Tuesday 27 May 2014

အာဏာသိမ်းခေါင်းဆောင် ထိုင်းဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာ ငြိမ်းချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကောင်းစီ အကြီးအကဲတာဝန်ယူ

Photo: အာဏာသိမ်းခေါင်းဆောင် ထိုင်းဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာ ငြိမ်းချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကောင်းစီ အကြီးအကဲတာဝန်ယူ
Tuesday, May 27, 2014

ထိုင်းအာဏာသိမ်းခေါင်းဆောင်သည် လွန်ခဲ့သော သီတင်းပတ်က အာဏာသိမ်းပြီးနောက် မြို့တော် ဗန်ကောက်၌ အခမ်းအနားဖြင့် ထိုင်းဘုရင်၏ထောက်ခံ မှုကို လက်ခံရယူခဲ့သည်။

ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာသည် စစ်ဌာနချုပ်၌ နိုင်ငံကို စစ်တပ်ကတရားဝင်တာဝန်ယူခဲ့သည့် ယင်း အခမ်းအနားသို့ အသက် ၈၆ နှစ်ရှိပြီဖြစ်သော ဘုရင် ဘူမိဘော အဒူယာဒက်ခ်ျ တက်ရောက်နိုင်ခြင်းမရှိပေ။ 

လွန်ခဲ့သောသီတင်းပတ်က ထိုင်းစစ်တပ်က အာဏာ သိမ်းခဲ့သည်။ စစ်ဘက်က လအတန်ကြာ မငြိမ်မသက် ဖြစ်ပြီးနောက် ထိုင်းနိုင်ငံကို တည်ငြိမ်မှုရရှိရန် စီစဉ် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆန္ဒပြသူများက ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ထရာ ကို ဖြုတ်ချရန်ကြိုးစားရာမှ ခြောက်လကြာ နိုင်ငံရေးလိပ်ခဲ တည်းလည်းဖြစ်ခဲ့ရသည်။ ဆန္ဒပြစဉ်အတွင်း အနည်းဆုံး ၂၈ ဦဦးသေဆုံးကာ ရာနှင့်ချီပြီးဒဏ်ရာများရရှိခဲ့သည်။
ရွေးကောက်တင်မြှောက်ထားသော အစိုးရကို အာဏာသိမ်းမှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။ စစ်တပ်က ငါးဦး ထက်ပို၍ စုရုံးသွားလာခြင်းကို ပိတ်ပင်ထားသော်လည်း သီတင်းပတ်ကုန်ပိုင်းက ဗန်ကောက်၌ အာဏာသိမ်း ဆန့်ကျင်ရေးဆန္ဒပြမှုအချို့ရှိခဲ့သည်။

အဖြူရောင်စစ်ဝတ်စုံဝတ်ဆင်ထားသော ဗိုလ်ချုပ်ကြီး ပရာယုက တနင်္လာနေ့နံနက်ပိုင်းတွင် ဘုရင်၏ထောက်ခံ အတည်ပြုမှုကို လက်ခံခဲ့သည်။ နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရန်အလို့ငှာ ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာအား ငြိမ်းချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး အမျိုးသားကောင်စီ အကြီးအကဲအဖြစ် ခန့်အပ်လိုက်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြသည်။

နိုင်ငံ၏ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးဆုံးကိစ္စဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးပရာယုက ပြောကြားလိုက်သည်။ ရွေးကောက်ပွဲများကို စောနိုင်သမျှ စောစောကျင်းပပေးမည်ဖြစ်ကြောင်း၊ သို့သော် အချိန် အတိအကျမပြောနိုင်သေးကြောင်း၊ ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်နေလျှင် တပ်ကိုအသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း ၎င်းကပြောကြားသည်။

၎င်းအနေဖြင့် ဝန်ကြီးချုပ်သစ်ရာထူးကို လက်ခံ ထားစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ယာယီရပ်ဆိုင်း ထားသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် မစ္စ ရင်လတ်အပါအဝင် နိုင်ငံရေးထင်ရှားသော ပုဂ္ဂိုလ်များ၊ သတင်းထောက်များ၊ ပညာရှင်များအား ဖမ်းဆီးထိန်းသိမ်း ထားသည်။

ထိုင်းနိုင်ငံတွင် ၂ဝဝ၆ ခုနှစ်ကလည်း ရင်လတ်၏အစ်ကိုဖြစ်သူ သက်ဆင်ရှင်နာဝပ်ထံမှ စစ်တပ်က အလားတူ အာဏာသိမ်းခဲ့သည်။ သက်ဆင်နှင့် ရင်လတ် တို့မောင်နှမသည် ကျေးလက်ပြည်သူများ၏ ထောက်ခံမှုကို ရရှိသူများဖြစ်သည်။ 

