Tuesday 27 May 2014

အဖြစ် များသော ဒဏ်ရာများ အတွက် ရှေးဦး ပြုစု နည်းများ

Photo: အဖြစ် များသော ဒဏ်ရာများ အတွက် ရှေးဦး ပြုစု နည်းများ
Tuesday, May 27, 2014

အရေး ပေါ် ကျန်းမာ ရေး အခြေအ နေ အတွက် ဘယ်လို ကုသ ရမယ် ဆိုတာ သိပါ သလား။ အရေးပေါ်အခြေအနေ ဖြစ်လာချိန်မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေတတ် ပါသလား။ အရေးပေါ် အခြေအနေတွေ အတွက် သိထားသင့်တဲ့ ရှေးဦးပြုစုနည်း တွေကို ရေးသားလိုက်ရပါတယ်။ 

(၁) အရေပြားနီမြန်းခြင်း
အရင်က အရေပြားယားယံနီမြန်း တာမျိုး ဖြစ်ဖူးရင် သက်သောင့်သက်သာ မဖြစ်တာကို သိနားလည်ပါလိမ့်မယ်။ ကံ ကောင်းတဲ့အချက်က အရေပြားနီမြန်း ယားယံနေရင် ဟိုက်ဒရိုကော်တီဇုန်းခ ရင်မ် (Hydrocortisone Cream) ကို လိမ်းပေးနိုင်ပါတယ်။ အဲဒီခရင်မ်ဟာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး အရေပြား နီမြန်းတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ် တာနဲ့ ရောင်ရမ်းတာတွေကို သက်သာ စေနိုင်ပါတယ်။ 

(၂) အဆိပ်သင့်ခြင်း
အဆိပ်ရှိတဲ့ အရာတိုင်းကို ဦးခေါင်း ခွံအား ကြက်ခြေခတ်ပြီး ဖော်ပြထားလေ့ မရှိပါဘူး။ ဒါကြောင့် မတော်တဆအဆိပ် သင့်မှုဖြစ်ခဲ့ပြီဆိုရင် Ipecac Syrup ကို ဆောင်ထားပါ။ အန်အောင် လှုံ့ဆော်ပေး နိုင်တာကြောင့် အဆိပ်တွေ ထွက်သွား နိုင်ပါတယ်။ 

(၃) အင်းဆက်ကိုက်ခြင်း
အင်းဆက်တွေက ပူတဲ့ အချိန်တွေ မှာ ပိုပေါတတ်ပါတယ်။ အင်းဆက်အ ကိုက်ခံရရင် လူအများစုမှာ သေးငယ်ပြီး ယားယံတဲ့ အဖုသေးတစ်ခု ထွက်လာ တတ်ပါတယ်။ အင်းဆက်ကိုက်တာက မပြင်းထန်ဘူးဆိုရင် ဒဏ်ရာပေါ် ရေခဲ ဝတ်ကပ်ပေးရုံနဲ့ ရောင်ရမ်းနာကျင်မှု လျော့ ကျစေနိုင်ပါတယ်။ ဟစ်စတာမင်းဆန့် ကျင်ဆေး (Anti-histamine pill) ကို သောက်ရင် ယားယံတာ သက်သာပြီး အိပ်မောကျသွားပါလိမ့်မယ်။ အင်းဆက် နဲ့ ဓာတ်မတည့်မှု ဖြစ်တတ်တဲ့သူတွေ အင်း ဆက်အကိုက်ခံရရင် ပိုဆိုးစေနိုင်ပါတယ်။ လက္ခဏာအနေနဲ့ ပူတာ၊ မျက်နှာရဲတာ၊ အသက်ရှူရခက်တာ၊ ရင်ဘတ်ထဲ တင်း ကျပ်နေတာ စတဲ့ လက္ခဏာတွေ ခံစားရ တတ်ပါတယ်။ ဒါဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပြ သင့်ပါတယ်။ 

(၄) ဝမ်းပျက်ဝမ်းလျှောခြင်း
လူတိုင်း ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင် ပါတယ်။ ဝမ်းပိတ်ဆေးတွေ ရှိပေမယ့် အလွန်ပြင်းထန်တဲ့ ဝမ်းလျှောတဲ့အခြေ အနေမှသာ သုံးသင့်ပါတယ်။ ဝမ်းလျှော နေရင် ကုန်ဆုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ် ဆားတွေ ပြန်လည်ဖြည့်တင်းနိုင်စေဖို့ ဓာတ်ဆားရည်ကို သောက်ပေးပါ။ 

