Tuesday 27 May 2014

သယံဇာတပေါတဲ့ မြန်မာနိုင်ငံသား ၉၅ရာနှုန်း တစ်ရက်ဝင်ငွေ ၁၀ဒေါ်လာအောက်သာရှိ

Photo: သယံဇာတပေါတဲ့ မြန်မာနိုင်ငံသား ၉၅ရာနှုန်း တစ်ရက်ဝင်ငွေ ၁၀ဒေါ်လာအောက်သာရှိ
Tuesday, May 27, 2014 

ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံဟာ မတုပနိုင်တဲ့ အရင်းအမြစ်တွေရှိ တဲ့နိုင်ငံဖြစ် တယ်လို့ အမေရိကန်အခြေစိုက် Research and Markets ခေါ် ဈေးကွက် သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာ မှာဖေါ်ပြထားပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး အပြောင်းအလဲတွေ ပေါ်ပေါက်လာခဲ့တဲ့ မြန်မာနိုင်ငံ ဟာ အမေရိကန် နဲ့ အီးယူတို့ရဲ့ စီးပွားရေးပိတ်ဆို့အရေးယူ မှုတွေ ဖြေလျှော့ပေး မှုနဲ့အတူ စီးပွားရေးအရှိန်အဟုန် တိုးတက်လာ ခဲ့ကြောင်း၊ သဘာဝသယံ ဇာတကြွယ်ဝတဲ့အပြင် ကမ္ဘာ့ ရှေးအကျ ဆုံး ရေနံတူးဖေါ်ခဲ့တဲ့နေရာလည်းဖြစ် ၊ မတူးဖေါ်ရ သေးတဲ့ဓါတ် သတ္တုတွေ အများအပြား ရှိနေတဲ့ဒေသ လည်းဖြစ်ကြောင်း၊ ဒါပေမဲ့ လူမျိုးစုပြဿနာ နဲ့ ဘာသာရေး ပဋိပက္ခတွေ ၊ နိုင်ငံရေးအကြပ်အတည်းတွေ လည်းရှိနေကြောင်း ဖေါ်ပြထားပြီး၊ မြန်မာနိုင်ငံရဲ့ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်း ၊ အိမ်ခြံမြေ နဲ့တည်ဆောက်ရေးလုပ်ငန်း၊ စက်မှု နဲ့အသေးစားလုပ်ငန်း စတဲ့ ကဏ္ဍတွေ နဲ့ ပတ်သက်ပြီး အားသာချက်၊ အားနည်းချက်တွေ တင်ပြထား ပါတယ်။

ဒီအတွင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP နဲ့ ကုလအရင်းအနှီး ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေ UNCDF တို့ ပူးပေါင်းကောက်ယူခဲ့တဲ့ MAP ခေါ် သုတေသနအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသူ ၉၅ ရာခိုင်နှုန်းရဲ့ တစ်ရက်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာအောက် မှာသာ ရှိတယ်လို့ ဖေါ်ပြပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ငွေကြေးဝန်ဆောင်မှုအဆင့် အလွန်နိမ့်ကျနေတယ် လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဈေးကွက်ဟာ ငွေသားအပေါ်အလွန်အမင်း မှီခို နေတာကြောင့်၊ စီးပွားရေး လုပ်ကိုင်ဖို့ စရိတ်ကြီးမြင့်နေရကြောင်း၊ ဘဏ်လုပ် ငန်းတွေမှာ စာရွက်စာတမ်းတွေ အများအပြားလိုအပ်နေတာ ၊ ငွေချေးငှား နိုင်ဖို့ အတားအဆီးတွေ၊ စည်းမျဉ်းစည်းကမ်းတွေ များပြား လှတာကြောင့် ဈေး ကွက်တွေ ပေါ်ပေါက်လာဖို့ ခက်ခဲနေကြောင်း ဖေါ်ပြ ထားပါတယ်။

RFA Burmese
ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံဟာ မတုပနိုင်တဲ့ အရင်းအမြစ်တွေရှိ တဲ့နိုင်ငံဖြစ် တယ်လို့ အမေရိကန် အခြေစိုက် Research and Markets ခေါ် ဈေးကွက် သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာ မှာဖေါ်ပြထားပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး အပြောင်းအလဲတွေ ပေါ်ပေါက်လာခဲ့တဲ့ မြန်မာနိုင်ငံဟာ အမေရိကန် နဲ့ အီးယူတို့ရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူ မှုတွေ ဖြေလျှော့ပေး မှုနဲ့အတူ စီးပွားရေးအရှိန်အဟုန် တိုးတက်လာ ခဲ့ကြောင်း၊ သဘာဝသယံ ဇာတကြွယ်ဝတဲ့အပြင် ကမ္ဘာ့ ရှေးအကျ ဆုံး ရေနံတူးဖေါ်ခဲ့တဲ့နေရာလည်းဖြစ် ၊ မတူးဖေါ်ရ သေးတဲ့ဓါတ် သတ္တုတွေ အများအပြား ရှိနေတဲ့ဒေသ လည်းဖြစ်ကြောင်း၊ ဒါပေမဲ့ လူမျိုးစုပြဿနာ နဲ့ ဘာသာရေး ပဋိပက္ခတွေ ၊ နိုင်ငံရေးအကြပ်အတည်းတွေ လည်းရှိနေကြောင်း ဖေါ်ပြထားပြီး၊ မြန်မာနိုင်ငံရဲ့ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်း ၊ အိမ်ခြံမြေ နဲ့တည်ဆောက်ရေး လုပ်ငန်း၊ စက်မှု နဲ့အသေးစားလုပ်ငန်း စတဲ့ ကဏ္ဍတွေ နဲ့ ပတ်သက်ပြီး အားသာချက်၊ အားနည်းချက်တွေ တင်ပြ ထား ပါတယ်။

ဒီအတွင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP နဲ့ ကုလအရင်းအနှီး ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေ UNCDF တို့ ပူးပေါင်းကောက်ယူခဲ့တဲ့ MAP ခေါ် သုတေသနအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသူ ၉၅ ရာခိုင်နှုန်းရဲ့ တစ်ရက်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာအောက် မှာသာ ရှိတယ်လို့ ဖေါ်ပြပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ငွေကြေးဝန်ဆောင်မှုအဆင့် အလွန်နိမ့်ကျနေတယ် လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဈေးကွက်ဟာ ငွေသားအပေါ်အလွန်အမင်း မှီခို နေတာကြောင့်၊ စီးပွားရေး လုပ်ကိုင်ဖို့ စရိတ်ကြီးမြင့်နေ ရကြောင်း၊ ဘဏ်လုပ် ငန်းတွေမှာ စာရွက်စာတမ်းတွေ အများအပြားလိုအပ်နေတာ ၊ ငွေချေးငှား နိုင်ဖို့ အတား အဆီးတွေ၊ စည်းမျဉ်းစည်းကမ်းတွေ များပြား လှတာကြောင့် ဈေး ကွက်တွေ ပေါ်ပေါက်လာဖို့ ခက်ခဲနေ ကြောင်း ဖေါ်ပြ ထားပါတယ်။

RFA Burmese

No comments:

Post a Comment