ဘီဘီစီ
ထိုင်းအာဏာသိမ်းခေါင်းဆောင်သည် လွန်ခဲ့သော သီတင်းပတ်က အာဏာသိမ်းပြီးနောက် မြို့တော် ဗန်ကောက်၌ အခမ်းအနားဖြင့် ထိုင်းဘုရင်၏ထောက်ခံ မှုကို လက်ခံရယူခဲ့သည်။

ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာသည် စစ်ဌာနချုပ်၌ နိုင်ငံကို စစ်တပ်ကတရားဝင်တာဝန်ယူခဲ့သည့် ယင်း အခမ်းအနားသို့ အသက် ၈၆ နှစ်ရှိပြီဖြစ်သော ဘုရင် ဘူမိဘော အဒူယာဒက်ခ်ျ တက်ရောက်နိုင်ခြင်းမရှိပေ။ 

လွန်ခဲ့သောသီတင်းပတ်က ထိုင်းစစ်တပ်က အာဏာ သိမ်းခဲ့သည်။ စစ်ဘက်က လအတန်ကြာ မငြိမ်မသက် ဖြစ်ပြီးနောက် ထိုင်းနိုင်ငံကို တည်ငြိမ်မှုရရှိရန် စီစဉ် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆန္ဒပြသူများက ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ထရာကို ဖြုတ်ချရန်ကြိုးစားရာမှ ခြောက်လကြာ နိုင်ငံရေး လိပ်ခဲ တည်းလည်းဖြစ်ခဲ့ရသည်။ ဆန္ဒပြစဉ်အတွင်း အနည်းဆုံး ၂၈ ဦဦးသေဆုံးကာ ရာနှင့်ချီပြီးဒဏ်ရာ များရရှိခဲ့သည်။ 

ရွေးကောက်တင်မြှောက်ထားသော အစိုးရကို အာဏာသိမ်းမှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။ စစ်တပ်က ငါးဦး ထက်ပို၍ စုရုံးသွားလာခြင်းကို ပိတ်ပင်ထားသော် လည်း သီတင်းပတ်ကုန်ပိုင်းက ဗန်ကောက်၌ အာဏာသိမ်း ဆန့်ကျင်ရေးဆန္ဒပြမှုအချို့ရှိခဲ့သည်။

အဖြူရောင်စစ်ဝတ်စုံဝတ်ဆင်ထားသော ဗိုလ်ချုပ်ကြီး ပရာယုက တနင်္လာနေ့နံနက်ပိုင်းတွင် ဘုရင်၏ထောက်ခံ အတည်ပြုမှုကို လက်ခံခဲ့သည်။ နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရန်အလို့ငှာ ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာအား ငြိမ်းချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး အမျိုးသားကောင်စီ အကြီးအကဲအဖြစ် ခန့်အပ်လိုက်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြသည်။

နိုင်ငံ၏ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးဆုံးကိစ္စဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးပရာယုက ပြောကြားလိုက်သည်။ ရွေးကောက်ပွဲများကို စောနိုင်သမျှ စောစောကျင်းပပေးမည်ဖြစ်ကြောင်း၊ သို့သော် အချိန် အတိအကျမပြောနိုင်သေးကြောင်း၊ ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်နေလျှင် တပ်ကိုအသုံးပြုရန်မှ တစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း ၎င်းကပြောကြားသည်။

၎င်းအနေဖြင့် ဝန်ကြီးချုပ်သစ်ရာထူးကို လက်ခံ ထားစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ယာယီရပ်ဆိုင်း ထားသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် မစ္စ ရင်လတ်အပါအဝင် နိုင်ငံရေးထင်ရှားသော ပုဂ္ဂိုလ်များ၊ သတင်းထောက်များ၊ ပညာရှင်များအား ဖမ်းဆီးထိန်းသိမ်း ထားသည်။

ထိုင်းနိုင်ငံတွင် ၂ဝဝ၆ ခုနှစ်ကလည်း ရင်လတ်၏အစ်ကိုဖြစ်သူ သက်ဆင်ရှင်နာဝပ်ထံမှ စစ်တပ်က အလား တူ အာဏာသိမ်းခဲ့သည်။ သက်ဆင်နှင့် ရင်လတ် တို့မောင်နှမသည် ကျေးလက်ပြည်သူများ၏ ထောက်ခံမှု ကို ရရှိသူများဖြစ်သည်။ 

ဘီဘီစီ

No comments:

Post a Comment