(၅) သွားကိုက်ခြင်း
သွားကိုက်နေရင် လေးညှင်းဆီကို ကိုက်တဲ့ သွားနေရာပေါ် သုတ်လိမ်းပေး ပါက ကိုက်ခဲနာကျင်မှု သက်သာစေနိုင် ပါတယ်။ ဂွမ်းစကို လေးညှင်းဆီထဲဆွတ် ပြီး နာကျင်တဲ့ သွားနေရာပေါ် တင်ပေး ပါ။ ဆားရေနွေးနဲ့ ပလုတ်ကျင်းပေးတာ ကလည်း ရောင်ရမ်းနာကျင်မှုကို လျော့ ပါးစေနိုင်ပါတယ်။ 

(၆) အရေပြားစုတ်ပြဲခြင်း
အရေပြားစုတ်ပြဲဒဏ်ရာက နာ ကျင်မှုကို မဖြစ်စေနိုင်ပေမယ့် ကူးစက်ပိုး ဝင်တာနဲ့ ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါ တယ်။ အရေပြားထဲ အမှိုက်တွေရှိ၊ မရှိ အရင်စစ်ဆေးကြည့်ရှူပြီး ဖယ်ရှားပါ။ ပြီး ရင် ရေနဲ့ ဆပ်ပြာသုံးပြီး ဆေးကြောပေး ပါ။ 

(၇) လျှပ်စစ်ရှော့ခ်ရခြင်း
လျှပ်စစ်ရှော့ခ်ရတာကြောင့် အရေ ပြားမီးလောင်ကာ အရေးပေါ် ဆေးကုသ ဖို့ လိုအပ်နေနိုင်ပါတယ်။ ဆေးရုံ၊ ဆေး ခန်းမရောက်ခင်မှာ လုပ်သင့်တဲ့ အရေး ပေါ်ကုထုံးက မီးလောင်ဒဏ်ရာပေါ်မှာ ရေအေးလောင်းချတာ၊ ပဋိဇီဝပိုးသတ် ဆေးလိမ်းဆေးလိမ်းပေးတာတွေကို ပြု လုပ်ပေးပါ။ 

(၈) နေလောင်ခြင်း
နေလောင်တာကြောင့် အရေပြား နာကျင်နီမြန်းမှု ခံစားရရင် ရေအေးဝတ် ဖိပေးတာ၊ နို့အေးသုတ်လိမ်းပေးတာတွေ ကို ပြုလုပ်ပေးပါ။ တစ်နေ့မှာ သုံးကြိမ်လေး ကြိမ်လောက် မိနစ် ၂၀ ခြားပြီး လုပ် ပေးနိုင်ပါတယ်။ ရောင်ရမ်းနီမြန်းမှု သက် သာစေဖို့ (အရွယ်ရောက်သူဖြစ်ရင်) အက်စ်ပရင်ဆေးကို သောက်ပေးနိုင်ပါ တယ်။ 

(၉) အဆစ်လွဲခြင်း
လက်ကို ချိုးလိမ်တာ၊ ဆွဲလိုက်တာ၊ မတော်တဆထိခိုက်မိတာနဲ့ အဆစ်လွဲ တာတွေ ဖြစ်ရင် နာကျင်ရတတ်ပါတယ်။ အဲဒီအခါ နာကျင်မှု သက်သာအောင် ရေခဲဝတ်ကပ်ပေးပြီး အကိုက်အခဲပျောက် ဆေးနဲ့ ရောင်ရမ်းမှုတားဆေးတွေကို မှီ ဝဲသင့်ပါတယ်။ အဆစ်နာမှုအများစုအ တွက် PRINCE ဆိုတဲ့ စကားလုံးကို မှတ်ထားသင့်ပါတယ်။ ဖြစ်တဲ့နေရာကို မထိခိုက်အောင် ကာကွယ်ပါ (Protect) အနားယူပါ (Rest)၊ ရေခဲကပ်ပါ (Ice)၊ ကိုက်ခဲရောင်ရမ်းမှုကျဆေး သောက်ပါ (NSAIDs)၊ ဖိထားပါ (Compress)၊ မြှင့်ထားပါ (Elevate)ဆိုတဲ့နည်းတွေ ကိုလိုက်နာရင် အမြန်အနာကျက်စေနိုင် ပါတယ်။ 

