝန်ကြီးချုပ်၏ လုံခြုံရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်။

ISIS အဖွဲ့၏ ယင်းသို့ လုပ်ဆောင်လာနိုင်မှုများသည် ဒေသကြီး တစ်ခုလုံးအတွက် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောကြားခဲ့သည်။

ယင်းအစွန်းရောက်များသည် အယ်ကေဒါနှင့်လည်း ချိတ်ဆက်မှု ရှိသည့် အဖွဲ့အစည်း ဖြစ်ကာ ဆီးရီးယားအရှေ့ခြမ်း၊ အီရတ် အနောက်ပိုင်းနှင့် အလယ်ပိုင်းတို့ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

ဂျီဟတ်အလံများကို အဆောက်အအုံများတွင် လွှင့်ထူထားပြီး လွတ်မြောက်ရေးအတွက် ၎င်းတို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း အသံချဲ့စက်များဖြင့် ကြေညာနေသည်။

“မြို့တော်ထဲမှာ ပရမ်းပတာ အခြေအနေတွေ ဖြစ်နေပြီးတော့ ကယ်တင်မယ့်သူလည်း မပေါ်လာပါဘူး။ ကျွန်တော်တို့ ကြောက်မိပါတယ်” ဟု အစိုးရဝန်ထမ်း တစ်ဦးဖြစ်သူ အမ်းမ်ကာရန်က ပြောကြားခဲ့သည်။

အစ္စလာမ္မစ် အီရတ်နိုင်ငံတော် အဖွဲ့အစည်းသည် အင်အား ၃၀၀၀ မှ ၅၀၀၀ အတွင်း ရှိနိုင်ပြီး အယ်လ်ကေဒါ ဆက်စပ်အဖွဲ့အစည်း တစ်ရပ်အဖြစ် ရပ်တည်နေခြင်း ဖြစ်သည်။

ရှီးယိုက် ဦးဆောင်သော အီရတ်အစိုးရက အာဏာအလွဲသုံးစား လုပ်သည်ဟု စွပ်စွဲချက်များအတွက် လူနည်းစု ဆွန်နီများက မကျေနပ်မှုများ ဖြစ်လျက်ရှိခြင်းကို ISIS အဖွဲ့က အခွင့်ကောင်း ယူပြီး လူစုဆောင်းခဲ့ခြင်း ဖြစ်သည်။

ရာမာဒီနှင့် ဖာလူဂျာ ဒေသကို သိမ်းဆည်းခဲ့ဖူးပြီး ယခု မိုဆောကို သိမ်းဆည်းနိုင်ခဲ့ခြင်းသည် ယင်းအဖွဲ့အတွက် အကြီးအကျယ် အောင်မြင်မှု ခြေလှမ်းတစ်ရပ် ရရှိခဲ့ခြင်း ဖြစ်သည်။
အီရတ်နိုင်ငံ၏ ဒုတိယမြို့တော် ဖြစ်သော မိုဆောကို အစွန်းရောက် စစ်သွေးကြွများက ထိမ်းချုပ်ထား လိုက် ရာ ဒေသခံပြည်သူ ငါးသိန်းခန့် နေအိမ်များကို စွန့်ခွာ တိမ်းရှောင်ရကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြ ထားသည်။

အစ္စလာမ္မစ် အီရတ်နိုင်ငံတော် (ISIS) ဟု အမည်ရသည့် မွတ်ဆလင် စစ်သွေးကြွ အဖွဲ့အစည်းမှ ဂျီဟတ် စစ်သည် ရာပေါင်းများစွာ ပါဝင်သော အင်အားစုက မြို့ကို သိမ်းလိုက်ခြင်း ဖြစ်ကာ ဒေသခံများက အနီး အနားပြည် နယ် နီနီဗာသို့ တိမ်းရှောင်ကြရသည်။

အီရတ်ဝန်ကြီးချုပ် နိုရီမာလီကီက အရေးပေါ် အခြေအနေ ကြေညာပေးရန် ပါလီမန်ကို တောင်းဆိုထားပြီး ယင်းသို့ ကြေညာခြင်းဖြင့် ဝန်ကြီးချုပ်၏ လုံခြုံရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်။

ISIS အဖွဲ့၏ ယင်းသို့ လုပ်ဆောင်လာနိုင်မှုများသည် ဒေသကြီး တစ်ခုလုံးအတွက် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ် ကြောင်း အမေရိကန်အစိုးရက ပြောကြားခဲ့သည်။

ယင်းအစွန်းရောက်များသည် အယ်ကေဒါနှင့်လည်း ချိတ်ဆက်မှုရှိသည့် အဖွဲ့အစည်း ဖြစ်ကာ ဆီးရီးယား အရှေ့ခြမ်း၊ အီရတ် အနောက်ပိုင်းနှင့် အလယ်ပိုင်းတို့ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

ဂျီဟတ်အလံများကို အဆောက်အအုံများတွင် လွှင့်ထူထားပြီး လွတ်မြောက်ရေးအတွက် ၎င်းတို့ ရောက်ရှိ လာခြင်း ဖြစ်ကြောင်း အသံချဲ့စက်များဖြင့် ကြေညာနေသည်။

“မြို့တော်ထဲမှာ ပရမ်းပတာ အခြေအနေတွေ ဖြစ်နေပြီးတော့ ကယ်တင်မယ့်သူလည်း မပေါ်လာပါဘူး။ ကျွန်တော်တို့ ကြောက်မိပါတယ်” ဟု အစိုးရဝန်ထမ်း တစ်ဦးဖြစ်သူ အမ်းမ်ကာရန်က ပြောကြားခဲ့သည်။

အစ္စလာမ္မစ် အီရတ်နိုင်ငံတော် အဖွဲ့အစည်းသည် အင်အား ၃၀၀၀ မှ ၅၀၀၀ အတွင်း ရှိနိုင်ပြီး အယ်လ်ကေဒါ ဆက်စပ်အဖွဲ့အစည်း တစ်ရပ်အဖြစ် ရပ်တည်နေခြင်း ဖြစ်သည်။

ရှီးယိုက် ဦးဆောင်သော အီရတ်အစိုးရက အာဏာအလွဲသုံးစား လုပ်သည်ဟု စွပ်စွဲချက်များအတွက် လူနည်း စု ဆွန်နီများက မကျေနပ်မှုများ ဖြစ်လျက်ရှိခြင်းကို ISIS အဖွဲ့က အခွင့်ကောင်းယူပြီး လူစုဆောင်းခဲ့ခြင်း ဖြစ်သည်။

ရာမာဒီနှင့် ဖာလူဂျာ ဒေသကို သိမ်းဆည်းခဲ့ဖူးပြီး ယခု မိုဆောကို သိမ်းဆည်းနိုင်ခဲ့ခြင်းသည် ယင်းအဖွဲ့ အတွက် အကြီးအကျယ် အောင်မြင်မှု ခြေလှမ်းတစ်ရပ် ရရှိခဲ့ခြင်း ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment