Tuesday 27 May 2014

ရှမ်းများကို နှိပ်စက် ဖမ်းဆီးနေမှု သည်းခံ တော့မည် မဟုတ်ဟု ကေအိုင်အေ (ဒု) စစ်ဦးစီးချုပ်ကို ရှမ်းလူမျိုးများ သတိပေး

Photo: ရှမ်းများကို နှိပ်စက်ဖမ်းဆီးနေမှု သည်းခံတော့မည် မဟုတ်ဟု ကေအိုင်အေ
 (ဒု) စစ်ဦးစီးချုပ်ကို ရှမ်းလူမျိုးများ သတိပေး
Tuesday, May 27, 2014

ရှမ်းလူမျိုးများ အပေါ် ဆက်လက် ဖိနှိပ်ဆက်ဆံနေမှုများအား ရှမ်းလူမျိုးစု အနေဖြင့် သည်းခံတော့မည် မဟုတ်ကြောင်း ကချင် ပြည်နယ်တွင် နေထိုင်သော ဒေသခံ ရှမ်းလူမျိုးများမှ ကေအိုင်အေ (ဒု) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ထံသို့ မေလ တတိယပတ်တွင် ကြေညာလိုက်သည်။

မြစ်ကြီးနားမြို့ မနောကွင်းတွင် ဗိုလ်ချုပ်ဂွမ်မော်မှ ဒေသခံ လူထုများနှင့် တွေ့ဆုံခဲ့ရာ ကချင် ပြည်နယ် အတွင်းမှာရှိတဲ့ ကချင် လူမျိုးများနှင့် ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ရှမ်းလူမျိုးများ အပေါ် ထားရှိတဲ့ သဘောထားနဲ့ ပတ်သက်ပြီး ရှမ်းလူမျိုးများသည် ဖိနှိပ်ခံရမှုများ ရှိနေသည့် အတွက် ဒေသခံ ရှမ်းများမှ မကျေနပ်၍ ယခုလို ကြေညာရခြင်း ဖြစ်ကြောင်း သိရသည်။

“ကချင်နဲ့ ရှမ်းလူမျိုးတွေက အတူတကွ လက်တွဲပြီးတော့ တော်လှန်မယ်ဆိုတဲ့ စကားကို လက်မခံဘူး။ ကေအိုင်အေက ကျွန်တော်တို့ ရှမ်းလူမျိုးတွေကို ကချင်နဲ့အတူ တန်းတူ အခွင့်အရေး မပေးခဲ့သလို လက်နက် အားကိုးနဲ့ အနိုင်ကျင့် ဆက်ဆံနေပါတယ်။ ရှမ်းတွေကိုလည်း လူသစ်စုတာထက် အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်တယ် ဆိုရင် ပိုမှန်တယ်။ ကျွန်တော်တို့ ရှမ်းတွေဆီကလည်း လက်နက် အားကိုးနဲ့ ရိက္ခာတွေ တောင်းတယ်။ ယောက်ျား၊ မိန်းမ မရွေး အသက်ကြီးငယ် ဖမ်းဆီး ခေါ်ဆောင် သွားတာဟာ ဗိုလ်ချုပ် ဂွမ်မော် အနေနဲ့ အရှက်မရှိတဲ့ မျက်နှာနဲ့ မျက်နှာ ပြောင်တိုက်ပြီး ရှမ်းလူမျိုးတွေကို လူသစ်စုတာနဲ့ ပတ်သက်ပြီး ပြောသွားတဲ့ စကားဟာ ရှေ့နောက်မညီပါဘူး”ဟု ရှမ်းလူမျိုးစု ရေးရာ အဖွဲ့မှ ဦးစိုင်းထွန်းရင်က ပြောသည်။

ယခုကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ရှိ စည်းလုံး ညီညွတ်သော ဒီမိုကရေစီ (ကချင်) ပါတီမှ ဦးဗတ်ထိန်နန်က “ကချင်ပြည်နယ်ရှိ ရှမ်းလူမျိုးတွေက ဗိုလ်ချုပ် ဂွမ်မော်ကို သတိပေးလိုက်တယ် ဆိုတာကို ကြားတော့ ကြားတယ်။ သူတို့ ဘာတွေ ပြောတယ်ဆိုတာတော့ ကျွန်တော် မသိဘူး။ ဒီကိစ္စကို ကျွန်တော့် အနေနဲ့ သုံးသပ်ရရင်လည်း ကချင်နဲ့ ရှမ်းဆိုတာက ဘိုးဘွား လက်ထက် ကတည်းက အတူနေထိုင်ပြီး တရေတည်း သောက်လာတဲ့ ညီအစ်ကိုတွေပါ။ အခု ကိုယ့်နိုင်ငံထဲမှာ ပဋိပက္ခ ဖြစ်နေတဲ့ အထဲမှာ ကျွန်တော့် အနေနဲ့ လောလောဆယ် သုံးသပ်ဖို့ကတော့ ခက်ခဲပါတယ်။ ကျေးလက်တွေမှာ အခုပြည်သူတွေ ပြောတဲ့အတိုင်း မှန်ကန်နေရင်တော့ မကောင်းဘူး။ အားလုံး ငြိမ်းချမ်းပြီး ညီညွတ်နေရင် ပိုကောင်းမှာပါ”ဟု ပြောသည်။

Credit To:Tomorrow

No comments:

Post a Comment