Good Health
အရေး ပေါ် ကျန်းမာ ရေး အခြေအ နေ အတွက် ဘယ်လို ကုသ ရမယ် ဆိုတာ သိပါ သလား။ အရေးပေါ်အခြေအနေ ဖြစ်လာချိန်မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေတတ် ပါသလား။ အရေးပေါ် အခြေအနေတွေ အတွက် သိထားသင့်တဲ့ ရှေးဦးပြုစုနည်း တွေကို ရေးသားလိုက်ရပါတယ်။ 

(၁) အရေပြားနီမြန်းခြင်း
အရင်က အရေပြားယားယံနီမြန်းတာမျိုး ဖြစ်ဖူးရင် သက်သောင့်သက်သာ မဖြစ်တာကို သိနားလည် ပါလိမ့်မယ်။ ကံ ကောင်းတဲ့အချက်က အရေပြားနီမြန်း ယားယံနေရင် ဟိုက်ဒရိုကော်တီဇုန်းခ ရင်မ် (Hydrocortisone Cream) ကို လိမ်းပေးနိုင်ပါတယ်။ အဲဒီခရင်မ်ဟာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး အရေပြား နီမြန်းတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ် တာနဲ့ ရောင်ရမ်းတာတွေကို သက်သာ စေနိုင်ပါတယ်။ 

(၂) အဆိပ်သင့်ခြင်း
အဆိပ်ရှိတဲ့ အရာတိုင်းကို ဦးခေါင်း ခွံအား ကြက်ခြေခတ်ပြီး ဖော်ပြထားလေ့ မရှိပါဘူး။ ဒါကြောင့် မတော် တဆ အဆိပ် သင့်မှုဖြစ်ခဲ့ပြီဆိုရင် Ipecac Syrup ကို ဆောင်ထားပါ။ အန်အောင် လှုံ့ဆော်ပေး နိုင်တာ ကြောင့် အဆိပ်တွေ ထွက်သွား နိုင်ပါတယ်။ 

(၃) အင်းဆက်ကိုက်ခြင်း
အင်းဆက်တွေက ပူတဲ့ အချိန်တွေ မှာ ပိုပေါတတ်ပါတယ်။ အင်းဆက်အ ကိုက်ခံရရင် လူအများစုမှာ သေး ငယ်ပြီး ယားယံတဲ့ အဖုသေးတစ်ခု ထွက်လာ တတ်ပါတယ်။ အင်းဆက်ကိုက်တာက မပြင်းထန်ဘူးဆိုရင် ဒဏ်ရာပေါ် ရေခဲ ဝတ်ကပ်ပေးရုံနဲ့ ရောင်ရမ်းနာကျင်မှု လျော့ ကျစေနိုင်ပါတယ်။ ဟစ်စတာမင်းဆန့် ကျင်ဆေး (Anti-histamine pill) ကို သောက်ရင် ယားယံတာ သက်သာပြီး အိပ်မောကျသွားပါလိမ့်မယ်။ အင်းဆက် နဲ့ ဓာတ်မတည့်မှု ဖြစ်တတ်တဲ့သူတွေ အင်း ဆက်အကိုက်ခံရရင် ပိုဆိုးစေနိုင်ပါတယ်။ လက္ခဏာအနေနဲ့ ပူတာ၊ မျက်နှာရဲတာ၊ အသက်ရှူရခက်တာ၊ ရင်ဘတ်ထဲ တင်း ကျပ်နေတာ စတဲ့ လက္ခဏာတွေ ခံစားရ တတ်ပါတယ်။ ဒါဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပြ သင့်ပါတယ်။ 

(၄) ဝမ်းပျက်ဝမ်းလျှောခြင်း
လူတိုင်း ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင် ပါတယ်။ ဝမ်းပိတ်ဆေးတွေ ရှိပေမယ့် အလွန်ပြင်းထန်တဲ့ ဝမ်းလျှောတဲ့ အခြေ အနေမှသာ သုံးသင့်ပါတယ်။ ဝမ်းလျှော နေရင် ကုန်ဆုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ် ဆားတွေ ပြန်လည်ဖြည့် တင်းနိုင်စေဖို့ ဓာတ်ဆားရည်ကို သောက်ပေးပါ။ 

