Tuesday 27 May 2014

ထိုင်းတော်ဝင်မင်းသမီး ကိုယ်အပေါ်ပိုင်းဗလာနဲ့ G-String ဝတ်ပုံတွေ ပေါ်ထွက် video ဖိုင်ကိုလည်း youtube မှာ ပြန့် နှံ့ 

ပီးခဲ့တဲ့ ဆယ်နှစ်က ထိုင်းတော်ဝင်မင်းသား Maha ၏ ကြင်ယာတော် တော်ဝင်မင်းသမီး Srirasmi ၏ ကိုယ်အပေါ်ပိုင်းဗလာနဲ့ G-String ဝတ်ပုံတွေဟာ ထိုင်းစစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။

ပေါ်ထွက်လာသော ထိုဗွီဒီယိုဖိုင်အတွင်းဝယ် မင်းသမီး Srirasmi က အပေါ်ပိုင်းတွင် ဘာမှမဝတ်ထားဘဲ အောက်ပိုင်းက G-String သေးသေးကလေးဖြင့် ၎င်းတို့၏ ချစ်လှစွာသော ခွေးကလေး Foo Foo ကို မင်းသားက ချီထား၍ ၎င်းတို့နှစ်ဦးက ခွေးကလေးကို မွေးနေ့သီချင်းဆိုပေးခဲ့သော ဗွီဒီယိုဖိုင်ဖြစ်ကြောင်း သိရသည်။

ဗွီဒီယိုဖိုင်ထဲတွင် မင်းသမီးက ခွေးစာခွက်ထဲမှ ကိတ်မုန့်ကို ကိုယ်တစောင်းလှဲ၍ ကုန်းကိုက်စားခဲ့သည်ဟု လည်း သိရသည်။

၂၀၀၁ခုနှစ်က ထိုင်းတော်ဝင်မင်းသားနှင့် လက်ထပ်ထိမ်းမြားခဲ့သော တော်ဝင်မင်းသမီး Srirasmi ဟာ ယခင်က စားပွဲထိုးအလုပ် လုပ်ကိုင်ခဲ့ဖူးကြောင်း သိရပြီး ထိုင်းတော်ဝင်မင်းသား Maha က ၎င်း၏ အရင်အိမ်ထောင်မှ ရသော သားလေးယောက်ကို ၁၉၉၆ခုနှစ်က ၎င်းကိုယ်တိုင် ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

ဖခင်က ပြည်နှင်ဒဏ်ပေးခြင်းခံရသော သားလေးယောက်ဟာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက် ရှိကြောင်း သိရသည်။

အကြောအားနည်းပြီး ခြေတုန် ၊ လက်တုန် ရောဂါဝေဒနာကို ခံစားနေရသော အသက်(၈၆)နှစ်အရွယ် ထိုင်းဘုရင်ကြီး Bhumibol Adulyadej ဟာ ထိုင်းစစ်တပ်က မာရှယ်လောထုတ်ပြန်ခဲ့သည့် အချိန်မှစ၍ လူအများမြင်ကွင်းမှ ပျောက်ကွယ်နေကြောင်း သိရသည်။

သား ငယ်
video Link:www.youtube.com/watch?v=d1gry1MizBk
ကောင်းထက်

No comments:

Post a Comment