Tuesday 27 May 2014

ထိုင်းမှာ ညမထွက်ရအမိန့် ဖြေလျှော့

Photo: ထိုင်းမှာ ညမထွက်ရအမိန့် ဖြေလျှော့
Tuesday, May 27, 2014
 
ထိုင်း နိုင်ငံရဲ့ အာဏာသိမ်း စစ်ကောင်စီက ဒီကနေ့ မေလ ၂၇ ရက်နေ့က စတင်ပြီး ညမထွက်ရ အမိန့် ကို ဖြေလျှော့လိုက်တယ်လို့ ကြေညာပါတယ်။

အခုလို ဖြေလျှော့လိုက်တဲ့ အမိန့်အရ ထိုင်းနိုင်ငံတဝန်း ည ၁၂ နာရီကနေ နံနက် ၄ နာရီထိသာ ည မထွက် ရဆိုတဲ့ အမိန့်သစ်နဲ့ ဖြေလျှော့ ပေးလိုက်တာဖြစ်ပါတယ်။ 

မေလ ၂၂ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နေ့က ထုတ်ပြန်ထားခဲ့တဲ့ ညမထွက်ရ အမိန့်ကတော့ ည ၁ဝ နာရီကနေ မနက် ၅ နာရီထိ ဖြစ်ပါတယ်။  

ထိုင်း စီးပွားရေးလုပ်ငန်းရှင်တွေက ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တဲ့အတွက် ထိုင်း စီးပွားရေးမှာ ထိခိုက်မှုတွေအများကြီးရှိတယ်လို့ အာဏာသိမ်း စစ်ကောင်စီကို ပြောဆိုထားခဲ့ကြပါတယ်။ 

အခုလို ညမထွက်ရ အမိန့်ကို ဖြေလျှော့ ပေးလိုက်တဲ့ အတွက် ည ကလပ်တွေနဲ့ ညပိုင်း စီးပွားရှာရတဲ့ ထိုင်း အခြေခံ လူတန်းစားတွေနဲ့ ထိုင်းစီးပွားရေးသမားတွေလည်း အသက်ရှုချောင်သွားစေတာဖြစ်ပါတယ်။ 

ဒါပေမယ့် နိုင်ငံရေးအရ လူ ၅ ဦးထက် ပိုမစုရဆိုတဲ့ အမိန့်ကိုတော့ အခုထိ ဖြေလျှော့မပေးသေးပါဘူး။ 

 ဧရာဝတီ BLOG

 ချင်းမိုင်မြို့ ကျုံအနီး ချန်ဖာ့ခ် မုတ်အနီး ယမန်နေ့က စစ်တပ်က လုံခြုံရေးအပြည့်ယူထားစဉ်၊ 
ဓာတ်ပုံ- လင်းသန့်/ဧရာဝတီ

No comments:

Post a Comment