(၅) သွားကိုက်ခြင်း
သွားကိုက်နေရင် လေးညှင်းဆီကို ကိုက်တဲ့ သွားနေရာပေါ် သုတ်လိမ်းပေး ပါက ကိုက်ခဲနာကျင်မှု သက်သာ စေနိုင် ပါတယ်။ ဂွမ်းစကို လေးညှင်းဆီထဲဆွတ် ပြီး နာကျင်တဲ့ သွားနေရာပေါ် တင်ပေး ပါ။ ဆားရေနွေးနဲ့ ပလုတ်ကျင်းပေးတာ ကလည်း ရောင်ရမ်းနာကျင်မှုကို လျော့ ပါးစေနိုင်ပါတယ်။ 

(၆) အရေပြားစုတ်ပြဲခြင်း
အရေပြားစုတ်ပြဲဒဏ်ရာက နာ ကျင်မှုကို မဖြစ်စေနိုင်ပေမယ့် ကူးစက်ပိုး ဝင်တာနဲ့ ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါ တယ်။ အရေပြားထဲ အမှိုက်တွေရှိ၊ မရှိ အရင်စစ်ဆေးကြည့်ရှူပြီး ဖယ်ရှားပါ။ ပြီး ရင် ရေနဲ့ ဆပ်ပြာသုံးပြီး ဆေးကြောပေး ပါ။ 

(၇) လျှပ်စစ်ရှော့ခ်ရခြင်း
လျှပ်စစ်ရှော့ခ်ရတာကြောင့် အရေ ပြားမီးလောင်ကာ အရေးပေါ် ဆေးကုသ ဖို့ လိုအပ်နေနိုင်ပါတယ်။ ဆေးရုံ၊ ဆေး ခန်းမရောက်ခင်မှာ လုပ်သင့်တဲ့ အရေး ပေါ်ကုထုံးက မီးလောင်ဒဏ်ရာပေါ်မှာ ရေအေးလောင်းချတာ၊ ပဋိဇီဝပိုးသတ် ဆေးလိမ်းဆေးလိမ်းပေးတာတွေကို ပြု လုပ်ပေးပါ။ 

(၈) နေလောင်ခြင်း
နေလောင်တာကြောင့် အရေပြား နာကျင်နီမြန်းမှု ခံစားရရင် ရေအေးဝတ် ဖိပေးတာ၊ နို့အေးသုတ်လိမ်းပေးတာတွေ ကို ပြုလုပ်ပေးပါ။ တစ်နေ့မှာ သုံးကြိမ်လေး ကြိမ်လောက် မိနစ် ၂၀ ခြားပြီး လုပ် ပေးနိုင်ပါတယ်။ ရောင်ရမ်းနီမြန်းမှု သက် သာစေဖို့ (အရွယ်ရောက်သူဖြစ်ရင်) အက်စ်ပရင်ဆေးကို သောက်ပေးနိုင်ပါ တယ်။ 

(၉) အဆစ်လွဲခြင်း
လက်ကို ချိုးလိမ်တာ၊ ဆွဲလိုက်တာ၊ မတော်တဆထိခိုက်မိတာနဲ့ အဆစ်လွဲ တာတွေ ဖြစ်ရင် နာကျင်ရတတ် ပါတယ်။ အဲဒီအခါ နာကျင်မှု သက်သာအောင် ရေခဲဝတ်ကပ်ပေးပြီး အကိုက်အခဲပျောက် ဆေးနဲ့ ရောင်ရမ်းမှုတားဆေးတွေကို မှီ ဝဲသင့်ပါတယ်။ အဆစ်နာမှုအများစုအ တွက် PRINCE ဆိုတဲ့ စကားလုံးကို မှတ်ထားသင့်ပါတယ်။ ဖြစ်တဲ့နေရာကို မထိခိုက်အောင် ကာကွယ်ပါ (Protect) အနားယူပါ (Rest)၊ ရေခဲကပ်ပါ (Ice)၊ ကိုက်ခဲရောင်ရမ်းမှုကျဆေး သောက်ပါ (NSAIDs)၊ ဖိထားပါ (Compress)၊ မြှင့်ထားပါ (Elevate)ဆိုတဲ့နည်းတွေ ကိုလိုက်နာရင် အမြန်အနာကျက်စေနိုင် ပါတယ်။ 

Good Health

No comments:

Post a Comment