Tuesday 27 May 2014

ထိုင်းသတင်းထောက်များ ဖမ်းဆီးခံရခြင်းကို စိုးရိမ်ကြောင်း MJNကြေငြာချက်ထုတ်

ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းကြောင်း မေလ ၂၂ရက်က ကြေငြာခဲ့ပြီးနောက်တွင် သတင်းစာ ဆရာ ၁၈ဦးကို ထိန်းသိမ်း လိုက်သည့် အတွက် မြန်မာဂျာနယ်လစ်ကွန်ယက် (MJN)က မေလ ၂၇ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

"ထိုင်းနိုင်ငံအတွက် အရေးကြီးသည့် ကာလမျိုးတွင် ပြည်သူ၏ နားမျက်စိသဖွယ် ဖြစ်သည့် သတင်းစာ ဆရာများကိုထိန်သိမ်းခြင်း၊ သတင်းမီဒီယာအချို့ကို ဆိုင်းငံ့ခြင်းများသည် ထိုင်းနိုင်ငံသတင်း လောက အတွက်သာမက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အာဆီယံနိုင်ငံများ အတွက်ပါ ကောင်းမွန်သည့် လက္ခဏာ မဟုတ်" ဟု MJNကဆိုသည်။

ထို့ပြင် ထိုင်းအမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု ထိန်းသိမ်းရေး ကောင်စီ အနေဖြင့် ထိုင်းနိုင်ငံမှ သတင်းစာဆရာများအား ထိန်းသိမ်းထားခြင်းကို အမြန်ဆုံး ရပ်ဆိုင်းရန်လည်း MJNက တိုက်တွန်းလိုက် သည်။

Mizzima - News in Burmese

No comments:

Post a Comment