Thursday 12 June 2014

လီဗာပူးလ် ကစားသမား များက အင်္ဂလန် အတွက် ဆွာရက်ဇ်ကို တားဆီးနိုင် လိမ့်မည်ဟု ဂျိုးဟတ် ပြောကြား

Photo: လီဗာပူးလ် ကစားသမား များက အင်္ဂလန် အတွက် ဆွာရက်ဇ်ကို တားဆီးနိုင် လိမ့်မည်ဟု ဂျိုးဟတ် ပြောကြား
Thursday, June 12, 2014 

ကမ္ဘာ့ ဖလားတွင် အင်္ဂလန်နှင့် ဥရုဂွေးတို့ တွေ့ဆုံသည့်အခါ လူးဝစ်ဆွာရက်ဇ် ကို လီဗာပူးလ် ကစားသမားများက တားဆီးနိုင် လိမ့်မည်ဟု မျှော်လင့် ကြောင်း ဂျိုးဟတ်က ပြောကြားလိုက်သည်။ 

ရွိုင်းဟော့ဂ်ဆန်၏ အင်္ဂလန် အသင်းသည် Group D တွင် အီတလီနှင့် စတင် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ဇွန်လ ၁၉ ရက်တွင် ဥရုဂွေးနှင့် လည်းကောင်း၊ ဇွန်လ ၂၄ ရက်တွင် ကော်စတာရီကာနှင့် လည်းကောင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ယခုနှစ် ဘောလုံး ရာသီတွင် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ၂ ခုရရှိခဲ့သည့် ဆွာရက်ဇ်သည် လီဗာပူးလ် အတွက် ၃၃ ပွဲ ကစားပြီး ၃၁ ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ အင်္ဂလန်နှင့် ဥရုဂွေးတို့ တွေ့ဆုံသည့် အခါတွင် ၎င်းတိုက်စစ်မှူးသည် အသင်းကို ခြိမ်းခြောက်မှု အပေးနိုင်ဆုံး ကစားသမား ဖြစ်ကြောင်း ဟတ်က ဆိုခဲ့သည်။ 

“ဆွာရက်ဇ်က ကျွန်တော်တို့ အားလုံးကို ဒုက္ခပေးနိုင် သူပါ။ သူ့အကြောင်းကို လီဗာပူးလ် ကစားသမားတွေက အသေအချာ သိပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီ ကစားသမားတွေက ဆွာရက်ဇ်ကို တားဆီးနိုင်လိမ့်မယ် ဆိုတာ အသေအချာပါပဲ။ ဆွာရက်ဇ်နဲ့ ကာဗာနီ တို့ကြောင့်လည်း ဥရုဂွေး အကြောင်းကို သိရှိ ထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကော်စတာရီကာ အကြောင်းကို မသိသေးပါဘူး။ အဲ့ဒီအတွက် လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ်နေပါတယ်။ ကျွန်တော်တို့ Group D မှာ အသင်းတိုင်းက အန္တရာယ်ပေးနိုင်ပါတယ်။ အီတလီဆိုရင် ဥရောပက ခြေစစ်ပွဲ အောင်လာတဲ့ အသင်းဖြစ်သလို ကျန်နှစ်သင်းကလည်း တောင်အမေရိက ကနေ ခြေစစ်ပွဲအောင်လာတဲ့ အသင်းတွေပါ။ ဒါကြောင့် လွယ်ကူမှာ မဟုတ်ပါဘူး” ဟု ဟတ်က ပြောကြားခဲ့သည်။ 

ဟတ်သည် ၂၀၁၀ ကမ္ဘာ့ဖလား နောက်ဆုံး ၁၆ သင်း အဆင့်တွင် ဖေဘီယို ကာပယ်လို၏ အသင်း၌ ပါဝင်ခဲ့သော်လည်း ပါဝင် ကစားခွင့် မရရှိခဲ့ပေ။ ထို့ကြောင့် ယခုနှစ်တွင် မိမိအနေဖြင့် ကမ္ဘာ့ အဆင့်တွင် နိုင်ငံ အသင်းကို ကိုယ်စားပြုကာ ပါဝင် ကစားခွင့်ရရန် ရည်မှန်းထားကြောင်း၊ အသင်းတွင် အဒမ်လယ်လာနာနှင့် ရော့စ်ဘာကလေ ကဲ့သို့သော ကမ္ဘာ့ဖလား အတွေ့အကြုံ မရှိသည့် ကစားသမားများ ပါဝင်သော်လည်း ပြိုင်ပွဲကို ယုံကြည်ချက် အပြည်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်ကြောင်း မန်ချက်စတာစီးတီး ဂိုးသမားက ပြောကြားသွားခဲ့သည်။

