Tuesday 27 May 2014

မြန်မာ့ မီးရထား လမ်းပိုင်းများ၌ အသုံးပြုမည့် RBE ရထား တွဲများ ရောက်ရှိ

Photo: မြန်မာ့ မီးရထား လမ်းပိုင်းများ၌ အသုံးပြုမည့် RBE ရထား တွဲများ ရောက်ရှိ
Tuesday, May 27, 2014

မြန်မာ့ မီးရထား လမ်းပိုင်း၌ အားဖြည့် အသုံးပြုမည့် RBE ရထားတွဲ ၂ဝ တင်ဆောင် ထားသော သင်္ဘောသည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ အပြည်ပြည် ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာရာ အဆိုပါ ရထားတွဲများကို INDUSTRIAL DART သင်္ဘောပေါ်မှ ဆိပ်ကမ်းသို့ စတင်ချယူ ကြသည်။

ယခု ရောက်ရှိလာသော RBE ရထားတွဲများတွင် Air Con ပါ ၁ဝတွဲနှင့် ရိုးရိုးတွဲ ၁ဝတွဲဖြစ်ပြီး ဂျပန်နိုင်ငံ West Corporation ၏ Yokohama နှင့် Muroran ဆိပ်ကမ်း တို့မှ မြန်မာ နိုင်ငံသို့ ပေးပို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ယခင် RBE ရထားများ ဝယ်ယူထားမှု အခြေအနေမှာ ၁၆၆စင်း ရှိပြီဖြစ်ပြီး Air Con တွဲများအနေဖြင့် ရန်ကုန်မြို့ပတ်ရထားလိုင်းတွင် တစ်ဆိုင်းနှင့် ရန်ကုန်- ကျိုက်ထို ကျိုက်ထီးရိုး ဘုရားဖူး ရထားလိုင်းတွင် တစ်ဆိုင်း ပြေးဆွဲလျက်ရှိရာ ပြည်သူလူထု အထူး ကြိုက်နှစ်သက်လျက် ရှိကြောင်းသိ ရသည်။

အခြားသော RBE ရထားတွဲဆိုင်းများကို မြန်မာ့ မီးရထား ခရီးတို တွဲဆိုင်းများတွင် ပြေးဆွဲလျက်ရှိပြီး ယခုရောက်ရှိ လာသော ရထားတွဲဆိုင်း များကိုလည်း ပြည်သူ လူထု ကြိုက်နှစ်သက်သော လမ်းပိုင်း၌ ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချယူနေမှု အခြေအနေကို ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment