Tuesday 27 May 2014

ယူကရိန်း အစိုးရသစ် ခွဲထွက်ရေးသမားများအား ထိုးစစ်ဆင်

Photo: ယူကရိန်း အစိုးရသစ် ခွဲထွက်ရေးသမားများအား ထိုးစစ်ဆင်
နိုင်ငံတကာသတင်း 
Tuesday, May 27, 2014

- သမ္မတသစ် ရွေးကောက် တင်မြှောက်ပြီးနောက် တစ်ရက်အကြာ ယမန်နေ့က နိုင်ငံရှေ့ပိုင်း ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသည့် Donetsk မြို့ နိုင်ငံတကာ လေဆိပ်အား ယူကရိန်း စစ်တပ်က ကြီးမားသည့် ထိုးစစ်ဆင်မှုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုစစ်ဆင်ရေးတွင် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှုများလည်း ရှိခဲ့ပြီး မြေပြင်တပ်ဖွဲ့များကလည်း ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ သမ္မတသစ် ပိုရိုရှန်ကို မလာရောက်နိုင်ရန် ထိုလေဆိပ်အား  ခွဲထွက်ရေးသမားများက သိမ်းပိုက်ပြီး နာရီ အနည်းငယ်အကြာတွင် အစိုးရက တိုက်ခိုက်ခဲ့ခြင်ဖြစ်သည်။ Donetsk မြို့ အုပ်ချုပ်ရေးမှူးကမူ ပြည်သူများအား အိမ်အတွင်းတွင် နေကြရန် တိုက်တွန်းထားသည်။

ထိုတိုက်ခိုက်မှု ရပ်တန့်ရန် ရုရှားက တိုက်တွန်းခဲ့ပြီး ထိုလုပ်ရပ်မှာ ယူကရိန်းပြည်သူများအား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ တနင်္ဂနွေနေ့က ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရသော သမ္မတသစ် ပက်ထရို ပိုရိုရှန်ကိုက မိမိအနေဖြင့် ခွဲထွက်ရေးသများနှင့် ဆွေးနွေးမည်မဟုတ်ဘဲ ၎င်းတို့အား ချေမှုန်းသွားမည်ဟု ပြောကြားထားသည်။ ထို့ပြင် ခရိုင်းမီးယားအား ရုရှားမှ ကျူးကျော်မှုကိုလည်း လက်မခံဟု  ၎င်းက ဆိုသည်။

Ref:Agencies 
M-Media
သမ္မတသစ် ရွေးကောက် တင်မြှောက်ပြီးနောက် တစ်ရက်အကြာ ယမန်နေ့က နိုင်ငံရှေ့ပိုင်း ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသည့် Donetsk မြို့ နိုင်ငံတကာ လေဆိပ်အား ယူကရိန်း စစ်တပ်က ကြီးမားသည့် ထိုးစစ်ဆင်မှုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုစစ်ဆင်ရေးတွင် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှုများလည်း ရှိခဲ့ပြီး မြေပြင်တပ်ဖွဲ့များကလည်း ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ သမ္မတသစ် ပိုရိုရှန်ကို မလာရောက်နိုင်ရန် ထိုလေဆိပ်အား  ခွဲထွက်ရေးသမားများက သိမ်းပိုက်ပြီး နာရီ အနည်းငယ်အကြာတွင် အစိုးရက တိုက်ခိုက်ခဲ့ခြင်ဖြစ်သည်။ Donetsk မြို့ အုပ်ချုပ်ရေးမှူးကမူ ပြည်သူများအား အိမ်အတွင်းတွင် နေကြရန် တိုက်တွန်းထားသည်။

ထိုတိုက်ခိုက်မှု ရပ်တန့်ရန် ရုရှားက တိုက်တွန်းခဲ့ပြီး ထိုလုပ်ရပ်မှာ ယူကရိန်းပြည်သူများအား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ တနင်္ဂနွေနေ့က ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရသော သမ္မတသစ် ပက်ထရို ပိုရိုရှန်ကိုက မိမိအနေဖြင့် ခွဲထွက်ရေးသများနှင့် ဆွေးနွေးမည်မဟုတ်ဘဲ ၎င်းတို့အား ချေမှုန်းသွားမည်ဟု ပြောကြားထားသည်။ ထို့ပြင် ခရိုင်းမီးယားအား ရုရှားမှ ကျူးကျော်မှုကိုလည်း လက်မခံဟု  ၎င်းက ဆိုသည်။

Ref:Agencies 
M-Media

No comments:

Post a Comment