SOCCER MYANMAR
ကမ္ဘာ့ ဖလားတွင် အင်္ဂလန်နှင့် ဥရုဂွေးတို့ တွေ့ဆုံသည့်အခါ လူးဝစ်ဆွာရက်ဇ် ကို လီဗာပူးလ် ကစားသမား များက တားဆီးနိုင် လိမ့်မည်ဟု မျှော်လင့် ကြောင်း ဂျိုးဟတ်က ပြောကြားလိုက်သည်။

ရွိုင်းဟော့ဂ်ဆန်၏ အင်္ဂလန် အသင်းသည် Group D တွင် အီတလီနှင့် စတင် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ဇွန်လ ၁၉ ရက် တွင် ဥရုဂွေးနှင့် လည်းကောင်း၊ ဇွန်လ ၂၄ ရက်တွင် ကော်စတာရီကာနှင့် လည်းကောင်း ယှဉ်ပြိုင် ရမည် ဖြစ်သည်။

ယခုနှစ် ဘောလုံး ရာသီတွင် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ၂ ခုရရှိခဲ့သည့် ဆွာရက်ဇ်သည် လီဗာပူးလ် အတွက် ၃၃ ပွဲ ကစားပြီး ၃၁ ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ အင်္ဂလန်နှင့် ဥရုဂွေးတို့ တွေ့ဆုံသည့် အခါတွင် ၎င်းတိုက်စစ်မှူးသည် အသင်းကို ခြိမ်းခြောက်မှု အပေးနိုင်ဆုံး ကစားသမား ဖြစ်ကြောင်း ဟတ်က ဆိုခဲ့သည်။

“ဆွာရက်ဇ်က ကျွန်တော်တို့ အားလုံးကို ဒုက္ခပေးနိုင် သူပါ။ သူ့အကြောင်းကို လီဗာပူးလ် ကစားသမားတွေက အသေအချာ သိပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီ ကစားသမားတွေက ဆွာရက်ဇ်ကို တားဆီးနိုင်လိမ့်မယ် ဆိုတာ အသေအချာပါပဲ။ ဆွာရက်ဇ်နဲ့ ကာဗာနီ တို့ကြောင့်လည်း ဥရုဂွေး အကြောင်းကို သိရှိ ထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကော်စတာရီကာ အကြောင်းကို မသိသေးပါဘူး။ အဲ့ဒီအတွက် လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ်နေပါတယ်။ ကျွန်တော်တို့ Group D မှာ အသင်းတိုင်းက အန္တရာယ်ပေးနိုင်ပါတယ်။ အီတလီဆိုရင် ဥရောပက ခြေစစ်ပွဲ အောင်လာတဲ့ အသင်းဖြစ်သလို ကျန်နှစ်သင်းကလည်း တောင်အမေရိက ကနေ ခြေစစ်ပွဲအောင်လာတဲ့ အသင်းတွေပါ။ ဒါကြောင့် လွယ်ကူမှာ မဟုတ်ပါဘူး” ဟု ဟတ်က ပြောကြားခဲ့သည်။

ဟတ်သည် ၂၀၁၀ ကမ္ဘာ့ဖလား နောက်ဆုံး ၁၆ သင်း အဆင့်တွင် ဖေဘီယို ကာပယ်လို၏ အသင်း၌ ပါဝင်ခဲ့သော်လည်း ပါဝင် ကစားခွင့် မရရှိခဲ့ပေ။ ထို့ကြောင့် ယခုနှစ်တွင် မိမိအနေဖြင့် ကမ္ဘာ့ အဆင့်တွင် နိုင်ငံ အသင်းကို ကိုယ်စားပြုကာပါဝင် ကစားခွင့်ရရန် ရည်မှန်းထားကြောင်း၊ အသင်းတွင် အဒမ်လယ်လာနာနှင့် ရော့စ်ဘာကလေ ကဲ့သို့သော ကမ္ဘာ့ဖလား အတွေ့အကြုံ မရှိသည့် ကစားသမားများ ပါဝင်သော်လည်း ပြိုင်ပွဲကို ယုံကြည်ချက် အပြည်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်ကြောင်း မန်ချက်စတာစီးတီး ဂိုးသမားက ပြောကြားသွားခဲ့သည်။

SOCCER MYANMAR 

No comments:

Post a Comment